images
UN
UN
အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်လိုင်းများစနစ်နှင့် ပြည်သူ
နေထက်ဝေ Tuesday, 10 January 2017
တစ်ခုနဲ့တစ်ခု အပြောင်းအလဲလုပ်ရင် စစ်တမ်းကောက်ထားတာရှိသလား။ ဘယ်ယာဉ်လိုင်းတွေ ဘယ်လမ်းကြောင်းက ပြေးဆွဲရင်ပြေးဆွဲသင့်တယ်ဆိုတဲ့ စစ်တမ်းကောက်ယူမှုရှိခဲ့သလား။ ဒါကတော့ မေးခွန်းထုတ်ဖို့လိုတယ်။ နောက်ခရီးစဉ်ပိုင်းတဲ့နေရာတွေ၊ ကားတစ်စီးနဲ့တစ်စီးချိတ်ဆက်မယ့်နေရာ တွေကိုရော တကယ့်လက်တွေ့သွားလာနေတဲ့ ခရီးသွားပြည်သူတွေဆီကနေပြီးတော့ စစ်တမ်းကောက်ပြီး စနစ်တကျဆွဲတာလား။ မေးခွန်းထုတ်စရာဖြစ်တယ်။
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ ဦးစီးဆောင် ရွက်မည့် အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်လိုင်းများစနစ်နှင့်ပတ်သက်၍ အရှေ့ပိုင်းတက္ကသိုလ် တက်ရောက်ကြမည့် ကျောင်းသားကျောင်းသူများအတွက် အခက်အခဲများဖြစ်ပေါ်နိုင်သည်ဟု ပြောဆို လာသူအရှေ့ပိုင်းတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာနမှ ကထိကဖြစ်သူ ဆရာဦးလှိုင်တင့်နှင့် ဆက်သွယ်မေးမြန်းမှုများကို ဖော်ပြပေးလိုက်ပါသည်။
အခုYBS ယာဉ်လိုင်းတွေ အသစ် ပြေးဆွဲမှာနဲ့ပတ်သက်ပြီး အရှေ့ပိုင်း တက္ကသိုလ်ကိုသွားရောက် ပညာ သင်ကြားမယ့် ကျောင်းသား ကျောင်းသူတွေအနေနဲ့ အခက်အခဲ တွေရှိတယ်လို့သိရပါတယ်။ ဘယ် လို အခက်အခဲတွေလည်းဆိုတာ သိလိုပါတယ်။
လောလောဆယ်မှာက ယာဉ် လိုင်းတွေကို ကြည့်လိုက်တဲ့အခါ မှာ အရှေ့ပိုင်းတက္ကသိုလ်ကို ဗဟို ပြုထားတဲ့၊ရောက်နိုင်တဲ့ယာဉ်လိုင်း ကနှစ်လိုင်းရှိတာ သွားတွေ့တယ်။ ၃၁ နဲ့ ၃၄ ပေါ့။ အဲ့ဒီမှာကလည်း ၃၁ကလည်း အရှေ့ပိုင်းတက္ကသိုလ် ကို ဗဟိုပြုတယ်ဆိုပေမယ့် ဂိတ် ဆုံးတာက ဗိုလ်တထောင်လောက် မှာ ဂိတ်ဆုံးတာ။ သူ့လမ်းကြောင်း က ရှုခင်းသာပတ်လမ်းကသွားပြီး တော့၊ နောက် ၃၄ ကြတော့ ခရမ်း၊ သုံးခွလို့ပြောတယ်။ လာမှာ က ခရေပင်ရိပ်မွန်ကနေလာမယ်။ အောင်မင်္ဂလာအဝေးပြေးနားကနေ လာမယ်။ လာပြီးတော့ ခရမ်းသုံးခွ ကိုသွားမယ်။ လောလောဆယ်မှာ တော့ ကျောင်းနဲ့အနီးဆုံးသည် အဲ့ဒီ နှစ်လိုင်းတွေ့တယ်ပေါ့။ ဒီကလေး အများစုနဲ့ ဆရာဆရာမတွေ အပါ အဝင်ဆိုရင် လာမယ့်သူတွေက နေရာအနှံ့အပြားကလာမှာ။ အဲ့ဒီ ယာဉ်လိုင်းနှစ်လိုင်းထဲကို အားပြု ရမယ်ဆိုရင် အဆင်ပြေမှာမဟုတ် ဘူး။ နောက်တစ်ခုက ရေကြောင်း တက္ကသိုလ်ကိုသွားတဲ့ တစ်လိုင်း ရယ်၊ ကျောက်တန်းကိုသွားတဲ့ တစ်လိုင်းရယ်က သန်လျင်ထဲတော့ ရောက်မယ်။ ကျောင်းထိမရောက် တဲ့အတွက်ကြောင့် တစ်ဆင့်ပြောင်း စီးရမယ်။ အဲ့ဒီပြဿနာရှိမယ်။ နောက်တစ်ခုက လသာတို့၊ ပန်းဘဲ တန်း၊ ကျောက်တံတားဟိုဘက်မှာ ဆို ကြည့်မြင်တိုင်၊ စမ်းချောင်း၊ အလုံပေါ့။ အဲ့ဒီဘက်က လာမယ့် ကလေးတွေဆိုရင် အနည်းဆုံးသုံး ဆင့်လောက် ပြောင်းစီးမှရမယ့် အနေအထားမျိုးသွား ဖြစ်ပြန်ရော။ လက်ရှိ မထသယာဉ်လိုင်းတွေက လုံးဝမရှိတော့ဘဲနဲ့အသစ်YBS နဲ့ပဲသွားရမယ်ဆိုရင် အဲ့ဒီလိုအခက် အခဲတွေ ကလေးတွေမှာစပြီးတော့ ဖြစ်မယ်။ ဆရာဆရာမတွေ အပါ အဝင်အားလုံးပေါ့။ ဝန်ထမ်းတွေ လည်းပါပါတယ်။ရှင်းရှင်းလင်းလင်း မသိရတာက အဲ့ဒီကားက ဘယ် နှစ်စီးထွက်မယ်ဆိုတာမသိရဘူး။ နောက် ဒေါ်နီလာကျော်က ပြော တယ်ဆိုပြီးပြောတယ်။ ငါးမိနစ် တစ်စီးဆိုပြီးပြောတယ်။ အဲ့ဒါက တရားဝင်ပြောတာတော့ မတွေ့ သေးဘူး။ အခုလမ်းကြောင်းတွေပဲ သိရသေးတယ်။ အခုသူတို့လည်း ထုတ်ပြန်နိုင်သလောက်ကို ထုတ် ပြန်နေတယ်။ လောလောဆယ် အခက်အခဲမှာတော့ အဲ့ဒီပြဿနာ စတွေ့နိုင်တယ်။ ဘယ်ကားစီးရ မှန်းမသိတာက ပြဿနာတစ်ခု၊ တိုက်ရိုက်မရောက်တာကပြဿနာ တစ်ခု။ ပြောင်းစီးလို့ရမှာကတော့ မှန်တယ်။ အဆင့်ဆင့်တွေ ပြောင်း စီးရမှာက ပြဿနာတစ်ခုဖြစ် တယ်။ ယာဉ်စီးခကလည်း ကျပ် ၁ဝဝ၊ ကျပ် ၂ဝဝ၊ ၃ဝဝ လို့ပြော တယ်။ အဲ့ဒီကျပ် ၃ဝဝ ခရီးကို သုံးဆင့် ပြောင်းစီးရမယ်ဆိုရင် တစ်ယောက်ကို အနည်းဆုံးအသွား ကျပ် ၉ဝဝ၊ အပြန် ကျပ် ၉ဝဝ ဖြစ်သွားနိုင်တယ်။ သုံးဆင့်ပြောင်း မယ်ဆိုရင်ပေါ့။ အသေးစိတ်တော့ မသိရသေးဘူး။ လက်ရှိသိရတဲ့ အချက်အလက်ပေါ်မှာ မူတည်ပြီး တော့ ပြောရတာကိုး။ လောလော ဆယ်အခက်အခဲပေါ့။ အရင်တုန်း က မထသလိုင်းတွေ အများကြီးရှိ တယ်။ တာမွေမှာ အခြေပြုထားတဲ့
