images
UN
UN
ပြည်သူအတွက် အနုပညာ
ညွန့်လှိုင်ဝင်း(ကွမ်းခြံကုန်း) Tuesday, 10 January 2017
ကျွန်တော်သည် ကာတွန်းများကို နှစ်သက်စွဲလမ်းသည့်အလျောက် လက် လှမ်းမီသမျှ စုဆောင်းထားရှိခဲ့ရာမှ ကာတွန်းချစ်သူများအား မျှဝေခြင်းဖြစ်ပါ ၏။ ကာတွန်းများကို ရှင်းလင်းတင်ပြ ရာတွင် စာရှည်မည်စိုးသဖြင့် ဖော်ပြခဲ့ သည့် စာအုပ်စာစောင်နှင့် ဖော်ပြရက်စွဲ တို့ကို ချန်လှပ်ထားခဲ့ပါသည်။
ကာတွန်းဆရာ ဗဟန်းအေးမင်း၏ ကာတွန်းတစ်ကွက်ကို ဦးစွာတင်ပြလို ပါသည်။ မိန်းမဖြစ်သူက 'ပရီမီယာ လိဂ်ကို မုန်းတယ်၊ ချန်ပီယံလိဂ်ဆို အသံ တောင်မကြားချင်ဘူးတော့..... အီးဟီး' ဆိုပြီး အော်ငိုနေပုံ၊ သူ့ဘေးမှာ ကလေး နှစ်ယောက် မျက်နှာငယ်လေးတွေနှင့် ငို မဲ့မဲ့ဖြစ်နေပုံ၊ ယောက်ျားဖြစ်သူကြေ<ွကး ရှင်တွေမြင်မှာစိုး၍ ဖျာလိပ်ထဲဝင်ပုန်းနေ ရာမှ 'ရှူး..... တိုးတိုးလုပ်ပါမိန်းမရာ' ဟု တိုးလျှိုးတောင်းပန်းနေပုံကို ဖော်ပြ ထားရာ ဘောလုံးလောင်းကစားမှုကြောင့် စီးပွားပျက်သွားသူတို့အကြောင်းကို ထိမိ စွာ သင်ခန်းစာပေးလိုက်သော လက်ရာ ကောင်းတစ်ခုပင်ဖြစ်၏။
ကာတွန်းဆရာဝေလ၏ ကာတွန်း တစ်ကွက်တွင် မိမိ၏ နစ်နာဆုံးရှုံးမှု အတွက် သက်ဆိုင်ရာသို့ တိုင်ကြားစာ တင်ပြထားသူက အရေးယူဆောင်ရွက်မှု ကို သိလို၍ တင်ပြထားသည့်ရုံး၌ စုံစမ်း ရာ တာဝန်ရှိသူက 'ခင်ဗျားရဲ့တိုင်စာကို အထက်တင်ထားတယ်။ ဘယ်အထက် ကိုရောက်နေလဲမသိဘူး။ ပြန်ကျလာရင် ဖုန်းဆက်လိုက်မယ်။ ခင်ဗျား ဖုန်းနံပါတ် ပေးခဲ့ပါ' ဟု ဖြေကြားလိုက်ပုံကလည်း ပြည်သူအပေါ် အထက်စီးက ဆက်ဆံ တတ်သော ဝန်ထမ်းအချို့၏ သရုပ်ကို ဖော်ထုတ်သရော်ထားပါ၏။
မြန်မာလူမျိုး သုတေသနပညာရှင် တစ်ဦးက နိုင်ငံခြားသားတစ်ဦးကို 'ရှေး ခေတ်တုန်းက ကျုပ်တို့နိုင်ငံသမိုင်းကို ကျောက်စာ၊ ပေစာ၊ ခေါင်းလောင်းစာ၊ ပုရပိုဒ်စာတွေကတစ်ဆင့်လေ့လာနိုင်တယ်' ဟု ရှင်းပြရာ နိုင်ငံခြားသားက ပြုံး၍ နားထောင်နေစဉ်ဆက်၍'ခုခေတ်မှာတော့ ကျုပ်တို့နိုင်ငံသမိုင်းကို တိုင်စာတွေက တစ်ဆင့် လေ့လာနိုင်တယ်ခင်ဗျ....ဟီး' ဟုဆိုပြီး သူကိုယ်တိုင် ရေးသားထား သည့် တိုင်စာတစ်စောင်ကို တိုင်စာထည့် ရန် ဆိုသော ပုံးထဲထည့်လိုက်ပုံကို မြင် တွေ့ရသော နိုင်ငံခြားသား စိတ်ပျက် သွားပုံ တင်ပြထားသည့် ကာတွန်းဆရာ ကျော်သူရိန်၏ လက်ရာကလည်း ဟာသ မြောက်သည့် သရော်စာ(Satire) တစ် ကွက်ပင် ဖြစ်ပါ၏။
ကာတွန်းဆရာ ပေါ်လွင်ကျော်၏ ကာတွန်းတစ်ကွက်တွင် ဗေဒင်လာမေး သည့် လူတစ်ယောက်ကို ဗေဒင်ဆရာက 'ဝါကျွတ်ပြီးရင်တော့ ခင်ဗျားဆီက
ဝင်လာမစဲဖြစ်တော့မှာပဲ'ဟု ဟောလိုက် ရာ ဗေဒင်မေးသူက 'ဟာ ငွေတွေဝင်မှာ လားဆရာ'ဟု ဝမ်းသာအားရမေးလိုက် သည်ကို ဗေဒင်ဆရာက 'မဟုတ်ဘူး- မင်္ဂလာဆောင်ဖိတ်စာတွေ'ဟု ပြောလိုက် ပုံကလည်း ထိမိလှပါ၏။
