images
UN
UN
လိဂ်ဖလားဆီမီးပွဲစဉ်ကို နောက်ခံလူဖွန်တီမပါဝင်နိုင်
Tuesday, 10 January 2017
ဆောက်သမ်တန်နောက်ခံလူဖွန်တီသည် လီဗာပူးနှင့်ကစားမည့် လိဂ်ဖလားဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို ပါဝင်မည်မဟုတ် ကြောင်း သိရသည်။ ဖွန်တီသည် ယခုအပြောင်းအရွှေ့ကာလတွင် အသင်းပြောင်းမည်ဟု သတင်းထွက်နေသူဖြစ်ပြီး မန်ယူအသင်း က ၄င်းအား ဆက်သွယ်လျက်ရှိသည်။ ဆောက်သမ်တန် အား ကစားဒါရိုက်တာ လက်စ်ရိဒ်က ဖွန်တီမပါဝင်နိုင်ကြောင်းကို ပြောကြားခဲ့ခြင်းဖြစ်ပြီး ၄င်း၏အနာဂတ်အတွက် လာမည့်တစ်ပတ် တွင် အပြီးသတ်သိရမည်ဟု ဖွင့်ဟခဲ့သည်။