images
UN
UN
လူ့သဘောလက္ခဏာနှင့် သဘာဝအမြင်
ဒဂုံသန်းမြင့် Tuesday, 10 January 2017
ပြောကျစတမ်းဆိုသော် ခေတ်အခြေအနေက သိပ်ကောင်းလှသည်မဟုတ်။ နိုင်ငံရေးရာသီဥတု က မကြည်လင်၊ အုံ့မှိုင်းမှိုင်းဖြစ်နေသည်။ သိပ်ပြီး သာယာနေသည်ဟုမဆိုသာ။ အရှေ့မြောက်ဒေသ တိုင်းရင်းသားများအနေဖြင့်ပြည်တွင်းစစ်မီး၏ မငြိမ်းမှုဒဏ်ကို ခံစားနေကြရသည်။ သေနတ်သံ၊ ဗုံးသံကြောင့် ရှောင်တိမ်း နေကြရသည်။ နယ်မြေ မငြိမ်းချမ်းတော့စီးပွားရေး၊ လူမှုရေးအခက်အခဲ များနှင့်တွေ့နေရကြရသည်။ အနောက်ဘက်တံခါး ကြည့်ပြန်တော့လည်း လူနည်းစုလူမျိုးများဟု ပြောနေ၊ ဆိုနေ၊ အသံဟစ်နေကြသော်လည်း ထို ဒေသ၊ထိုအရပ်တို့တွင် ကိုယ့်တိုင်းရင်းသား လူမျိုး များက လူနည်းစုဖြစ်နေပြီး ဘာသာခြား၊ လူမျိုး ခြားတို့က လူများစုအခြေအနေသို့ ရောက်နေပါပြီ။ ၄င်းတို့က နယ်မြေကို အုပ်စိုးထားလိုကြသည်။ နိုင်ငံရေးအရ လူမျိုးခြားလူမျိုးများ၏ လူ့အခွင့် အရေးအဖြစ်ပုံဖော်နေကြသည်။ ယင်းရည်မှန်း ချက်အတွက် ပြင်ပမှလူမျိုးတူ၊ ဘာသာတူတို့က မိမိပိုင်နယ်မြေကို ကျူးဝင်၍ ဦးဆောင်နေကြ သည့်အခြေအနေဖြစ်သည်။ တိုက်ခိုက်နေကြသည့် အခြေအနေဖြစ်ပါသည်။
သို့ဖြစ်၍ ဤသို့သောအခြေအနေတွင် လူ့ သဘော၊ လူ့လက္ခဏာကို သဘာဝအမြင်ကျကျ ရှုမြင်နိုင်ရမည်ဖြစ်ပါသည်။
ရိုးသားပွင့်လင်းစွာဆိုရသော် ခေတ်တစ်ခေတ် ၏လမ်းညွှန်မူဝါဒများကိုပြန်၍ အမှတ်ရနေပါ သည်။ ပြန်၍ ဖတ်ရှုလေ့လာမိပါသည်။ မိမိဖတ်ရှု လေ့လာရသည်မှ လမ်းညွှန်သဘောတရား ဆောင်းပါးပါ။ လောကအမြင်များကို စာပိုဒ်ပါ အတိုင်း ထုတ်နုတ်တင်ပြအပ်ပါသည်။
ရင့်ကျက်သောနိုင်ငံရေးအမြင်၊ ကြည်လင် သောနိုင်ငံရေးအသိ၊ ထိုမှ အသိမှန်အလုပ်မှန်စေ ရေးအတွက် ရိုးဖြောင့်သောစေတနာဖြင့်ပါ။
