images
UN
UN
ပြောင်းလဲပြေးဆွဲမည့် ယာဉ်လိုင်းသစ်များနှင့် ပြည်သူ့အမြင်
မင်းဟိန်း Tuesday, 10 January 2017
အများပိုင်ကုမ္ပဏီ ရှစ်ခုမှ ယာဉ်လိုင်း ၅၇ လိုင်းဖြင့် ယခုလ ၁၆ ရက်မှစတင်၍ ရန်ကုန်မြို့တွင်း ပြေးဆွဲတော့မည်ဖြစ်သည်။ခရီးစဉ် အလိုက် ယာဉ်စီးခ ကျပ် ၁ဝဝ၊ ကျပ် ၂ဝဝ ၊ ကျပ် ၃ဝဝ သတ်မှတ်ပေးထားပြီး ည ၁ဝ နာရီ အထိ ပြေးဆွဲပေးမည်ဟု သိရ သည်။
ထိုသို့အသစ်ပြောင်းလဲပြေးဆွဲ မည့် ယာဉ်လိုင်းများအပေါ် ပြည်သူ များ၏သဘောထားအမြင်မေးမြန်း ချက်များကို ဖော်ပြလိုက်ပါသည်။
ကျော်လင်းထွန်း(ကမာရွတ်မြို့နယ်)
ယာဉ်လိုင်းတွေ ပြောင်းရင် ဘယ်ကားတွေစီးရမယ်ဆိုတာ ခုထိ မသိသေးပါဘူး။ ၁၆ ရက်မှာ စပြောင်းမယ်ဆိုတာတော့သိတယ်။ သွားမယ့်နေရာကို တိုက်ရိုက် ရောက်မယ့်ကားမရှိဘဲနဲ့ ယာဉ် လမ်းကြောင်းက ပတ်သွားတဲ့ပုံစံ ဖြစ်နေရင်တော့ အချိန်ပိုကုန်မှာ ပေါ့။ ယာဉ်လိုင်းတွေပြောင်းပေ မယ့် ဒရိုင်ဘာနဲ့စပယ်ယာကတော့ အရင်လူတွေပဲဖြစ်နေဦးမှာပါ။ အခု အသစ်ပြေးမယ့် ယာဉ်လိုင်းတွေမှာ ဒရိုင်ဘာနဲ့ စပယ်ယာမရသေးလို့ ခေါ်နေတာဖေ့စ်ဘုတ်ပေါ်မှာ တွေ့ လိုက်တယ်။ လစာက ကျပ်သုံး သိန်း၊ ခေါက်ကြေးက ကျပ်နှစ် ထောင်နဲ့ တစ်နေ့ကို လေးခေါက် ပြေးရမယ်။ အဲ့တော့ အခုမောင်း နေတဲ့သူတွေပဲရမှာ။ သူတို့ပဲလမ်း ကြောင်းကျွမ်းတာ။ လမ်းကြောင်း ကျွမ်းကျင်တဲ့သူတွေပဲ ခေါက်ရေ ပြည့်အောင် မောင်းနိုင်မှာ။

ကိုရဲ(တောင်ဥက္ကလာမြို့နယ်)
ယာဉ်လိုင်းတွေ ပြောင်းသွား တာတော့ ကောင်းပါတယ်။ အများပိုင်ယာဉ်လိုင်းတွေ ထွက် လာတော့ လိုင်းကားနဲ့အလုပ်သွား အလုပ်ပြန်လုပ်နေရတဲ့ သူတွေ အတွက်ကောင်းပါတယ်။ လိုင်း ကားတွေကလည်း စည်းကမ်းရှိရှိနဲ့ မှတ်တိုင်တွေမှာ ရပ်နိုင်ရင်ကောင်း တာပေါ့။ တာမွေအဝိုင်းထိပ်လို နေရာမျိုးဆိုရင် မှတ်တိုင်သီးသန့် မရှိဘဲ သူတို့ရပ်ချင်သလို ရပ်တာ တွေရှိတယ်။ လိုင်းကားတွေက တစ်နေ့ကို လေးခေါက်ပြေးရမယ်။ လေးခေါက်ကျော်ရင် ခေါက်ကြေး နှစ်ဆပေးမယ်ဆိုတော့ အမြန် မောင်းတာတွေပဲဖြစ်မလားပေါ့။ လိုင်းကားတွေဖြစ်တဲ့အတွက် လေး ခေါက်နည်းရင်လည်း ခြောက် ခေါက်ပေါ့။ ည ၁၂ နာရီလောက် အထိရှိရင်တော့ သွားလာရတာ အဆင်ပြေတာပေါ့။ ကားခက လည်း တစ်သမတ်တည်းဖြစ် ရင် ပိုအဆင်ပြေတာပေါ့။