images
UN
UN
ရာသီဝက်နားရက်ကြောင့် အခွင့်အရေးပိုမရဟု ဟမ်မဲလ် ပြောကြား
Tuesday, 10 January 2017
ဘိုင်ယန်မြူးနစ်နောက်ခံလူ ဟမ်မဲလ်က ရာသီဝက်နားရက် ကြောင့် လာမည့်ချန်ပီယံလိဂ် ပွဲစဉ်အတွက် မိမိတို့အခွင့် အရေး ပိုရနေခြင်းမရှိကြောင်း ပြောကြားလိုက်သည်။ ဘိုင် ယန်မြူးနစ်သည် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တွင် အာဆင် နယ်နှင့်တွေ့ဆုံနေပြီး ဖေဖော် ဝါရီ ၁၅ ရက်တွင် ပထမ အကျော့ပွဲစဉ်ကို အိမ်ကွင်း၌ ကစားရမည်ဖြစ်သည်။
ဟမ်မဲလ်က နှစ်သင်းစလုံး သည် ဥရောပပြိုင်ပွဲအတွေ့ အကြုံရှိနေကြသောကြောင့် မည်သည့်အသင်းမှ အခွင့် အရေးပိုရနေလိမ့်မည်မဟုတ် ဟု ဖွင့်ဟခဲ့သည်။ ''နားရက် ကြောင့် ကျွန်တော်တို့က အစီ အစဉ်ကျအောင် ပြန်ပြီးကြိုးစား ရမှာဖြစ်သလို အာဆင်နယ်က တော့ ရစ်သမ်မိနေတာကြောင့် အားသာချက်တစ်ခုရှိနေပါလိမ့် မယ်''ဟု ဟမ်မဲလ်က ပြော ကြားသွားခဲ့သည်။