images
UN
UN
မိုးသည်းထန်စွာရွာသွန်းသောကြောင့် အိမ် ၁ဝ လုံးကျော်ရေဘေးသင့်
Dawei Watch Tuesday, 10 January 2017
ထိုင်း-မြန်မာ နယ်စပ်ဖြစ် သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ် အမှတ်(၉) ကျေးရွာတွင် မိုးသည်းထန်စွာရွာ သွန်းသောကြောင့် ယမန်နေ့ ညဦး ပိုင်းက နေအိမ် ၁ဝ လုံးကျော် ရေဘေးသင့်ခဲ့ကြောင်း မောတောင် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက အဆက် မပြတ်ရွာသွန်းခဲ့သည့် မိုးကြောင့် တောင်ပေါ်ရေများစီးဆင်းလာပြီး လူနေအိမ်လေးလုံးမှာ ရေထဲမျော ပါခဲ့ကာ ရှစ်လုံးမှာ ရေမြုပ်ခဲ့ရ ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။
ရေမြုပ်ခဲ့သည့် နေအိမ်များမှာ လက်ရှိအခြေအနေတွင် ရေများပြန် ကျခဲ့သဖြင့် ပုံမှန်အနေအထား ပြန်လည်ရောက်ရှိခဲ့ပြီး ရေမျော နေအိမ်လေးဆောင်မှ မိသားစုများ ကို အမှတ်(၈)ကျေးရွာရှိ ဘုန်း တော်ကြီးကျောင်းတွင် ယာယီနေ ရာချထားပေးကြောင်း အုပ်ချုပ်ရေး မှူရုံးမှသိရသည်။