images
UN
UN
ပရော်ဖက်ဆာနှင့်မြိုင်ရာဇာတွင် ပါဝင်ခွင့်ရလို့ဝမ်းသာပါတယ် ဆိုတဲ့ ဘေဘီမောင်
Tuesday, 10 January 2017
ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေရုပ် ရှင်ဇာတ်ကားကြီးတွင် ပါဝင်သရုပ်ဆောင်ရသဖြင့် ဝမ်းသာပီတိဖြစ်ရ ကြောင်း သရုပ်ဆောင်ဘေဘီမောင်ကပြောသည်။
''လပ်ကီးဆဲဗင်းက အစ်မအေးအေးဝင်းတို့က ဇာတ်ကားရိုက်ဖို့ ကမ်းလှမ်းတာပါ။ ဦးကျော်သူက ပြန်ရိုက်တာမကြာသေးဘူး။ ဦးကျော်သူကအားပေးတဲ့ ပရိသတ်တွေအများကြီးပဲ။ ပရဟိတ လုပ်တဲ့လူကြီးလူကောင်းပေါ့။ အန်ကယ်လေး(လူမင်း)ဆိုတာ လည်း ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ သရုပ်ဆောင်လည်းတော်တယ်။ ဒီကားမှာ သရုပ်ဆောင်အသစ်ဆိုလို့ ဘေဘီမောင်တစ်ယောက် တည်းပါတယ်။ အကုန်လုံးက တကယ့်ကို စီနီယာဆရာ၊ ဆရာမ တွေလေ။ ဒီဇာတ်ကားမှာ ပါဝင်ရလို့ အတိုင်းမသိဝမ်း သာတာ ပေါ့။ အခန်းအများကြီးမဟုတ်ပေမယ့် တစ်ထောင့်တစ်နေရာကနေ အားလုံးပြန်ပံ့ပိုးပြီး သရုပ်ဆောင်ပေးရလို့ ဝမ်းသာပီတိဖြစ်ရတယ်။ အဲ့ဒီဇာတ်ကားရိုက်ဖို့ ကမ်းလှမ်းတုန်းက ညီမဘန်ကောက်ရောက်နေ တယ်။ ဖုန်းကို ရန်ကုန်မှာပဲမိတ်ကပ်ဆရာဆီထားခဲ့တော့Facebook ကနေ ဇာတ်ကားရိုက်ဖို့ရှိတယ်ပေါ့။ အဲ့ဒီကနေပဲ အဝတ်အစားတွေ ဒီဇိုင်နာအစ်မကိုလှမ်းချုပ်ဖို့ ပြောရတယ်။ ရန်ကုန်မှာမရှိဘဲလုပ်ရတော့ နည်းနည်း အခက်အခဲတွေ့တယ်။ ဇာတ်က ကြားတော့ ကြားဖူးတယ်။ ဇာတ်ကားကောင်းတာ ငယ်ငယ်ကတည်းက ကြားဖူးတယ်။ ရန်ကုန် ရောက်တာနဲ့ ရှုတင်တမ်းဝင်ရတယ်။ အားလုံးက ဝိုင်းသင်ပေးတယ်' ဟု ဇာတ်ကားအတွေ့အကြုံကိုဘေဘီ မောင်က ပြောကြားခဲ့သည်။
ယခုလတ်တလောဘေဘီ မောင်က One Go Two Come ဆိုတဲ့ ဗီဒီယိုဇာတ်ကား ကို လူမင်း၊ သွန်းဆက်၊ ဆုမြတ် နိုးဦးတို့နှင့် ရိုက်ကူးနေပြီး မတ်လမှာ ဒါရိုက်တာ ခင်စောမျိုးနှင့် ရုပ်ရှင် ဇာတ်ကားကြီးရိုက် ကူးဖို့ ရှိကြောင်း သိရသည်။