images
UN
UN
ဇင်းကျိုက်မြို့၌ အမျိုးသားတစ်ဦးရထားတိုက်မိသေဆုံး
ကိုဟိန်း(ပေါင်) Tuesday, 10 January 2017
မွန်ပြည်နယ် ပေါင်မြို့နယ် ဖလပ်ကျေးရွာ၌ ယခုလ ၈ရက်ည ၉နာရီခွဲတွင် ရန်ကုန်-မော်လမြိုင် မီးရထားလမ်း မိုင်တိုင်အမှတ် ၁၅၅/၆နှင့်၁၅၅/၈ကြား၌ အမျိုး သားတစ်ဦး ရထားတိုက်မိသေဆုံး နေကြောင်းသတင်းအရသွားရောက် စစ်ဆေးခဲ့သည်။ ဖြစ်စဉ်မှာ မောင်နိုင်(၄၂နှစ်)လက်သမားလုပ် နယ်မြေ(၁)ခလောက်အင်းရပ်ကွက် ဇင်းကျိုက်မြို့ပေါင်မြို့နယ်နေသူမှာ နေပြည်တော်- မော်လမြိုင်အဆန် ရထားစက်ခေါင်း အမှတDF----စက်ခေါင်းမောင်း ဦးသန်းအောင်၊ ရထားတွဲထိန်း ဦးမြင့်သိန်းတို့ မောင်းနှင်လာသည့်အဆန်ရထား ဖြင့်ကြိတ်မိ၍ ဦးခေါင်းမှာအရှေ့ ဘက်သို့ခေါင်းပေးပြီး ခန္ဓာကိုယ် မှာ မီးရထားသံလမ်းဘေးမှောက် လျက်အနေအထားဖြင့် တွေ့ရှိပြီး ဦးခေါင်းပြတ်ထွက်ကာ သေဆုံး နေကြောင်းတွေ့ရှိရသဖြင့်စစ်ဆေး ရာ သေဆုံးသူ မောင်နိုင်မှာ လက် သမားလုပ်ငန်းလုပ်ကိုင်တတ်ကာ စိတ်မနှံ့သူတစ်ဦးလည်း ဖြစ်သည် ကိုသိရှိရပြီး ယခုလ ၈ရက် နံနက် ၇နာရီခွဲတွင် လယ်ကွင်းထဲသို့ သွား မည်ဟုပြောကာ ထွက်သွားခဲ့ရာ မှပြန်လည်ရောက်ရှိလာခြင်းမရှိ သဖြင့် လိုက်လံရှာဖွေရာ ရထား လမ်းပေါ်တွင် ရထားကြိတ်ခံရပြီး သေဆုံးနေကြောင်းတွေ့ရှိရသည်။
သို့ဖြစ်ရာ မောင်နိုင်သေဆုံး ခြင်းနှင့်ပတ်သက်၍ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် စုံစမ်း စစ်ဆေးနိုင်ရန်မမစ(ပေါင်) သေမှု သေခင်းအမှတ် (၂/၂ဝ၁၇)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။