images
UN
UN
ဆွီဒင်နည်းပြဟောင်းအား တရားရုံးတွင် မိုဗစ်အနိုင်ရ
Tuesday, 10 January 2017
မန်ယူတိုက်စစ်မှူးအီဘရာဟီမိုဗစ်သည် ၄င်းအားတားမြစ်ဆေး သုံးစွဲခဲ့ဖွယ်ရှိသည်ဟု စွပ်စွဲခဲ့သော ဆွီဒင်ပြေးခုန်ပစ်နည်းပြ ဟောင်းအား တရားရုံးတွင် အနိုင်ရရှိခဲ့သည်။ ဆွီဒင်နည်းပြဟောင်း ကာလက်ဆန်သည် ဂျူဗင်တပ်၌ မိုဗစ်ကစားခဲ့စဉ်က ခြောက်လ အတွင်း ၁ဝ ကီလိုအလေးချိန်တက်ခဲ့ခြင်းမှာ တားမြစ်ဆေးကြောင့် ဖြစ်နိုင်သည်ဟု စွပ်စွဲခဲ့ခြင်းဖြစ်သည်။ တရားရုံးက ကာလက်ဆန် အား ဒဏ်ငွေ ယူရို ၂၅ဝဝ ချမှတ်ခဲ့သည်။