images
UN
UN
ကမ္ဘာ့အကောင်းဆုံးဆုရရှိမည်ကို ကြိုတင်ယုံကြည်ခဲ့သည်ဟု ရော်နယ်ဒိုဆို
Tuesday, 10 January 2017
ပေါ်တူဂီနှင့်ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူးစီရော်နယ်ဒိုက ဖီဖာ ၏အကောင်းဆုံးကစားသမားဆု ရရှိမည်ကို ကြိုတင်ယုံကြည်ခဲ့ သည်ဟု ဖွင့်ဟလိုက်သည်။ စီ ရော်နယ်ဒိုသည် ဆန်ခါတင်သုံးဦး စာရင်းတွင် မက်ဆီ၊ ဂရေ့ဇ်မန်း တို့နှင့် ပြိုင်ဆိုင်ခဲ့ရပြီး အကောင်း ဆုံးကစားသမားအဖြစ် မဲပေးရွေး ချယ်ခံခဲ့ရခြင်းလည်းဖြစ်သည်။
''အရိုးသားဆုံးပြောရရင် ဒီ ဆုကို ရလိမ့်မယ်လို့ ကျွန်တော် ကြိုပြီးခံစားခဲ့ရပါတယ်။တစ်ရာသီ လုံး ပြင်းပြင်းထန်ထန်အလုပ်လုပ် နိုင်ခဲ့တာကြောင့် ဒီလိုအောင်မြင်မှု မျိုးကို ရရှိခဲ့တာလို့ဆိုရမှာဖြစ်ပေ မယ့် ကျွန်တော့်အတွက်တော့ အံ့မခန်းပါပဲ။ ပုံစံသစ်နဲ့ ပထမဆုံး ချီးမြှင့်တဲ့နှစ်မှာ ဆုရရှိခဲ့တာက ဂုဏ်ယူစရာကောင်းပါတယ်''ဟု စီရော်နယ်ဒိုကပြောကြားခဲ့သည်။
ဇူးရစ်မြို့၌ ကျင်းပခဲ့သည့် ၂ဝ၁၆ ခုနှစ်၏ အကောင်းဆုံးဆု ပေးပွဲအခမ်းအနားတွင် အမျိုးသမီး အကောင်းဆုံးဆုကို အမေရိကန် အမျိုးသမီးအသင်းကစားသမား ကာလီလွိုက်ဆွတ်ခူးရရှိခဲ့သည်။ အကောင်းဆုံး အမျိုးသားနည်းပြ ဆုကို လက်စတာနည်းပြရေနီယာ ရီဆွတ်ခူးရရှိခဲ့ပြီး အကောင်းဆုံး အမျိုးသမီးနည်းပြဆုကို ဂျာမနီ အမျိုးသမီးနည်းပြဆယ်လ်ဗီယာ နိဒ်က ရွေးချယ်ခံခဲ့ရသည်။