'လူသည် မူလအားဖြင့် မိမိ၏အကျိုး(အတ္တ ဟိတ)ကို ဆောင်ရွက်တတ်သောသတ္တဝါဖြစ်၏။ ဒုတိယလက္ခဏာအားဖြင့် လူသည် တစ်ကိုယ် တည်းနေထိုင်၍မရသဖြင့် မိမိ၏အကျိုးစီးပွား (အတ္တဟိတ)ကိုရယူရန်အတွက် မိမိကဲ့သို့ ကိုယ် ကျိုးစီးပွားကို ရယူလိုသောလူအများနှင့် ဆက်ဆံ ပေါင်းသင်းလာကြရင်း၊ အပေါင်းအသင်း၏ အကျိုးစီးပွား(ပရဟိတ)ကို ဆောင်ရွက်လာရ ပေသည်။ တတိယလက္ခဏာအားဖြင့် လူသည် သဘာဝအားဖြင့် လွတ်လပ်စွာနေထိုင်ဆောင်ရွက် တတ်သောသတ္တဝါဖြစ်သည်ကို တွေ့ရပေသည်။ လူ့ဘောင်အဖွဲ့အစည်းဆိုသည်မှာ ဤသဘော လက္ခဏာများရှိသော လူတို့၏စည်းကမ်းဖြင့် ဖွဲ့ စည်းထားသောလူအစုအဝေးပင်ဖြစ်လေသည်'ဟု လမ်းညွှန်လမ်းပြထားပါသည်။
ဆက်၍ထုတ်နုတ်တင်ပြပါဦးမည်။
'သို့ဖြစ်၍ လူ့ဘောင်ဘဝဖြစ်ပေါ်ရေးတွင် လူသည် မိမိ၏အကျိုးစီးပွား(အတ္တဟိတ)အတွက် မိမိနှင့် ဘဝတူလူအပေါင်းအသင်း၏ အကျိုးစီး ပွား(ပရဟိတ)ကိုဆောင်ရွက်ရင်း တွေ့ကြုံလာရ သောအနှောင်အဖွဲ့များနှင့် အခက်အခဲများကို မိမိ၏လွတ်လပ်ချင်သောသဘာဝစိတ်ဓာတ်အရ တော်လှန်ဖယ်ရှား၍ ကျော်လွန်ရန် ကြိုးပမ်းတတ် ကြပေသည်။ ဤသို့အားဖြင့် လူ၏အတ္တဟိတနှင့် ပရဟိတတို့သည် အချင်းချင်းအပြန်အလှန် အကြောင်းအကျိုးပြုကြ၏။ ထို့အတူ လူတို့၏ တွေ့ကြုံလာရသော ဘဝအနှောင်အဖွဲ့များနှင့် အခက်အခဲများက တစ်ဖက်၊ ထိုအရာရာတို့ကို ကျော်လွန်၍ လွတ်မြောက်လိုသောလူတို့၏ ကြံ စည်မှုနှင့်အားထုတ်မှုများကတစ်ဖက် အချင်းချင်း အပြန်အလှန် အကြောင်းအကျိုးပြုကြ၏။ ဤ အကြောင်းအကျိုးဆက် ဖြစ်စဉ်တရားသည် လူ့ ဘောင်၏သမိုင်းစဉ်ကို ထိန်းကျောင်း၍နေကြလေ သည်။ ဆက်၍-
'ဤသို့သောလောကအစုအဝေးတွင်လူသည် တစ်ဦးချင်းအနေနှင့်ဖြစ်စေ၊ လူစုအနေနှင့်ဖြစ်စေ၊ လူမျိုးအနေနှင့်ဖြစ်စေ၊ တိုင်းပြည်နိုင်ငံအနေနှင့် ဖြစ်စေ၊ လူ့ဘဝ၏ကိုယ်စိတ်နှစ်ပါးစလုံးနှင့်ဆိုင် သော လိုအပ်ချက်များကိုရရှိလို၊ ခံစားလိုကြသည် မှာ လူ့သဘာဝဖြစ်ပေသည်။ ဤသဘာဝကို အသိအမှတ်ပြုရမည်သာ ဖြစ်ပေသည်'
ကျွန်တော်တို့ ဤခေတ်၊ ဤကာလတွင် လူ့ ဘောင်အဖွဲ့အစည်းဖြစ်စေ၊ ခေါင်းဆောင်များပင် ဖြစ်စေ၊ Viscon Mission အကျယ်အပြန့်အသုံးပြု ဗျူဟာဆင်နိုင်ရန်ဆိုသည်မှာ ဤလောကအမြင်ကို အခြေခံသင့်သည်ဟု ယုံကြည်ပါသည်။
