images
UN
UN
RB News ဝက်ဆိုက်တွင် ပါရှိသည့်သတင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရာ မမှန်မကန်သတင်းထုတ်လွှင့်ခြင်းသာဖြစ်
Tuesday, 10 January 2017
ရခိုင်ပြည်နယ် မောင်တောမြို့ နယ် ဂေါ်ဒူသာရကျေးရွာ(တောင်) အတွင်းသို့ ဇန်နဝါရီ ၇ ရက် ညနေပိုင်းတွင် တပ်မတော်သား များဝင်ရောက်၍ ရွာသားများအား ရိုက်နှက်ခြင်း၊ ဖမ်းဆီးခြင်း၊ အမျိုး သမီးများအား ရိုက်နှက်ခြင်း၊ လိင် အကြမ်းဖက်ခြင်းနှင့် လုယက်ခြင်း များပြုလုပ်ကာ အမျိုးသားခုနစ်ဦး အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ ကြောင်း ယခုလ ၈ ရက်RB News Website ၌ ရေးသားဖော် ပြခဲ့ခြင်းသည် မမှန်မကန်သတင်း ထုတ်လွှင့်ခြင်းသာဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးက ထုတ်ပြန်သည်။
အဆိုပါသတင်းနှင့်ပတ်သက် ၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်မှ တာဝန်ရှိသူများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များပါ ဝင်သောပူးပေါင်းအဖွဲ့က ယမန် နေ့နံနက် ၁ဝ နာရီတွင် အဆို ပါကျေးရွာသို့ သွားရောက်၍ ကျေးရွာတာဝန်ခံ၊ ရပ်မိရပ်ဖများ၊ ရွာသူရွာသားများနှင့် တွေ့ဆုံကာ သတင်းမှန်ကန်မှုရှိမရှိ စုံစမ်း စစ်ဆေးမေးမြန်းခြင်းများ ဆောင် ရွက်ခဲ့ရာ မှန်ကန်မှုမရှိကြောင်း၊ တပ်မတော်သားများနှင့် နယ်ခြား စောင့်ရဲတပ်ဖွဲ့များအနေဖြင့် ပြစ်မှု တစ်စုံတစ်ရာကျူးလွန်ခဲ့ခြင်းမရှိ ကြောင်းနှင့်သတင်းရေးသားထုတ် လွှင့်မှုများမှာ မမှန်မကန်ရေးသား ထုတ်လွှင့်မှုများသာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။
ထို့ပြင် အဆိုပါRB News Website သည်၂ဝ၁၆နိုဝင်ဘာလ အတွင်းကလည်း ဘင်္ဂါလီများ သေဆုံးမှုနှင့် နေအိမ်များ မီး လောင်ဆုံးရှုံးမှု သတင်းများကို မမှန်မကန်ရေးသားထုတ်လွှင့်ခဲ့ သဖြင့် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ၂ဝ၁၆ နိုဝင်ဘာ ၁၅ ရက်ထုတ်မြဝတီ သတင်းစာတွင် သတင်းမှန်ပြန် ကြားထုတ်ပြန်ခဲ့ရပြီးဖြစ်ပါသည်။
တပ်မတော်အနေဖြင့် မောင် တောဒေသတွင် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး၊ တရား ဥပဒေစိုးမိုးရေးနှင့်နယ်မြေတည် ငြိမ်အေးချမ်းရေးအတွက် ဥပဒေ နှင့်အညီ တာဝန်ရှိအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပြီးထိုသို့လုပ်ဆောင်ရွက်မှု များကိုလည်း အချိန်နှင့်တစ်ပြေး ညီ သတင်းထုတ်ပြန်ပေးလျက်ရှိ ကြောင်း သိရသည်။