images
UN
UN
မြိတ်မြို့တွင် ပုဂ္ဂလိကကျောင်းများ၌ ကျောင်းသားအများဆုံးတက်ရောက်နေ
Dawei Watch Tuesday, 10 January 2017
ယခုနှစ် ပညာသင်နှစ်တွင် တနင်္သာရီတိုင်းအတွင်းရှိ ပုဂ္ဂလိက ကျောင်းများတွင် ကျောင်းသား ၃ဝဝဝ ခန့် ပညာသင်ကြားလျက် ရှိပြီး မြိတ်မြို့နယ်တွင် အများဆုံး ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ သိရသည်။
တိုင်းအတွင်းရှိ ပုဂ္ဂလိက ကျောင်းငါးကျောင်းတွင် ထားဝယ် မြို့နယ်တွင် ၁ဝ၄ ဦး၊ မြိတ်မြို့ နယ်တွင်၂၇၆၁ဦးနှင့်ကော့သောင်း မြို့နယ်တွင် ၁၃၄ ဦး စုစုပေါင်း ၂၉၉၉ ဦးရှိကြောင်း ယင်းရုံးမှ သိရသည်။''အစိုးရစစ်ဖြေရမယ့် အတန်းတွေကတော့ စာစစ်ဦးစီး ဌာနက သတ်မှတ်တဲ့စာစစ်ဌာန မှာပဲဖြေရမယ်။ ကျန်တဲ့အတန်း တွေကတော့ ကိုယ်ပိုင်မေးခွန်း မေးခွင့်ရှိတယ်''ဟု တိုင်းပညာရေး မှူးက ပြောသည်။
နိုင်ငံတကာစံမီသည့် သင် ကြားရေးစနစ်ဖြင့် သွားရန်အတွက် သင်ကြားရေး ဆရာရှားပါးသည့် အခက်အခဲရှိလာကြောင်း ထား ဝယ်မြို့တွင် ဖွင့်လှစ်ထားသည့် ပညာ့ဥယျာဉ်ကိုယ်ပိုင်အထက်တန်း ကျောင်းမှအမှုဆောင်ဒါရိုက်တာ ဦးအောင်ဇော်ဟိန်းက ဆိုသည်။
တိုင်းဒေသကြီးအတွင်း ပုဂ္ဂလိက ကျောင်းများကို ထားဝယ်မြို့နယ် တွင်တစ်ကျောင်း၊ မြိတ်မြို့နယ်တွင် နှစ်ကျောင်းနှင့် ကော့သောင်းမြို့ နယ်တွင်နှစ်ကျောင်းဖွင့်လှစ်ထား သည်။