လူ့သဘောလက္ခဏာနှင့် သဘာဝအမြင်တွင် 'လူတို့၏အတ္တလွန်ကဲမှုနှင့် နယ်ကျွံသောလွတ် လပ်မှု'များကို လူတို့က အသိတရားဖြင့် ထိန်း ကျောင်းနိုင်ရမည်ဖြစ်ပေသည်။ အတ္တလွန်ကဲမှုဆို သည်မှာ လူပုဂ္ဂိုလ်တစ်ဦးချင်းစီတွင်လည်း ရှိနိုင် သည်။ ပါတီ၊ အဖွဲ့အစည်းအနေဖြင့်လည်း ရှိနိုင် ပေသည်။ ငါသာအသိဆုံး၊ အတတ်ဆုံး၊ ခေါင်း ဆောင်မှုအပေးနိုင်ဆုံးဆိုသည်မျိုး ဖြစ်လေသည်။ ထိုနည်းတူ ငါ့ပါတီ၊ ငါ့အဖွဲ့အစည်းသာလျှင် လူထုအကြိုက်ဆုံး၊ ထောက်ခံမှုအရှိဆုံး၊ ဒီမိုကရေစီ ကို ငါတို့ပါတီမှတစ်ပါး ဖော်ဆောင်ပေးနိုင်သူ မရှိ၊ ငါသာတာဝန်အရှိဆုံး ဆိုသည်မျိုးဖြစ်ပေ သည်။
ထို့ကြောင့် လူ့သဘောလက္ခဏာကို ဆက် လက်၍ ထုတ်နုတ်တင်ပြပါဦးမည်။ 'လူသည် မိမိအသက်ရှင်သန်ရေးနှင့် ဘဝတည်မြဲရေး အတွက် မိမိ၏ကိုယ်ကျိုး(အတ္တဟိတ)ကို ရယူလို သည်မှာ အခြေခံအကျဆုံးသော မူလသဘာဝပင် ဖြစ်ပေသည်။ ဤမူလသဘာဝဖြစ်သည့် ကိုယ်
ကျိုးစီးပွားကို ဆောင်ရွက်လိုခြင်းမှာ လူအလုံးစုံ နှင့်သက်ဆိုင်သော သဘောလက္ခဏာပင် ဖြစ်ပေ သည်။ ယင်းသို့သော သဘောလက္ခဏာရှိသည့် လူသားတိုင်းသည် အထီးတည်းနေထိုင်ရန်မရဘဲ မိမိ၏ ဘဝတည်မြဲရေးတည်းဟူသောအသက်မွေး မှုပြဿနာများကို ဖြေရှင်းရန်အတွက်လည်း ကောင်း၊ သဘာဝအင်အားစုများနှင့် အခြားဘေး ရန်အန္တရာယ်များကို တွန်းလှန်ရန်အတွက်လည်း ကောင်း၊ ဤအခြေခံလိုအပ်ချက်များဖြစ်သည့် ကိုယ်ကျိုးစီးပွား(အတ္တဟိတ)အတွက် အခြားသော လူအများနှင့် ဆက်ဆံပေါင်းသင်းလာရသောအခါ တွင် မိမိအပေါင်းအသင်း အကျိုးစီးပွားတည်းဟူ သော (ပရဟိတ)ကိစ္စများကိုလည်း မလွှဲသာဘဲ ဆောင်ရွက်လာရသည်။ ဤတွင် ကိုယ်ကျိုးစီးပွား (ပရဟိတ)ကို ဆောင်ရွက်ရမှုတို့သည် အပြန် အလှန်အကြောင်းအကျိုးပြုလာပေသည်'။
ဤဖော်ပြချက်တို့သည် လူတစ်ဦးချင်းစီရှိ သဘာဝလက္ခဏာများဖြစ်သကဲ့သို့ နိုင်ငံ၊ လူ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတို့၏ သဘောသဘာဝဟူ၍ လည်း တိုးချဲ့ရှုမြင်သင့်ပေသည်။ အကြောင်းမှာ 'လူပုဂ္ဂိုလ် လူ့ဘောင်အဖွဲ့အစည်းကို သဘာဝ ကျကျဖြင့် မှန်ကန်စွာရှုမြင်အပ်သည့် အမြင်'ဟူ၍ ခံယူသင့်ပါသည်။
