images
UN
UN
အဆိုတော် ယွန်းသီရိကျော်ရဲ့ဒုတိယမြောက်စိန်
Tuesday, 10 January 2017
Miss ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ကာအနုပညာလောကထဲရောက် ရှိလာသလို ပထမတစ်ကိုယ်တော်ခွေပိုင်းလုံးအမည်ရှိ တေးစီးရီးထွက် ရှိထားပြီး ဒုတိယတစ်ကိုယ်တော်ခွေထပ်မံထွက် ရှိလာတဲ့ အဆိုတော်ယွန်းသီရိကျော်က ဒုတိယမြောက်တစ်ကိုယ်တော်ခွေ၌အကောင်း ဆုံးဖန်တီးပုံဖော်ထားကြောင်းသိရပါတယ်။
ယင်းခွေ၌ သီချင်းအပုဒ်ရေ ၁၃ ပုဒ် ထည့်သွင်းထားပြီး ထက်ယံ၊ စောခူးဆဲ၊ သြရသ၊ နိုင်းဝမ်း၊ ဆလိုင်း၊ X-BoX၊ နေလုံး၊T-Zin တို့မှ တေးသီချင်းများ ရေးသားပေးထားကြောင်းFeaturing အနေဖြင့် ထက်ယံ၊ သြရသ၊ နိုင်းဝမ်း၊ X-Box တို့မှ ပါဝင်သီဆိုပေးထားပြီးBo Bo Music Production မှ ဇန်နဝါ ရီလ ၁၄ ရက်တွင် စတင်ဖြန့်ချိသွား မည်ဖြစ်ကြောင်းအဆိုတော်ယွန်းသီရိကျော် က ပြောသည်။
''ဒုတိယမြောက်စိန်က ညီမရဲ့ဒုတိယ မြောက်အခွေပါ။ တစ်ခါတည်းMTV ပါတွဲထုတ်မှာဖြစ်ပါတယ်။ ပထမခွေတုန်းက လိုအပ်ချက်တွေရှိခဲ့ တာတွေကိုပရိသတ်အကြံပေးပါတယ်။ ဒီခွေမှာတော့ ပထမတုန်းကလို လိုအပ် ချက်အပိုင်း အကုန်လုံးကို အကောင်းဆုံး ပြင်ဆင်လုပ်ဆောင်ထားပါတယ်။ အဆို ပိုင်းရိုက်ကူးရေးပိုင်းကအစ အကောင်း ဆုံးခက်ခက် ခဲခဲကြိုးစားရိုက်ကူးထား ပါတယ်။ ပရိသတ်ဝေဖန်အကြံပေး ကြပါလို့ပြောချင်ပါတယ်။ နောက် ပြီး ဒီခွေလေးကို အကျိုးအမြတ် ထက် တကယ့်အနုပညာကို ချစ်မြတ်နိုးစိတ်နဲ့ ဖန်တီးထား တာပါ။ ပရိတ်သတ်တွေ အား ပေးကြပါလို့ပြောချင်ပါတယ်''။