ယာဉ်လိုင်းတွေပျောက်သွားတဲ့အခါ ကျတော့ မြေနီကုန်းကနေဖြတ် လာမယ့် မြေနီကုန်း-ရွှေဂုံတိုင်-တာမွေပေါ့။ အဲ့ဒီလမ်းကြောင်း မှာ ကားမရှိပြန်ဘူး။ အရှေ့ပိုင်း တက္ကသိုလ်ကိုသွားဖို့အတွက် ဘယ် ကပြောင်းရမလဲဆိုတော့သာကေတ လောက်ကနေ ပြောင်းရမယ်။ နောက် သန်လျင်နဲ့ အနီးစပ်ဆုံး ဖြစ်နေတဲ့ သန်လျင်-သာကေတ-ဒေါပုံက ကလေးတွေအတွက် ပြန် ကြည့်မယ်ဆိုရင် သန်လျင်တောင် နှစ်ဆင့်စီးမှရမယ့် အနေအထား ဖြစ်နေတယ်။ ခရမ်းသုံးခွနဲ့တွဲထား တဲ့အတွက် အရင်ရှိပြီးသား လိုင်း က ပျောက်သွားတဲ့အတွက် ခရီး သည်က ပိုများလာမှာပဲ။ဒီတစ်စီး ထဲကိုပဲ ပြုံစီးရမှာက။ အရင်ရှိ ပြီးသား အရှေ့ပိုင်းတက္ကသိုလ်ကို ဗဟိုပြုဆွဲနေတဲ့ ဆူးလေ-အရှေ့ ပိုင်းတက္ကသိုလ်ဆွဲနေတဲ့ ကားတွေ ရှိတယ်။ အရှေ့ပိုင်းတက္ကသိုလ်-တာမွေဆွဲနေတဲ့ ကားတွေရှိတယ်။ အဲ့ဒီယာဉ်လိုင်းတွေနေရာကိုတော့ သူတို့သတ်မှတ်ပေးဖို့ လိုလိမ့်မယ် ထင်တယ်။ လက်ရှိကားများတာ တောင်မှပဲ မလောက်ငဘူး။ အရင် အနေအထားအရဆိုရင် တကယ် ကြုံတဲ့အနေအထားကတော့ အဲ့ဒီ နေ့ကျမှ သိရမှာပေါ့နော်။
ဒီလိုအခက်အခဲတွေအပေါ်မှာ ရော တက္ကသိုလ်ဆရာဆရာမတွေ ဘက် ကဒါမှမဟုတ် ကျောင်းသားသမဂ္ဂ တွေဘက်ကနေဘာတွေတောင်းဆို သွားဖို့ရှိပါသလဲ။
လောလောဆယ်တော့ ကျောင်း သားဖယ်ရီ ဆရာဖယ်ရီဆိုပြီး ကျောင်းအနေနဲ့ စီစဉ်ပေးထားတာ က နှစ်စီးတော့ရှိတာပေါ့။ သို့သော် အဲ့ဒါက မလောက်ပါဘူး။ကျောင်း သားကျောင်းသူတွေအနေနဲ့က လည်း သူတို့သက်ဆိုင်ရာ ဖယ်ရီ တွေတော့ရှိတယ်။ အဲ့ဒီဖယ်ရီတွေ က ဈေးအရမ်းကြီးတယ်။ ဈေးကြီး တော့ဖြစ်နိုင်ရင် ဖယ်ရီကို လျှော့ပြီး တော့ လိုင်းကားကို အားပြုပြီးပြန် ကြတာများတယ်။ အများစုက တော့ မဖြစ်မနေသာ ဖယ်ရီကို စီးကြတာ။ဆရာဆရာမတွေရော၊ ကျောင်းသားကျောင်းသူတွေရော၊ တစ်ခုက ကျောင်းသားသမဂ္ဂတွေ၊ ဆရာဆရာမများ သမဂ္ဂတွေက လောလောဆယ်စောင့်ကြည့်နေတဲ့ အနေအထားပဲရှိတယ်။ ဘာကြောင့် လဲဆိုတော့ အစိုးရဘက်က ထုတ် ပြန်ချက်က တိတိကျကျရှင်းရှင်း လင်းလင်းမရှိသေးဘူးပေါ့။ ခရီး စဉ်လမ်းကြောင်းတွေပဲ ပြောထား တာရှိသေးတယ်။ ဘယ်လိုလုပ်ပေး မယ်ဆိုပြီး ပြောထားတာ မရှိသေး ဘူး။ မရှိသေးတဲ့အခါကျတော့ အဆင်ပြေနိုးနိုးဆိုပြီး စောင့်ကြည့် နေကြတာပဲရှိတယ်။ ဒါပေမဲ့ အဲ့ဒီ အပြောင်းအလဲအတွက်ကို အားလုံး က စိုးရိမ်ပူပန်နေကြတာတော့ အမှန်ပဲ။ ဆရာတစ်ယောက်အနေနဲ့ ပြောချင်တာက မထသသည် တကယ်ဖြတ်သိမ်းဖို့ လိုအပ်နေ တယ်ဆိုတာ လက်ခံတယ်။ ခရီး သည်သယ်ယူပို့ဆောင်ရေးစနစ် တစ်ခုပြောင်းလဲဖို့ လိုအပ်နေတယ် ဆိုတာလည်း လက်ခံတယ်။ အခု ကားအသစ်တွေနဲ့ စနစ်တကျပြေး