images
UN
UN
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် တစ်ညတည်းယာဉ်တိုက်မှုနှစ်ကြိမ်ဖြစ်ပွား
ဖြိုးကိုလင်း(ညောင်ဝိုင်း) Tuesday, 10 January 2017
ရန်ကုန်-မန္တလေးအမြန်လမ်းမ ကြီးပေါ်တွင် ယမန်နေ့ညပိုင်းက ယာဉ်မတော်တဆမှုနှစ်ကြိမ်ဖြစ် ပွားခဲ့ရာ တစ်ဦးမှာပြင်းထန်ဒဏ် ရာရရှိခဲ့ပြီး ယာဉ်မောင်းတစ်ဦး ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်များမှာ ယမန်နေ့ည ၉ နာရီ ၄၅မိနစ်ခန့်က ရေတာရှည် မြို့နယ် သာဂရအမြန်လမ်းမကြီး ရဲစခန်းအပိုင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၇ဝ ၇ ဖာလုံနှင့် ၁၇၁ မိုင် ဝ ဖာလုံ အကြားတွင် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ)မောင်းနှင်လာသော 1G/----NISSAN LIBERTY နီညို ရောင်ယာဉ်မှာ ယာဘက်နောက် ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအားကျော်တက်ကာ တစ်ဖက်ယာဉ်ကြောပေါ်သို့ရောက် ရှိတိမ်းမှောက်သွားခဲ့ကြောင်း၊ယာဉ် မတော်တဆမှုဖြစ်ပွားကြောင်း သတင်းအရ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာယာဉ်မောင်း မှာအခင်းဖြစ်နေရာမှထွက်ပြေးတိမ်း ရှောင်သွားခဲ့ပြီး ယာဉ်ပေါ်လိုက်ပါ သူဦးမောင်လွင် (၄၅နှစ်)သာဂရမြို့ နေသူတွင် ဦးခေါင်းထိပ်ပေါက်ပြဲ၊ ဝဲမျက်ခုံးပေါက်ပြဲ၊ ဝဲလက်မောင်း ဖူးရောင်ဒဏ်ရာ (စိုးရိမ်ရ)ရရှိသွား ခဲ့ရာ ရေတာရှည်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရပြီး ဒဏ်ရာပြင်း ထန်သော အခြေအနေကြောင့် တောင်ငူဆေးရုံကြီးသို့ လွှဲပြောင်း ကုသထားကြောင်း သာဂရအမြန် လမ်းမကြီးရဲစခန်းမှသိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ထွက် ပြေးတိမ်းရှောင်လျက်ရှိသည့် ယာဉ် မောင်း(စုံစမ်းဆဲ)အား သာဂရ အမြန်လမ်းမကြီးရဲစခန်းမှ ယာဉ် (ပ)၁/၂ဝ၁၇၊ပြစ်မှုပုဒ်မ၃၃၈/၂ဝ၂ အရအမှုဖွင့်ထားပြီး ယာဉ်မောင်း အားဖမ်းဆီးရမိရေးစစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အတူ ယမန်နေ့ ည ၈ နာရီ ခွဲခန့်ကလည်း ပျော်ဘွယ်မြို့နယ် ပေပင်လေးအမြန်လမ်းမကြီးရဲစခန်း အပိုင်တွင် နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ကျော်လွင်ဦး(၃၅နှစ်)ပင်လုံရပ်ကွက် ကလေးမြို့နေသူမောင်းနှင်လာသော ရွှေလွင်ပြင် ခရီးသည်တင်ခဲရောင် ယာဉ်မှာ ရန်ကုန်-မန္တလေး အမြန် လမ်းမိုင်တိုင် အမှတ် ၂၄၈ မိုင် ၇ ဖာလုံအနီးသို့အရောက်တွင် စက်ချွတ်ယွင်း၍ ကွန်ကရစ်လမ်း စပ်၌ ရပ်ထားသောယာဉ် မောင်း မျိုးခိုင် (၃၇နှစ်) အမှတ် ၁၈ ဗိုလ် ချုပ်လမ်းပေါင်းလောင်းစင်ရပ်ကွက် ပခုက္ကူမြို့နေသူ မောင်းနှင်သော ODYSSEY့ အဖြူရောင်မော်တော် ယာဉ်၏ နောက်ပိုင်းအား ဝင်တိုက် မိခဲ့ကြောင်း နေပြည်တော်အမြန် လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှတ်တမ်း အရ သိရသည်။
အဆိုပါယာဉ်မတော်တဆမှု ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိ ခြင်းမရှိကြောင်း၊ဖြစ်စဉ်နှင့်ပတ်သက် ၍ရွှေလွင်ပြင်ခရီးသည်တင်ခဲရောင် ယာဉ်မောင်း ကျော်လွင်ဦးအား ပေပင်လေးအမြန်လမ်းမကြီးရဲစခန်း မှ ယာဉ် (ပ)၁/၂ဝ၁၇၊ ပြစ်မှုပုဒ်မ ၂၇၉ အရလည်းကောင်း၊ အမြန် လမ်းမကြီးပေါ် ရပ်နားထားသည့် ODYSSEY ယာဉ်မောင်းမျိုးခိုင် အား ယာဉ်(ပ)၂/၂ဝ၁၇၊ပြစ်မှုပုဒ်မ ၁၉ အရလည်းကောင်း အသီးသီး အမှု ဖွင့်အရေးယူဆောင်ရွက်ထား ကြောင်းသိရသည်။