images
UN
UN
ကာကွယ်ဆေးထိုးပြီးနောက် ကလေးငယ်တစ်ဦးသေဆုံးသည့် ကောလာဟလများကြောင့် မောင်တောနယ်စပ်တွင် ကာကွယ်ဆေးထိုးရန်အခက်တွေ့
Rakhine News Agency Tuesday, 10 January 2017
ရခိုင်ပြည်နယ် မောင်တော နယ်စပ်ဒေသ ကျေးရွာများရှိ ကလေးငယ်များကို ကူးစက်ရောဂါ ကာကွယ်ဆေးထိုးနှံသည့်လုပ်ငန်း တွင် ဘင်္ဂါလီများ၏ ငြင်းဆန်မှု ကြောင့် အခက်တွေ့နေကြောင်း သိရသည်။
ယမန်နှစ် ဒီဇင်ဘာလအတွင်း က မောင်တောမြို့နယ်အတွင်းရှိ မန်ကျည်းချောင်း ဘင်္ဂါလီကျေးရွာ မှ လသားအရွယ် ကလေးငယ် တစ်ဦးသည် ကာကွယ်ဆေးထိုးနှံ ပြီးနောက်သေဆုံးခဲ့သည်ဟု ကော လာဟလသတင်းများ ထွက်ပေါ် လာပြီးနောက်ပိုင်း ဘင်္ဂါလီမိဘ များက ၄င်းတို့၏ ကလေးများကို ကာကွယ်ဆေးထိုးနှံရန် ငြင်းဆန် လာကြောင်း မောင်တောမြို့နယ် ကျန်းမာရေးဦးစီးဌာနမှသိရသည်။
''ဒီကာကွယ်ဆေးတွေကို တစ်နိုင်ငံလုံးမှာ ထိုးနေကြတာပါ။ ဒါကို နားလည်သူတွေက ရှင်းပြ ဖို့လိုပါတယ်'' ဟု မောင်တော မြို့နယ်ကျန်းမာရေးမှူး ဦးမောင် အေးသာက ပြောသည်။
ကလေးငယ်များကို ထိုးနှံရ သည့် ရောဂါကာကွယ်ဆေးများ ဖြစ်သည့်ဝက်သက်ရောဂါကာကွယ် ဆေး၊ ပိုလီယိုရောဂါကာကွယ် ဆေး စသည့် ရောဂါကာကွယ် ဆေးများကို မောင်တောနယ်စပ် ဒေသရှိ ကလေးငယ်များကို ထိုးနှံ မှုများ ပြုလုပ်ခဲ့ပြီးနောက် ဘင်္ဂါလီ ကလေးငယ်တစ်ဦး သေဆုံးသည့် သတင်းသည် လူမှုကွန်ရက်စာ မျက်နှာများတွင် ကျယ်ကျယ်ပြန့် ပြန့် ထွက်ပေါ်လာခဲ့သည်။
ဘင်္ဂါလီလူမျိုး အများဆုံးနေ ထိုင်သည့် မောင်တောနယ်စပ်ဒေ သတွင် ဘင်္ဂါလီမိဘများက ၄င်း တို့၏ ကလေးများကို ကာကွယ် ဆေးထိုးနှံရန် ငြင်းဆန်လျက်ရှိ သောကြောင့် ကာကွယ်ဆေးထိုးနှံ ခြင်းလုပ်ငန်းကို ရပ်နားထားရ ကြောင်း သိရသည်။
မောင်တောနယ်စပ်ဒေသတွင် ကာကွယ်ဆေး လွှမ်းခြုံနိုင်မှုသည် ငါးဆယ်ရာခိုင်နှုန်းခန့်သာ ရှိသော ကြောင့် ကူးစက်ရောဂါ အန္တရာယ် များဖြစ်ပေါ်လာမည်ကို စိုးရိမ်ရ ကြောင်း မောင်တောမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရ သည်။