ဆွဲမယ့်အစီအစဉ်ကိုလည်း လက်ခံ တယ်။ ဒါပေမဲ့စနစ်တစ်ခုနဲ့တစ်ခု ချိန်းတဲ့နေရာမှာ တစ်ခါတလေ မှာက ရှိပြီးသားအဆောက်အအုံ ပေါ် အခြေခံပြီးပြောင်းလဲရတာရှိ တယ်။ တချို့ဟာကျတော့လည်း အသစ်လုပ်ရတာရှိတယ်။ လက်ရှိ ဟာကတော့ ရှိပြီးသား အဆောက် အအုံပေါ် အခြေမခံဘဲနဲ့ ပြောင်း လိုက်တာမျိုးပေါ့။ အဲ့ဒီအပေါ်မှာ ဖြစ်ပေါ်လာနိုင်မယ့် အခြေအနေ တွေ။ အစိုးရဘက်ကလည်း တွက် ဆထားမယ်ထင်တယ်။ ဒါပေမဲ့ ပြောချင်တာက တစ်ခုနဲ့တစ်ခု အပြောင်းအလဲလုပ်ရင် စစ်တမ်း ကောက်ထားတာရှိသလား။ဘယ် ယာဉ်လိုင်းတွေ ဘယ်လမ်းကြောင်း က ပြေးဆွဲရင်ပြေးဆွဲသင့်တယ်ဆို တဲ့ စစ်တမ်းကောက်ယူမှုရှိခဲ့ သလား။ ဒါကတော့ မေးခွန်း ထုတ်ဖို့လိုတယ်။ နောက်ခရီးစဉ် ပိုင်းတဲ့နေရာတွေ၊ ကားတစ်စီးနဲ့ တစ်စီးချိတ်ဆက်မယ့်နေရာတွေကို ရော တကယ်လက်တွေ့သွားလာ နေတဲ့ ခရီးသွားပြည်သူတွေဆီက နေပြီးတော့ စစ်တမ်းကောက်ပြီး စနစ်တကျဆွဲတာလား။ မေးခွန်း ထုတ်စရာဖြစ်တယ်။ ဥပမာတစ်ခု နဲ့ ပြောမယ်ဆိုရင် မထသလိုင်းက ၄၈ က အဲကွန်းဘတ်စ်ဆိုပြီး ထွက် လိုက်တယ်။ ထွက်လိုက်တဲ့အခါ ကျတော့ အရင်ပါရမီ ၁၇၄ က ပျောက်ထွက်သွားတယ်။ သူ့ကို မစီးတော့ဘူး။တကယ်ဝန်ဆောင်မှု ကောင်းတဲ့ အဲကွန်းကားကိုပဲ စီးကြ တယ်။ အရှေ့ပိုင်းတက္ကသိုလ်နဲ့ ဆူးလေဆွဲနေတဲ့အရင်ကားဟောင်း တွေရှိတယ်။ အဲ့ဒီကားဟောင်းတွေ နေရာမှာ အဲကွန်းကားတွေဝင်လာ တော့ စီးတဲ့ခရီးသည်ကလည်း ကားကောင်းတွေကိုပဲ စီးတယ်။ဆွဲနေတဲ့ကားလိုင်းက အလိုလို ပျောက်သွားတယ်။ အဲဒီတော့ အကယ်၍ ရှိပြီးသားလိုင်းတွေ အပေါ်မှာ အခြေခံပြီးကိုယ့်ဘက်က ဝန်ဆောင်မှုကောင်းကောင်းနဲ့ စနစ် အသစ်နဲ့တွဲပြီးတော့ ဝင်လိုက်မယ် ဆိုရင် ဝန်ဆောင်မှုနည်းတဲ့လိုင်း သည် သူ့အလိုလိုပျောက်သွားမှာ ပေါ့။အဲ့ဒါမျိုးဆိုရင် ပိုများမကောင်း ဘူးလားပေါ့။ အခုကလည်း ရုတ် တရက်ပြောင်းလဲဖို့လိုအပ်လို့ပြောင်း လဲတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဒီပေါ်မှာတော့မပြောလိုဘူး။ သို့ သော် တကယ်တမ်းကတော့ စနစ် တစ်ခုကနေ ပြောင်းတဲ့နေရာမှာ အနယ်နယ်အရပ်ရပ်ကနေသွားလာ နေတဲ့ ခရီးသွားပြည်သူတွေကို စစ်တမ်းကောက်ယူပြီး လုပ်တာ ကတော့ ပိုပြီးအဆင်ပြေမယ်ထင် တယ်။ အခု အားလုံးစိုးရိမ်နေကြ တာတော့ အကုန်လုံးပါပဲ။