images
UN
UN
ကစားသမားများထံမှ တုံ့ပြန်မှုကောင်းကို နည်းပြကလော့ပ် တောင်းဆို ကွင်းလယ်လူကော်တင်ဟိုအား ခေါ်ယူနိုင်လိမ့်မည်မဟုတ်ဟု ဘာစီလိုနာအားသတိပေး
Tuesday, 10 January 2017
လီဗာပူးနည်းပြ ဂျာဂင် ကလော့ပ်က အက်ဖ်အေဖလားပွဲ တွင် ရလဒ်ဆိုးခဲ့ရမှုအတွက် ဆောက်သမ်တန်နှင့်ပွဲတွင် ကောင်း မွန်သောတုံ့ပြန်မှုပြကြရန် အသင်း သားများအား တိုက်တွန်းလိုက် သည်။ လီဗာပူးသည် ဆောက်သမ် တန်နှင့် လိဂ်ဖလားဆီမီးဖိုင်နယ် ပွဲစဉ်အပြီး မန်ယူနှင့်ထပ်မံရင်ဆိုင် ရမည်ဖြစ်သောကြောင့် ရလဒ်ဆိုး ရွားခဲ့ပါက ကစားသမားများ၏ ယုံ ကြည်ချက်ထိခိုက်မည်ကိုကလော့ပ် က စိုးရိမ်နေခြင်းလည်းဖြစ်သည်။
ကလော့ပ်က ''အဝတ်လဲခန်း ထဲမှာ ကစားသမားတွေကို ပို ကောင်းတဲ့ရလဒ် ယူနိုင်မလားဆို ပြီး မေးခွန်းထုတ်ခဲ့ပါတယ်။ ကျွန် တော့်အနေနဲ့ ကစားသမားတွေဆီ က ပြီးပြည့်စုံတဲ့အခြေအနေတစ်ခု ကို မျှော်လင့်တာမျိုးမဟုတ်ပါဘူး။ ဒါပေမဲ့ လေ့ကျင့်ရေးကွင်းမှာ သူ တို့ဘယ်လောက်အထိ ကောင်း အောင်ကစားနိုင်ကြတယ်ဆိုတာကို တွေ့မြင်ထားတာကြောင့် ရလဒ် ကောင်းလိမ့်မယ်လို့ မျှော်လင့်နေ တာပဲဖြစ်ပါတယ်။ ဝေဖန်မှုတွေ က ကျွန်တော့်ကို ထိခိုက်စေမှာ မဟုတ်ပေမယ့် ကစားသမားတွေ ရဲ့ ယုံကြည်ချက်အတွက် အရေး ကြီးနေတဲ့ပွဲပါ''ဟု ပြောကြားသွား ခဲ့သည်။
ဆက်လက်၍ ကလော့ပ်က ကော်တင်ဟိုအား ဘာစီလိုနာ အသင်းက ခေါ်ယူနိုင်လိမ့်မည် မဟုတ်ဟု သတိပေးစကားပြော ကြားလိုက်သည်။ ကော်တင်ဟို သည် ယခုရာသီတွင် လီဗာပူး၌ အထူးခြေစွမ်းပြနိုင်သော ကစား သမားဖြစ်လာခဲ့ပြီးနောက် ဘရာဇီး ဂန္ထဝင်ကစားသမားများအပါအဝင် ဘောလုံးနှင့်ပတ်သက်သူ အသိုင်း အဝိုင်းတချို့က ပိုကောင်းသည့် မျှော်လင့်ချက်အတွက် ဘာစီလိုနာ သို့ပြောင်းရန် တိုက်တွန်းမှုများ ရှိခဲ့သည်။ ဘာစီလိုနာကလည်း ကစားသမားအား ခေါ်ယူရန် စိတ် ဝင်စားနေရာ အပြောင်းအရွှေ့ ကာလသို့ရောက်ရှိနေပြီဖြစ်၍ ကော်တင်ဟိုနှင့်ပတ်သက်သော ခန့်မှန်းသတင်းများကို ကလော့ပ် က ကြိုတင်တားဆီးခဲ့ခြင်းလည်း ဖြစ်သည်။ ကော်တင်ဟိုသည် လီ ဗာပူးနှင့် ၂ဝ၂ဝ အထိ သက်တမ်း ရှိနေသည်။ ကော်တင်ဟိုသည် နို ဝင်ဘာ ၂၆ ရက်ကတည်းက ဒူး အရွတ်ကြောဒဏ်ရာကြောင့် အနား ယူခဲ့ရသူဖြစ်ပြီး ပြီးခဲ့သည့်တစ် ပတ်အတွင်း အသင်းနှင့်အတူ လေ့ ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့သည်။ ထို့ ကြောင့် ဆောက်သမ်တန်နှင့်ပွဲတွင် ပါဝင်လာနိုင်သည်ဟု ကလော့ပ်က ဆိုခဲ့သည်။