images
UN
UN
၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကျင်းပ
ဝင်းမြင့်(နတ်တလင်း) Tuesday, 10 January 2017
ပဲခူးတိုင်းဒေသကြီး နတ်တ လင်းမြို့နယ်တွင် ၂ဝ၁၆-၂ဝ၁၇ ခုနှစ် မြို့နယ်အဆင့်ပညာရေးစုံညီ ပွဲတော်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက နတ်တလင်းမြို့ အခြေခံပညာအထက်တန်းကျောင်း မနောဟဒယခန်းမ၌ ကျင်းပ သည်။
ရှေးဦးစွာ မြို့မအခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်း သားကျောင်းသူများက မြန်မာ့ ကျောင်းသီချင်းဖြင့် ဖျော်ဖြေတင် ဆက်ပြီး မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဇေဝဏ္ဍလှိုင်နှင့် မြို့နယ် ပညာရေးမှူး ဦးသန်းရှိန်တို့က အမှာစကားများပြောကြားသည်။ ဆက်လက်၍ ၂ဝ၁၆-၂ဝ၁၇ပညာ သင်နှစ်အတွင်း အကောင်းဆုံးဆုရ ကျောင်းများ၊တိုင်းဒေသကြီးအဆင့်၊ မြို့နယ်အဆင့်ဆုရ ဆရာဆရာမ များ၊ ဘာသာရပ်ဆိုင်ရာ ဆုရ ကျောင်းသားကျောင်းသူများ၊ အား ကစားဆုရ ကျောင်းသားကျောင်း သူများအား သက်ဆိုင်ရာတာဝန်ရှိ သူအသီးသီးမှ ဆုများပေးအပ်ချီး မြှင့်ခဲ့ကြောင်း သိရသည်။