ဤသဘော၊ သဘာဝအမြင်တရားအရ ဆိုသော် လူသည်ကိုယ်ကျိုးစီးပွားရယူလိုသည်မှာ ငြင်းဆန်၍မရသော သဘာဝပင်ဖြစ်ပေသည်။ မိမိ ၏အတွင်းစိတ်၌ ရှိနေသော ကိုယ်ကျိုးစီးပွားရယူ လိုမှု၊ အတ္တစိတ်ကို လူတို့က ဖုံးကွယ်၍ရနိုင် သလောက်ဖုံးကွယ်ကြလေ့ရှိပေသည်။ ထို့ပြင် မိမိ ၏ အဇ္ဈတ္တ၊ အတ္တစိတ်ရယူနိုင်ရေးအတွက် အများ ၏အကျိုးစီးပွားကိုလည်း ပူးပေါင်း၍လည်း ကောင်း၊ အပေးအယူလုပ်၍လည်းကောင်း ရယူ နိုင်ကြလေသည်။ အနည်းဆုံးတွင်မူ 'ဒီမိုကရေစီ သူရဲကောင်း'အဖြစ်တော့ ခံယူလိုကြပေသည်။
အသိÓဏ်ရှိသော ဆင်ခြင်တုံတရားရှိသော လူသည် လူ၏မူလသဘာဝဖြစ်သည့် ကိုယ်ကျိုး ကို ရယူလိုသော အတ္တဟိတကို လောကသဘာဝ အမြင်အရ အသိအမှတ်ပြုရမည်ဖြစ်သော်လည်း အတ္တဟိတစိတ် လွန်ကဲမှုကို လူတို့၏အဆင့်ရှိသော ကြီးကြပ်မှုဖြင့် ထိန်းကျောင်းနိုင်ရန် လိုအပ်ပေ သည်။
သို့သော် ဒီမိုကရေစီနိုင်ငံရေးလမ်းစဉ်ကို ကျင့်သုံးနေကြသည့် မိမိတို့နိုင်ငံတွင် ပါတီစုံဒီမို ကရေစီအထွေထွေ ရွေးကောက်ပွဲများဖြင့် ပြည်သူ လူထုက မိမိတို့ကြိုက်နှစ်သက်သည့် ပါတီ၊ မိမိတို့ ၏ အကျိုးစီးပွား၊ လူမှုဘဝကို ပြောင်းလဲတိုး တက်အောင် ဆောင်ရွက်ပေးနိုင်မည်ဟု ထင်မြင် ယူဆသော ပါတီကို မဲဆန္ဒပေး ရွေးချယ်ပေးကြ ရပါသည်။
သို့ဖြင့် အာဏာရပါတီနှင့် အတိုက်အခံပါတီ ဟူ၍ ဒီမိုကရေစီကျင့်စဉ်အရ အခြေအနေပေးလေ့ ရှိပါသည်။ ထိုအခါ အာဏာရ၊ အစိုးရဖွဲ့နိုင်သည့် ပါတီက ကျန်ပါတီများအပေါ် 'လုပ်ကွက်ပျောက် နေသဖြင့် နိုင်ငံရေးကစားခြင်းဖြစ်သည်'ဟု ဆို ခြင်းသည် မိမိ၏အတ္တလွန်ကဲခြင်း၊ ပါတီ၏အတ္တ မာနကြီးမားခြင်း၊ ဒီမိုကရေစီကျင့်စဉ်အပေါ် မောဟဖုံးလွှမ်းခြင်းဖြင့် စိတ်ကြီးဝင်နေခြင်းဖြစ် သည်ဟုသာ ဆိုရပေမည်။
