images
UN
UN
ကျောက်ပန်းတောင်းတွင် WYစာတန်းပါစိတ်ကြွရူးသွပ်ဆေးပြားများ လက်ဝယ်ထားရှိ ရောင်းချသူအားဖမ်းဆီးရမိ
ကိုနေ(ကျောက်ပန်းတောင်း) Tuesday, 10 January 2017
မန္တလေးတိုင်း ဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်တွင် ယမန်နေ့ ညနေ၅နာရီခွဲက မူးယစ် ဆေးဝါးသတင်းအရ မြို့မရပ်ကွက် အမှတ်(၁ဝ)ရှိ ဒေါ်မြရင်၏နေအိမ် သို့ သက်သေများနှင့်အတူ ဝင် ရောက်ရှာဖွေရာWYစာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၆၇ပြား၊ အစိမ်းရောင်စိတ်ကြွရူး သွပ်ဆေးပြားနှစ်ပြား စုစုပေါင်း ၁၆၉ ပြား(အလေးချိန် ၁၆ ဒသမ ၉ဂရမ်)အား သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာကျောက်ပန်းတောင်း မြို့မရဲစခန်းမှ ဒုတိယရဲအုပ်အောင် သန့်ဇော် တာဝန်မှူးတာဝန်ထမ်း ဆောင်နေစဉ် ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့ နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့မရဲစခန်းမှူး တို့၏ ညွှန်ကြားချက်ဖြင့် မူးယစ် ဆေးဝါးသတင်းအရ မြို့နယ်မှူး၏ ရှာဖွေခွင့်ဝရမ်း အမှတ်(၂/၁၇)ဖြင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ရဲမေများ၊ အသိသက်သေများလိုက်ပါလျက် မြို့မရပ် အမှတ်(၁ဝ)ရှိ ဒေါ်မြရင် ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ ကြောင်းသိရသည်။
နေအိမ်တွင် ၄င်း၏သမီးဖြစ်သူ မခင်မိုးဆွေအား အသင့်တွေ့ရှိရပြီး မခင်မိုးဆွေမှာ နေအိမ်နောက်ဘက် သို့ထွက်ပြေးကာ အိမ်သာခွက်ထဲ သို့ အဖြူရောင်ပလတ်စတစ်ကော် ဘူးတစ်ဘူး ပစ်ချလိုက်သည်ကို တွေ့မြင်ရသဖြင့် အိမ်သာအား လှပ်၍ရှာဖွေရာ ကော်ဘူးဖြင့်ထည့် ထားသော စိတ်ကြွရူးသွပ်ဆေးပြား ၁၆၉ ပြားအားတွေ့ရှိရပြီး ၄င်း၏ ခန္ဓာကိုယ်အား ဆက်လက်ရှာဖွေ ရာ အင်္ကျီယာဘက်အိတ်ကပ် အတွင်းမှ မူးယစ်ဆေးပြားရောင်းချ ရာမှရရှိသည်ဟုယူဆရသောမြန်မာ ငွေစက္ကူရောရာ ကျပ်၁၃ဝဝဝဝနှင့်SAMSUNG အမျိုးအစားခဲရောင် လက်ကိုင်ဖုန်းတစ်လုံးတို့အားတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။မူးယစ်ဆေး ပြားများနှင့်ပတ်သက်၍ စစ်ဆေး မေးမြန်းရာ ၄င်းသည် နေအိမ်ရှေ့ ကွမ်းယာဆိုင်တွင် ကွမ်းယာရောင်း နေစဉ် အမည်၊နေရပ်လိပ်စာမသိ သောအမျိုးသားတစ်ဦး ရောက်ရှိ လာပြီး အဆိုပါဆေးပြားများအား တစ်ပြားလျှင် ကျပ်၂၅ဝဝ နှုန်းဖြင့် ပြန်လည်ရောင်းချရန်နှင့် သုံးစွဲရန် အတွက် ဝယ်ယူထားရှိကြောင်း ထွက်ဆိုခဲ့ကြောင်း သိရသည်။
သို့ဖြစ်ရာ တရားမဝင်စိတ်ကြ ရူးသွပ်ဆေးပြားလက်ဝယ်ထား ရှိ၊ သုံးစွဲ/ရောင်းချသူမခင်မိုးဆွေ(ခ) ကေသီဦးအားကျောက်ပန်းတောင်း မြို့မရဲစခန်းမှ မယ(ပ)၂/၁၇၊ မူး/ စိတ် ပုဒ်မ၁၅/၁၉(က)/၂၁ဖြင့် အရေးယူဆောင်ရွက်နိုင်ရေး စီစဉ် လျက်ရှိကြောင်း သိရသည်။