images
UN
UN
အစုအဖွဲ့ရှစ်ဖွဲ့တွင် အသင်းဝင်ရောက်ခြင်းမရှိသောခရီးသည်တင်ယာဉ်များ ပြေးဆွဲပါက မော်တော်ယာဉ်ကို နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းမည်
Monday, 09 January 2017
ယခုလ ၁၆ ရက်တွင်စတင် ပြေးဆွဲမည်ဖြစ်သော အများပိုင် ဘတ်စ်ကားများအနေဖြင့် ယာဉ် လိုင်းပိုင်ရှင်များစုဖွဲ့ထားသော အစု အဖွဲ့ရှစ်ခုတွင် အသင်းဝင်ရောက် ထားခြင်းမရှိဘဲ ခရီးသည်တင် ယာဉ်များပြေးဆွဲပါက မော်တော် ယာဉ်ကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူသွားမည်ဖြစ်ကြောင်းအများ ပိုင်ဘတ်စ်ကားယာဉ်ပိုင်ရှင်များထံ မှသိရသည်။
အများပိုင်ယာဉ်လိုင်းပြေး ဆွဲမည့် ခရီးသည်တင်မော် တော်ယာဉ်များအနေဖြင့်မိမိတို့ ပြေးဆွဲလိုသောလမ်ကြောင်း များကို ယခုလ ၇ ရက်မှ၁ဝ ရက်အတွင်းလျှောက်လွှာတင် ရန်ခေါ်ယူထားပြီး ဖြစ်သည်။ ယင်းကဲ့သို့လျှောက်လွှာတင် ထားခြင်းမရှိဘဲ ယခုလ ၁၆ ရက်တွင် ခရီးသည်တင်ပြေး ဆွဲမည်ဆိုပါက မော်တော် ယာဉ်ကို နိုင်ငံတော်ဘဏ္ဍာ အဖြစ်သိမ်းဆည်းသည်အထိ ဖမ်းဆီးအရေးယူသွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသ ကြီးသယ်ယူပို့ဆောင်ရေးကြီး ကြပ်မှုအာဏာပိုင်အဖွဲ့က ထုတ်ပြန်ကြေညာထားရှိပြီး ဖြစ်ကြောင်း သိရသည်။
''ယခုလ ၁၆ ရက်မှာ ပြေးဆွဲမယ့်အများပိုင်ယာဉ် လိုင်းတွေမှာ ၉၅ မော်ဒယ် အောက်ကားတွေ မပါဘူး။ ဥပမာ ဒိုင်နာတို့၊ ဘီအမ်တို့ ပြေးဆွဲလို့မရဘူး။ နောက်အစု အဖွဲ့ရှစ်ဖွဲ့မှာ အသင်းဝင်ထား ခြင်းမရှိရင်လည်းလမ်းကြောင်း ပေါ်တက်ပြီး ပြေးဆွဲခွင့်မရှိ ဘူး။ ပြေးဆွဲရင် မော်တော် ယာဉ်ကို နိုင်ငံတော်ဘဏ္ဍာ အဖြစ်သိမ်းယူသွားမယ်''ဟု အနာဂတ်အများပြည်သူခရီး သည်သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီ လီမိတက် ၏ ဥပဒေအကြံပေး ဦးတင် မောင်ထွဋ်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး တွင်ယခုလ ၁၆ရက်မှစတင် ပြေးဆွဲမည့် လမ်းကြောင်း ၅၇ ခုတွင် လမ်းကြောင်းပြေး ဆွဲလိုကြောင်း လျှောက်လွှာ တင်သည့် ယာဉ်ပိုင်ရှင် ဆယ် ဂဏန်းမျှသာရှိကြောင်းလည်း ယာဉ်ပိုင်ရှင်များထံမှသိရသည်။
အုတ်ကျော်ဟိန်း