images
UN
UN
ပြန်ကြားရေးဝန်ကြီးဌာန၏Webportal ဖြစ်သော www. moi.gov.mm အားDDoS Attack ပြုလုပ်ခံရ
Tuesday, 10 January 2017
ပြန်ကြားရေးဝန်ကြီးဌာနWebportal ကို ယခုလ ၇ ရက် ည ၉ နာရီခွဲမှအစပြု၍ DDoS Attack ဖြင့်တိုက်ခိုက်ခဲ့ပြီး ယခုလ ၈ ရက် နံနက် ၄ နာရီတွင်Webportal ကို ကြည့်ရှု၍မရတော့ ပါသဖြင့်Webportal ကို ပြန်လည်လွှင့်တင်ရန် ဟံသာဝတီData Center ၌ နည်းလမ်းအဆင့်ဆင့် ဖြင့် ပြင်ဆင်ဆောင်ရွက်ခဲ့ပါကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာသည်။
အဆိုပါတိုက်ခိုက်မှုမှာပြည်ပအခြေပြု IP နံပါတ်များဖြင့် အများဆုံးတိုက်ခိုက်ခြင်းဖြစ်သည်ကို စိစစ်တွေ့ရှိရကြောင်း၊ သို့ ဖြစ်၍MPT Gateway အတွင်းသို့ဝင်ရောက်လာသောအန္တရာယ် ရှိသည့်IP များကိုပိတ်ခဲ့ပြီး ယမန်နေ့ည ၇ နာရီ ၃၆ မိနစ်တွင် ပြည်တွင်းတွင်ပြန်ကြားရေးဝန်ကြီးဌာန၏Webportal ဖြစ်သော www. moi.gov.mm ကိုပြန်လည်ကြည့်ရှုနိုင်ပြီဖြစ်သော် လည်းပြည်ပနိုင်ငံများနှင့် Mobile ဖုန်းများမှကြည့်ရှု၍မရသေးပါ ကြောင်းနှင့်ပြည်တွင်းပြည်ပနှင့် Mobile ဖုန်းများမှ www. moi.gov.mm အားပြန်လည်ကြည့်ရှုရရှိနိုင်ရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးကြေညာထားသည်။