ဒီမိုကရေစီနိုင်ငံရေးကျင့်စဉ်အရ နိုင်ငံတော် တည်ဆောက်ရေး၊ အမျိုးသားရေးတည်ဆောက် ရေးတို့တွင် အများပူးပေါင်းပါဝင်မှု၊ ညီမျှမှု၊ မျှတ မှုတို့ကို မေ့ပျောက်ခြင်းတို့ကြောင့် အတ္တဟိတ သည် ပရဟိတနယ်ပယ်တစ်ရပ်လုံးကို လွှမ်းမိုး ချုပ်ကိုင်ခြင်းဖြင့် ငါ့ပါတီ၊ ငါ့အစိုးရ၊ ငါတို့က အင်အားသာသည်။ ဆုံးဖြတ်ချက်ချချင်သလို ချ နိုင်သည်ဟူသည်တို့မှာ ပြည်သူ့ဆန္ဒကို ပစ်ပယ် ခြင်းပင်ဖြစ်ပေသည်။ လုပ်ချင်တာလုပ် တရား သည်ဟူသော အမြင်သည် နယ်ကျွံသော လွတ် လပ်မှုမျိုးဖြစ်ပေသည်။
ပြည်သူလူထုတစ်ရပ်လုံးက ငြိမ်းချမ်းမှုကို လိုလားသည်။ လုံခြုံမှုကိုလိုလားသည်။ ဘက် ပေါင်းစုံတိုးတက်မှုကို လိုလားသည်။ ဒီမိုကရေစီ နိုင်ငံရေးကျင့်စဉ်ကို မြတ်နိုးကြသည်ချည်းဖြစ်ပါ သည်။
ငြိမ်းချမ်းမှုအတွက် အတ္တကိုပါးလျားအောင် လုပ်ဆောင်ရပေမည်။ လူတစ်ဦးချင်းဖြစ်စေ၊ ပါတီအဖွဲ့အစည်းတစ်ခုဖြစ်စေ၊ တိုင်းရင်းသား လူမျိုးစု တစ်ခုချင်းဖြစ်စေ၊ ခေါင်းဆောင်မှု တစ်ဦးချင်းဖြစ်စေ၊ အတ္တလွန်ကဲမှု၊ အတ္တနယ်ကျွံမှု ကို ပယ်သတ်နိုင်ရပေမည်။ အများနှင့်ဆိုင်သော အကျိုးစီးပွားအတွက် အများစုပါဝင်နိုင်အောင် လမ်းဖွင့်ပေးရပေမည်။ တစ်ဦးချင်း၏ အသိ၊ ဆန္ဒ၊ အကြံÓဏ်များကို လေးစားသင့်ပေသည်။ ရပေ မည်။ အတ္တလွန်ကဲပါက ပရဟိတလုပ်ငန်းစဉ် များ ချုပ်ငြိမ်းတတ်ပေသည်။ အတ္တဟိတနှင့် ပရ ဟိတမျှတခြင်းသည်သာ လူ့လောကအမြင်တရား နှင့် ညီညွတ်ပေမည်။ ဘဝနှင့်လောကသာယာ ဖြောင့်ဖြူးပေမည်ဖြစ်ပါသည်။
လူ့သဘောလက္ခဏာ၏ တတိယလက္ခဏာ မှာ လူသည်သဘာဝအားဖြင့် လွတ်လပ်စွာနေ ထိုင်ဆောင်ရွက်လိုသော သတ္တဝါဖြစ်ပေသည်။ ထို့ကြောင့် လူသည်လွတ်လပ်စွာဆောင်ရွက်တတ် ခြင်းသည် လူ၏သဘာဝစိတ်ဓာတ်ဖြစ်သည်ဟု မှတ်ယူအပ်ပေသည်။
ဤသို့သော သဘာဝစိတ်ဓာတ်ရှိသည့်လူ သည် မိမိ၏လူနေမှုဖြစ်စဉ်ဘဝတစ်လျှောက်တွင် ကြုံတွေ့လာရသောအပေါင်းအသင်း၏အနှောင် အဖွဲ့၊ ဘဝ၏အခက်အခဲများမှ လွတ်မြောက်ရေး၊ ကျော်လွှားနိုင်ရေးနှင့် မိမိ၏ဘဝရည်မှန်းချက် အောင်မြင်ရေးတို့အတွက် လွတ်လွတ်လပ်လပ်၊ အခွင့်သာတိုင်းကြိုးပမ်းလေ့၊ ဖြေရှင်းလေ့ရှိကြ ပေသည်။ သို့သော် မိမိ၏ဘဝ၊ အနှောင်အဖွဲ့နှင့် ရည်မှန်းချက်အောင်မြင်ရေးအတွက် လူမှုပတ်ဝန်း ကျင်၏အသိအမြင်၊ အကြံÓဏ်နှင့်အင်အားတို့ ကိုမလွှဲမသွေရယူရပေမည်ဖြစ်သည်။
