images
UN
UN
သဲကောကြီးရွာဈေးဆိုင်အတွင်း ယောက်ျားဖြစ်သူမှ ဇနီးနှင့်ခယ်မအားဓားထိုးမှုဖြစ်ပွား
ALT Tuesday, 10 January 2017
နေပြည်တော် လယ်ဝေးမြို့ နယ် သဲကောကြီးကျေးရွာ အုပ် ချုပ်ရေးမှူး ဦးစိုးတင်ထံမှသဲကော ကြီးရွာထိပ်ဈေးအတွင်း ယခုလ ၇ ရက်က ဓားထိုးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယခုလ၇ ရက် ညနေ ၄ နာရီ မိနစ် ၅ဝတွင် သဲကောကြီးရွာထိပ် သဲကောကြီးဈေးအတွင်း အခင်း ဖြစ်ပွားရာနေရာသို့ အေလာနယ် မြေရဲစခန်းမှူးရဲအုပ်ကျော်ကျော်ဦး နှင့်အဖွဲ့သွားရောက်စစ်ဆေးရာ တွင်သန်းလွင်(၃၅နှစ်)သဲကောကြီး ရွာနေသူကို သေဆုံးသူမစန်စန်း အေးက ကွာရှင်းရန်ပြောသဖြင့် ယောက်ျားဖြစ်သူ သန်းလွင်မှ ဇနီး ဖြစ်သူ မစန်းစန်းအေး(၃၁နှစ်)အား ဈေးဆိုင်ထဲသို့ ဝင်ရောက်ပြီး ဓား ဖြင့်ထိုးခဲ့ရာ မစန်းစန်းအေး၏ ဝဲဘက်ကျောနှင့် ရင်အုံတို့တွင် ဓား ထိုးခံရပြီး အနီးတွင် ရှိနေသော ညီမဖြစ်သူ မမီးမီး(၂၃နှစ်)မှ ဝင် ရောက်ဆွဲရာ မမီးမီးအား ဓားဖြင့် ဆက်လက်ထိုးခဲ့ရာ ဦးခေါင်းပေါ် တွင်ဒဏ်ရာရရှိပြီး မစန်းစန်းအေး နှင့် မမီးမီးတို့အား ခုတင် ၁ဝဝဝ ဆေးရုံသို့ ပို့ဆောင်စဉ် မစန်းစန်း အေးမှာ ရရှိသောဒဏ်ရာများဖြင့် လမ်းတွင် သေဆုံးသွားခဲ့သည်။
ထွက်ပြေးတိမ်းရှောင်နေသော တရားခံသန်းလွင်ကို အမြန်ဆုံး ဖမ်းမိနိုင်ရေးအတွက် လယ်ဝေး မြို့နယ်မှူး၏ ကြီးကြပ်မှုဖြင့် အေလာစခန်းမှူးနှင့်အဖွဲ့၊ မှုခင်း အကူအဖွဲ့၊လယ်ဝေးမြို့ နယ်ထိန်း ခေါင်းဆောင်အဖွဲ့တို့ပူးပေါင်းပြီး လိုက်လံပိတ်ဆို့ရှာဖွေရာ သဲကော ကြီးရွာနှင့်၁၅မိုင်ခန့်အကွာအမြန် လမ်းမကြီးဘေးရှိအောင်သာအုပ်စု ရက်ကန်းစင်ကျေးရွာတောင်ဘက် လယ်ကွင်းထဲရှိကောက်ရိုးပုံတွင် ပုန်းအောင်းနေသောတရားခံသန်း လွင်အား ည ၁၁ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့သည်။ယင်းအမှုအား အေလာနယ်မြေရဲစခန်းက(ပ)၉/ ၂ဝ၁၇ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂/ ၃၂၆ ဖြင့် အမှုဖွင့်ပြီး စခန်းမှူး ရဲအုပ်ကျော်ကျော်ဦးက စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။