images
UN
UN
မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည့်ဖြစ်စဉ်မှ မီးရှို့သူအား အမှုဖွင့်အရေးယူ
နိုင်နိုင်(မွန်) Tuesday, 10 January 2017
မွန်ပြည်နယ် မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက်ကြယ်တာယာ လမ်းနှင့် နေကြာလမ်းထောင့် အမှတ်(၃၄၄)နေ ဦးသန်းဝင်း(ခ) ယူစွတ် (၅၈နှစ်)၏ သွပ်မိုး၊ ပျဉ် ခင်း၊ ပျဉ်ကာနေအိမ်နှင့် ဆိုင်ခန်း ငါးခန်းတို့သည် ယမန်နေ့ နံနက် ၁ နာရီခွဲက မီးစတင်လောင်ကျွမ်း ခဲ့ပြီး ဦးသန်းဝင်း၏ နေအိမ်ဘေးရှိ အမှတ်(၃၄၂)နေ ဒေါ်စန်းတင့်၏ နေအိမ်ဘေး အလျား ပေ ၂ဝ၊ အနံ ၁ဝ ပေခန့်ရှိ သစ်သားအကာအား မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်ရာသို့ မော်လမြိုင်မြို့ နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးဇော်ရဲလင်းနှင့် မီးသတ် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူ များက မီးသတ်ယာဉ် ရှစ်စီး၊ အုပ် ချုပ်မှုယာဉ်တစ်စီး စုစုပေါင်း အင်အား ၂ဝဝ ဖြင့် ဝိုင်းဝန်းငြှိမ်း သတ်ခဲ့ရာ နံနက် ၂ နာရီတွင် မီး ငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှု ကြောင့် ခန့်မှန်းကာလတန်ဖိုးငွေ ကျပ် ၁၇၅ဝဝဝဝခန့် ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်သေဆုံးမှု မရှိကြောင်း၊ အဆိုပါမီးလောင်မှု ဖြစ်စဉ်မှာ ဦးသန်းဝင်း(ခ)ယူစွတ် နှင့် မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ် ကွက် ဈေးလမ်းနေ သားဖြစ်သူချစ် ကိုကို(ခ)အူစမန်းအသက်(၃ဝ)တို့ နှစ်ဦးသည် အိမ်အရောင်းအဝယ် ကိစ္စနှင့်ပတ်သက်၍ စကားများ ရန်ဖြစ်ခဲ့ပြီး ချစ်ကိုကို(ခ)အူစမန်း က မကျေနပ်သဖြင့် ဖခင်ဖြစ်သူ ဦးသန်းဝင်း၏နေအိမ်အား မီးရှိုခဲ့ ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက် ၍ ဇေယျာသီရိနယ်မြေရဲစခန်းမှ ချစ်ကိုကို(ခ)အူစမန်းအပေါ်(ပ) ၁၄/၂ဝ၁၇ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၃၆အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။