images
UN
UN
နာနတ်ခြံဝင်းအတွင်း၌ ဝှက်သိမ်းထားသော မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
မောင်ကိန်း(ဗန်းမော်) Tuesday, 10 January 2017
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ် တာမိုင်းလုံကျေး ရွာရှိ နာနတ်ခြံဝင်းအတွင်း၌ ဝှက် သိမ်းထားသောမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဗန်းမော်မြို့မရဲစခန်း ဒုရဲအုပ် မျိုးမင်းဦးနှင့်တပ်ဖွဲ့ဝင်များ၊ တာ မိုင်းလုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်လှိုင်မြင့်တို့သည် ယခုလ ၈ ရက် မွန်းလွဲ ၃ နာရီက မူးယစ် ဆေးဝါးသတင်းအရ တာမိုင်းလုံ ကျေးရွာရှိ စိုးတင့်ပိုင်နာနတ်ခြံဝင်း အတွင်းဝင်ရောက်ရှာဖွေရာ ခြံ ပိုင်ရှင် စိုးတင့်အား အသင့်တွေ့ ရှိရပြီး စစ်မေးရာမှ နာနတ်ခြံ စောင့်တဲဘေးရှိ နာနတ်ပင်ကြား တွင် ဝှက်သိမ်းထားသည့် အနက် ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထား သော အဝါရောင်ကော်ဘူးအတွင်း ဘိန်းဖြူဟုယူဆရသော ဖြူ/ဝါ မှုန့် အလေးချိန်သုညဒသမ ၃ဂရမ် ခန့်ပါ ကော်ဘူးတစ်ဘူး၊ ဘိန်းဖြူ ဟုယူဆရသော ဖြူ/ဝါမှုန့် အလေး ချိန် သုည ဒသမ ဝ၁ ဂရမ်ခန့်ပါ တိုက်ငါးလုံးသတ္တုဘူး တစ်ဘူး၊ နာနတ်တော၏ အရှေ့ဘက်ပေ ၁ဝဝ ခန့်အကွာ ခြံစည်းရိုးဘေး တွင် အနက်ရောင်ကြွပ်ကြွပ်အိတ် ဖြင့် ထုပ်ပိုးဝှက်သိမ်းထားသည့် အဝါရောင်အဖုံးပိတ် အဖြူရောင် ကော်ဘူးတစ်ဘူးလျှင် ဘိန်းဖြူဟု ယူဆရသော ဖြူ/ဝါမှုန့် အလေး ချိန် သုည ဒသမ ၃ ဂရမ်ခန့်စီပါ ကော်ဘူးရှစ်ဘူး အလေးချိန် ၂ ဒမသ ၄ ဂရမ်ခန့် စုစုပေါင်း ဘိန်းဖြူမှုန့် အလေးချိန် ၂ ဒသမ ၇၁ ဂရမ်ခန့်တို့ကို ရှာဖွေတွေ့ရှိခဲ့ ကြောင်း သိရသည်။