ကာတွန်းဆရာ လှထွဋ်ဦးကလည်း 'ဖေ့စ်ဘုတ်ကရေးချက်တွေ ဘာလက်သံ ပြင်းသလဲမမေးနဲ့ ဆိုင်းဆရာသေလို့ ဝင်စားသလားမသိဘူး.... တကယ်'ဟု လူတစ်ယောက် စိတ်ပျက်လက်ပျက်ပြော လိုက်ပုံကလည်း ဟာသမြောက်လှပါ၏။
ကာတွန်းဆရာလှိုင်ဝင်းသစ်၏ လက် ရာတစ်ခုတွင် လူတစ်ယောက်က 'လူ တိုင်း ဖုန်းကိုင်နိုင်လေ ရောင်းအားတက် လေပဲ' ဟု ဆိုလိုက်ရာ တစ်ယောက် သောသူက 'သြော်.. ဟန်းဆက်ရောင်း တာလား'ဟု မေးလိုက်သည်ကို 'မဟုတ် ဘူး နှစ်လုံးထီရောင်းတာ'ဟု ဖြေလိုက်ပုံ ကလည်း ရှင်သန်နေဆဲဖြစ်သည့် လောင်း ကစားလောကကို သရော်လိုက်ခြင်းပင် ဖြစ်ပါ၏။
ကာတွန်းဆရာဗိုသံကလည်း ရန်ဖြစ် နေသူနှစ်ဦး ကိုယ်ထိလက်ရောက် ရိုက် နှက်ထိုးကြိတ်နေသည်ကိုကြားလူတစ်ဦး က 'ဟိုးဟိုး ရန်မဖြစ်ကြပါနဲ့ဗျာ'ဟု ဆိုကာ ရန်ပွဲထဲဝင်ဆွဲ၏။ 'တော်ကြပါ တော့ဗျာ'ဟု တောင်းပန်သော်လည်းမရ၊ နောက်ဆုံးဖျန်ဖြေသူကိုယ်တိုင်စိတ်မထိန်း နိုင်တော့ဘဲ 'အာ... ဒီလောက်ပြောမရ တာ ကဲကွာ...ကဲကွာ'ဟု အော်ဟစ်ပြီး ရန်ဖြစ်သူနှစ်ယောက်လုံးကို ထိုးကြိတ် ရိုက်နှက်နေပုံ ပီပြင်စွာ သရုပ်ဖော်ထား သည်မှာ ဟာသရသမြောက်လှပါ၏။
'ငါ့ကုလားထိုင်ပေါ် ဘယ်ကောင် ကော်တွေ လာသုတ်ထားလဲ၊ ဖားစရာမရှိ ကြံဖန်ဖားတဲ့ကောင်တွေ'ဟု ဆိုလိုက်ရင်း ကုလားထိုင်တစ်လုံးဘေးတွင် တာဝန်ရှိ လူကြီးတစ်ယောက် ဒေါသထွက်နေပုံ။ သူထိုင်နေကျ ကုလားထိုင်ပေါ်မှာ ကော် တွေသုတ်ထားပုံကို သရုပ်ဖော်ထားသည့် ကာတွန်းဆရာ သောကြာကြယ်၏ လက် ရာကလည်း ခေတ်အဆက်ဆက် ဖော်လံ ဖားတတ်သူတို့ကို ထိမိစွာ သရော်ထား ပါ၏။
ကာတွန်းဝင်းဖေ(အဖျောက်)ကလည်း အရပ်လေးမျက်နှာမှ လော်စပီကာများ ပြိုင်တူဖွင့်နေပုံ၊ လူတစ်ယောက်မှာ နား မခံသာလွန်းသဖြင့် 'လေဘေးသင့်ပြည် သူတွေကို ကယ်ကြပါဦးဗျို့'ဟု ဆိုကာ လက်ဝါးနှစ်ဖက်နှင့်နားနှစ်ဖက်ကို ပိတ် ကာ ကုန်းအော်နေပုံကို သရုပ်ဖော်ထား ရာ ပွင့်လင်းရာသီရောက်တိုင်း အများ ပြည်သူခံစားကြရသည့် ဆူညံသံတို့ နှိပ် စက်ကြပုံကို ပီပြင်စွာတင်ပြထားပါ၏။
အချုပ်အားဖြင့် တင်ပြရပါလျှင် ကာတွန်းဆရာတို့သည် ခေတ်အဆက် ဆက် သရုပ်သကန်ကို အပြုသဘော အမြင်ဖြင့် မှန်ကန်စွာရှုမြင်ပြီး ကာတွန်း ပညာဖြင့် ပြည်သူထံအရောက်ပို့ဆောင် ကြသူများ ဖြစ်၏။ သူတို့၏ ကာတွန်း လက်ရာများသည် ရိုးသားပွင့်လင်းမှု၊ သိမ်မွေ့နက်နဲမှု၊ ထက်မြက်စူးရှမှုတို့ဖြင့် ထုံမွမ်းအပ်သော အနုပညာပစ္စည်းများ ဖြစ်၏။ ကာတွန်းပညာရှင်များသည် ထိုအနုပညာပစ္စည်းများကို ပိုမိုအရည် အသွေးပြည့်ဝအောင် ဖန်တီးထုတ်လုပ် ပြီး ပြည်သူကိုထိရောက်စွာ အလုပ် အကျွေးပြုနိုင်ကြပါစေဟု ဆန္ဒပြုတင်ပြ လိုက်ရပေသည်။