images
UN
UN
ခါးပိုက်နှိုက်ပြစ်မှုကျူးလွန်သူနှစ်ဦးကို ဖမ်းဆီးစစ်ဆေးရာမှ ခါးပိုက်နှိုက်ခြောက်မှုထပ်မံပေါ်ပေါက်
ယူဒီနေ Tuesday, 10 January 2017
မှော်ဘီမြို့နယ်တွင် ခါးပိုက်နှိုက် ပြစ်မှုကျူးလွန်သူနှစ်ဦးကို ဖမ်းဆီး ရမိစစ်ဆေးရာမှ ခါးပိုက်နှိုက် ခြောက်မှုထပ်မံပေါ်ပေါက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရုံးမှယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။
ဖြစ်စဉ်မှာ မှော်ဘီမြို့မရဲစခန်း မှ တပ်ဖွဲ့ဝင်များသည် နယ်မြေ အတွင်း ခါးပိုက်နှိုက်မှုများ ကျူး လွန်လျက်ရှိကြောင်း သတင်းအရ ၂ဝ၁၆ခုနှစ် ဒီဇင်ဘာ၂၂ရက် မွန်း လွဲ ၁၂နာရီခွဲခန့်တွင် မှော်ဘီမြို့ နယ် သန္ဓေပင်ကျေးရွာ ရန်ကုန်-ပြည်လမ်းပေါ်ရှိ ကားမှတ်တိုင် တစ်ခုတွင် စောင့်ဆိုင်းနေစဉ် တိုက် ကြီးဘက်မှမှော်ဘီဘက်သို့မောင်း နှင်လာသော တိုက်ကြီး-ရန်ကုန် မှန်လုံခရီးသည်တင် မီနီဘတ်စ် ပေါ်မှဆင်းလာသူ ရွှေပြည်သာ မြို့နယ်နေ လူဇော် (အသက် ၃ဝ) နှင့်မင်္ဂလာဒုံမြို့နယ်နေ မျိုးမင်းဇော် (၃၄နှစ်)တို့နှစ်ဦးအားတွေ့ရှိသဖြင့် ထိန်းသိမ်းစစ်မေးရာ လူဇော်လွယ် ထားသောလွယ်အိတ်အတွင်းထည့် ထားသည့် အမျိုးသမီးကိုင် ပိုက်ဆံ အိတ်အတွင်းမှ ငွေကျပ် ၃ဝဝဝဝ တွေ့ရှိပြီး ငွေများနှင့်ပတ်သက်၍ မေးမြန်းရာယာဉ်ပေါ်ပါခရီးသည်ထံ မှနှိုက်ယူရရှိခဲ့သောငွေများဖြစ် ကြောင်းပေါ်ပေါက်ခဲ့သဖြင့်မှော်ဘီ မြို့မရဲစခန်းက(ပ)၁၃၁၇/ ၂ဝ၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၇၉ (နှိုက်) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် ခဲ့သည်။
အမှုမှ ဖမ်းဆီးရမိသူနှစ်ဦးအား မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး မှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင် များနှင့်မှော်ဘီမြို့မရဲစခန်းတပ်ဖွဲ့ဝင် များက နယ်မြေအတွင်းအခြားခါး ပိုက်နှိုက်မှုများ ကျူးလွန်ထားခြင်း ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၂ဝ၁၆ခုနှစ် ဒီဇင်ဘာလအတွင်းက ဖမ်းဆီးရမိသူနှစ်ဦးနှင့်အတူ ဂျပု (ခ)အောင်ကိုဦး(စုံစမ်းဆဲ)တို့သည် ရန်ကုန်-မှော်ဘီ ခရီးသည်တင် ယာဉ်ပေါ်တွင်လိုက်ပါလာသူအသက် (၂၅နှစ်)ခန့်ရှိ အမျိုးသမီးတစ်ဦး ထံမှOPPOလက်ကိုင်ဖုန်းတစ်လုံး ကို မှော်ဘီမြို့နယ် ရဲဘော်ဈေး အနီးအရောက်နှိုက်ယူခဲ့ကြောင်း၊ ဒီဇင်ဘာလအတွင်းကပင် ၄င်းတို့ သုံးဦးအတူ ရန်ကုန်-မှော်ဘီခရီး သည်တင်ယာဉ်ပေါ်တွင်လိုက်ပါလာ သူအမျိုးသမီးတစ်ဦး၏လွယ်အိတ် အတွင်းမှSAMSUNG ဖုန်းတစ် လုံးကို မှော်ဘီမြို့နယ်တင့်ကားမှတ် တိုင်အရောက် နှိုက်ယူခဲ့ကြောင်း၊ ထို့အပြင် ၄င်းတို့သုံးဦးသည် ရန်ကုန်-မှော်ဘီ ခရီးသည်တင် ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးထံ မှ SAMSUNG လက်ကိုင်ဖုန်း တစ်လုံး၊ အမျိုးသားနှစ်ဦးဝတ်ဆင် ထားသော ဂျင်းဘောင်းဘီအိတ် အတွင်းမှ OPPOလက်ကိုင်ဖုန်း တစ်လုံးနှင့် Huawei လက်ကိုင် ဖုန်းတစ်လုံး၊ ၄င်းယာဉ်လိုင်းခရီး သည်တင်ယာဉ်ပေါ်၌ပင်ခရီးသည် အမျိုးသမီးတစ်ဦး၏ လွယ်အိတ် အတွင်းမှ Huawei လက်ကိုင်ဖုန်း တစ်လုံးတို့အား အသီးသီးနှိုက်ယူ ခဲ့ကြကြောင်းပေါ်ပေါက်ခဲ့သဖြင့် သက်ဆိုင်ရာရဲစခန်းများတွင် အမှု များရေးဖွင့်ကာ အရေးယူဆောင် ရွက်လျက်ရှိပြီး သက်သေခံပစ္စည်း များ ပြန်လည်သိမ်းဆည်းနိုင်ခဲ့ သည်။ ပြစ်မှုကျူးလွန်ရာတွင်ပါဝင် ပြီး လွတ်မြောက်နေသူ ဂျပု (ခ) အောင်ကိုဦးအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။