ထိုနည်းတူ လွတ်လပ်စွာပြုမူလိုသည့်သဘာဝ စိတ်ဓာတ်ကိုတန်ဖိုးထားရမည်ဖြစ်သော်လည်း နယ်ကျွံသောလွတ်လပ်မှုကိုကား ထိန်းကျောင်းရ မည်ဖြစ်ပေသည်။ ဒီမိုကရေစီနိုင်ငံရေးကျင့်စဉ် အရလွတ်လပ်မှုကို တန်ဖိုးထားသည်မှာမှန်သော် လည်း အခြားလူတို့၏လွတ်လပ်မှုကိုကား နယ် မကျူးသင့်ပေ။ လွတ်လပ်မှုနယ်မကျွံစေရေး အတွက် ပတ်ဝန်းကျင်အခြေအနေ၊ လူတို့၏အသိ Óဏ်ပညာဆင်ခြင်တုံတရားတို့ဖြင့် အနားသတ် ထိန်းကျောင်းရပေမည်။
ယခုအခါတွင် ဒီမိုကရေစီနိုင်ငံရေးစနစ်အရ မိမိ၏အကျိုးစီးပွားအတွက် မိမိ၏ငွေကြေး၊ အသ ပြာ၊ ဓနဥစ္စာတို့ကို လွတ်လပ်စွာလုပ်ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ဖန်တီးခြင်းသည် အခြား သောအများပြည်သူတို့လွတ်လပ်မှုနှင့်ပျော်ရွှင်မှု ဘဝကိုကျူးကျော်၊ ဖျက်ဆီး၊ နှောင့်ယှက်နေ ခြင်းမှာ အတ္တလွန်ကဲခြင်းသာဖြစ်ပေသည်။ ငွေ ရှိသူ၊ ပစ္စည်းရှိသူတို့က ကုန်ဈေးနှုန်းဈေးကစား ခြင်းသည် အတ္တလွန်ကဲသောလွတ်လပ်မှုကို ရယူ နေခြင်းဖြစ်ပေသည်။
ဤအတွေးမျိုးပင် ယနေ့လူငယ်တချို့သည် ဂီတအနုပညာနယ်ပယ်၌ အလွတ်လပ်ကြီးလွတ် လပ်စွာပုံဖော်ဖန်တီးနေကြသည်မှာ အမျိုးသား ယဉ်ကျေးမှုဓလေ့စရိုက်နှင့်အမျိုးသားလက္ခဏာ ကိုချိုးဖျက်နေခြင်းဖြစ်သည်ဟုဆိုပါက လွန်အံ့ မထင်ပါ။ လွန်ကဲသောလွတ်လပ်မှုချည်းပင်ဖြစ် ပေသည်။ အမျိုးသားယဉ်ကျေးမှု၊ အမျိုးသား ဓလေ့စရိုက်၊ အမျိုးသားလက္ခဏာတို့ကို အမျိုး သားရေးအသိဖြင့် လွတ်လပ်စွာဖော်ကျူးသင့်ပေ သည်။
ထိုနည်းတူအမျိုးသားလက္ခဏာပျောက်စပြု နေသော ဝတ်စားဆင်ယဉ်မှု၊ ဓလေ့စရိုက်၊ အမူ အကျင့်လွတ်လပ်မှုနယ်မကျော်သင့်ပေ။
ထို့ကြောင့် လူတို့သည် လူ့သဘောလက္ခဏာ နှင့်သဘာဝအမြင်တရားကိုအခြေခံ၍ မိမိတို့၏ နိုင်ငံတည်ဆောက်ရေး၊ အမျိုးသားရေးတည် ဆောက်ရေးတို့တွင် မှန်ကန်စွာ ကျင့်သုံးနိုင်ပါမှ မြန်မာ့ဂုဏ်သိမ်မြှင့်တင်နိုင်မည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။