images
UN
UN
မြင်းခင်းပွဲတော် (ကဗျာ)
Tuesday, 10 January 2017
ရှေးခေတ်မြန်မာ စစ်ရေးရာတွင်
ပညာစုံလှ အင်အားပြပွဲ
တက်ကြွ နွဲဟန် အဲမောင်းလှံရေး
ဓားနှင့်လေးမြား မြင်းရေးကျွမ်းမှု
အစုစုဖြင့် မြန်မာမှုအမွေ
ရှိခဲ့ချေလည်း တာရှည်သိမ်းပိုက်
ဖျက်ဆီးလိုက်သည့် စရိုက်ဆိုးညစ်
နယ်ချဲ့စစ်ကြောင့် မွေနှစ်မှေးမှိန်
တိမ်မြုပ်ချိန်ရောက် ဂုဏ်ရှိန်ဖျောက်၍
ကွယ်ပျောက်လုနီး ဖြစ်ခဲ့သည်။
မျက်မှောက်ခေတ်တွင် နောင်သားစဉ်ဆက်
အမွေဆက်ခံ တတ်ကျွမ်းရန်ကို
ကျမ်းဂန်ဖွေရှာ ကြိုးပမ်းကာဖြင့်
ရိုးရာမွေနှစ် ထိန်းသိမ်းဖြစ်အောင်
ဆန်းစစ်ဖော်ထုတ် သင့်ကြပြီ။
အနာဂတ်တွင် ဦးတည်ချက်မှန်
ဇာတိမာန်ကြွ ထက်မြက်ကြရေး
စွမ်းအားပေးသည့် မြင်းရေးအတတ်
မြင်းနှင့်ပတ်သက် ပညာဆက်ဖြစ်
နည်းစနစ်ကို နှောင်းခေတ်လူငယ်
လက်ကမ်းသယ်ပြီး အံ့ဖွယ်ကြံ့ခိုင်
ဖွံ့ဖြိုးနိုင်ရန် ယှဉ်ပြိုင်ဆင်နွှဲ
''မြင်းခင်းပွဲတော်'' ပြာသိုပျော်၍
ကြွေးကြော်အောင်သံ ဟိန်းစေသတည်း။ ။
မိုးပန်းမွန်(ရာမည)