images
UN
UN
တာချီလိတ်မြို့နယ်တွင် တရားမဝင်ရွှေသတ္တုတူးဖော်သူ တစ်ဖက်နိုင်ငံသားရှစ်ဦးနှင့်ဆက်စပ်ပစ္စည်းများဖမ်းဆီးရမိ
ယူဒီနေ Tuesday, 10 January 2017
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ယနေ့ နံနက်ပိုင်းက တရားမဝင်ရွှေသတ္တု တူးဖော်သူများနှင့်ဆက်စပ်ပစ္စည်း များဖမ်းဆီးရမိခဲ့ကြောင်း တပ် မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ တာချီလိတ်မြို့နယ် ဟွေ့လှမ်းကျေးရွာအနီးတစ်ဝိုက်၌ တရားမဝင် ရွှေသတ္တုတူးဖော်လုပ် ကိုင်နေကြောင်းသတင်းအရ ယနေ့ နံနက် ၄ နာရီခန့်တွင် တပ်မတော် စစ်ကြောင်းက သွားရောက်ရှင်း လင်းရာ ဟွေ့လှမ်းကျေးရွာ၏ အနောက်တောင်ဘက်မီတာ ၂ဝဝဝ ခန့်အကွာ၌ တရားမဝင် ရွှေသတ္တု တူးဖော်နေသော တစ်ဖက်နိုင်ငံ သားရှစ်ဦးနှင့် မြန်မာနိုင်ငံသား ၂ဝ တို့ကို ရွှေတူးဖော်ရာတွင် အသုံးပြု သည့်ဘက်ဟိုးသုံးစီး၊ ဒိုဇာတစ်စီး၊ မြေသယ်ယာဉ်သုံးစီး၊ မော်တော် ယာဉ်တစ်စီး၊ ရေစုပ်စက်သုံးလုံး၊ မီးစက်တစ်လုံး၊ လူနေတဲသုံးလုံး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါယာဉ်များ၊ ရွှေတူးဖော် ရာတွင်အသုံးပြုသည့် ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူ များအား တရားဥပဒေအရအရေး ယူဆောင်ရွက်နိုင်ရန် တာချီလိတ် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ စနစ် တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သိ ရသည်။