images
UN
UN
ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၇၃အနီး ဒိုက်ဦးမြို့နယ်အတွင်း သစ်တောရဲတပ်ဖွဲ့က တရားမဝင်သစ်များဖမ်းဆီး
ကိုကိုလွင် Tuesday, 10 January 2017
ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်း ဒိုက်ဦးမြို့နယ် ရန်ကုန် -မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၇၃/၁ အနီး တရားမဝင်သစ်ငါးတန်ကျော် ကိုတင်ဆောင်ထားသည့် မော်တော် ယာဉ်တစ်စီးအားလည်းကောင်း၊ ဒိုက်ဦးမြို့နယ် ဒရယ်မီးကားလမ်းမ ပေါ် လယ်ကျားမြောင်ကျေးရွာနေ အိမ်ခြံဝင်းအတွင်းရှိမော်တော်ယာဉ် တစ်စီးပေါ်၌တရားမဝင်သစ်ခွဲသား နှစ်တန်ကျော်တို့အားလည်းကောင်း မြို့ချောင်း(၂)ပိုင်သစ်တောရဲတပ်ဖွဲ့ နှစ်မိုင်စခန်းမှ ရဲအုပ်ထွန်းထွန်းဝင်း အေးနှင့်တပ်ဖွဲ့ဝင်များ၊ ပဲခူးခရိုင် သစ်တောဦးစီးဌာနမှလက်ထောက် ညွှန်မှူး ဦးဆန်းမြင့်ထွန်းတို့ပါဝင် သည့်ပူးပေါင်းအဖွဲ့က ယခုလ ၄ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မိုင်တိုင် ၇၃/၁ အနီးဖမ်းဆီးခဲ့ သည့်တရားမဝင်သစ်များအားယာဉ် မောင်း ဦးခင်မောင်စိုးလှိုင်သာယာ ရန်ကုန်မြို့နေထိုင်သူမောင်းနှင်သည့်ြွ -၉ု/---- ၿင််ေည ီငန်နူ မော်တော်ယာဉ်ပေါ်မှ ဖမ်းဆီး မိခဲ့ခြင်းဖြစ်ပြီး ယာဉ်ပိုင်ရှင်ဖြစ်သူ အောင်ပိုင်သာ မှော်ဘီမြို့နေထိုင် သူအား သစ်ခွဲသား ၃၃ချောင်း တန်ချိန် ၅ ဒသမ ဝ၇၁တန် တင် ဆောင်ထားသည့်အဆိုပါမော်တော် ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ ခြင်းဖြစ်သည်။ အလားတူပင် ဒိုက်ဦးမြို့နယ် ဒရယ်မီးကားလမ်းမ ပေါ်ရှိ လယ်ကျားမြောင်ကျေးရွာ တွင် နေထိုင်သူခင်ဇော်၏ နေအိမ် ခြံဝင်းအတွင်းသို့သစ်တောရဲတပ်ဖွဲ့ နှစ်မိုင်စခန်းမှရဲအုပ်ထွန်းထွန်းဝင်း အေးနှင့်တပ်ဖွဲ့ဝင်များ၊ ပဲခူးခရိုင် သစ်တောဦးစီးဌာနမှလက်ထောက် ညွှန်မှူး ဦးဆန်းမြင့်ထွန်းတို့ပါဝင် သည့်ပူးပေါင်းအဖွဲ့က သတင်းအရ ဝင်ရောက်ရှာဖွေရာ အဆိုပါခြံဝင်း အတွင်းရပ်ထားသည့်၈ွ/---- အီဆူးဇူးအမျိုးအစားယာဉ်ပေါ်တွင် တင်ဆောင်ထားသည့် တရားမဝင် သစ်ခွဲသား ၂၆ ချောင်း ၂ ဒသမ ၉၄၁၂ တန်အားဖမ်းဆီးရမိခဲ့သည့် အတွက် ယင်းသစ်ခွဲသားများကို ဒိုက်ဦးမြို့နယ် ဘိနယ်တာဝန်ခံနှင့် ဒိုက်ဦးမြို့နယ်သစ်တောဦစီးရုံး တို့ သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ အဆိုပါ တရားမဝင်သစ်များ တင် ဆောင်လာသည့် မော်တော်ယာဉ် များနှင့်ယာဉ်မောင်း၊ယာဉ်ပိုင်ရှင် များအား ပဲခူးခရိုင်သစ်တောဦးစီး ဌာနက သစ်တောဥပဒေနှင့်အညီ အရေးယူထားကြောင်း သိရသည်။