images
UN
UN
ဇာတ်ကောင်အတိုင်း ပီပြင်အောင်ကြိုးစားရသလို မိခင်ဘဝမှာလည်း မိခင်ကောင်းပီသအောင် အကောင်းဆုံးကြိုးစားရမှာပဲဆိုတဲ့ အကယ်ဒမီ သက်မွန်မြင့်
Wednesday, 11 January 2017
ယခုလတ်တလော အကယ်ဒမီသက်မွန်မြင့် facebook စာမျက်နှာတွင် ကလေးနှစ်ယောက် မိခင်ဘဝကို သူမပရိသတ်အတွက် မျှဝေပေးခဲ့ပြီး ပုံနှင့်တကွ ရေးသားထားသောစာကို ပရိသတ် သဘောကျနှစ်ခြိုက်ခဲ့သည်။
''ကလေးနှစ်ယောက်အမေဘဝ''နှစ်ယောက် လုံး တစ်ပြိုင်တည်းနိုးလာသောအခါ အိပ်ရေး မဝလို့ အမေကိုပြန်သိပ်စေချင်သော သားနဲ့ နို့ဆာနေသောသမီးကြားက ပရိသတ်တို့ချစ်သော ရွှေမင်းသမီးရဲ့ဘဝ-ဟီးဟီး
နို့ပေးမတိုက်ဘဲ အမေပေါ် အတင်းကုတ် တက်နေသော သားတော်မောင် ဓာတ်ပုံရိုက်မယ် ဆိုတော့ ငြိမ်သွားတုန်း အိပ်ရာပေါ်တင် (ပိုးက မသေးဘူး။ သူငြိမ်အောင်ဒါလေးအသုံးချရတာ)
မီးတွင်း ၄၅ ရက်ကို အလေးပင်မ မရဘူးတဲ့ လေ။ သားတော်မောင်က အဖေမရှိချိန် အမေကို တွယ်ကပ်ကုတ်တက်နေလေတော့ ဖြစ်ချင်တာ ဖြစ်ခါမှဖြစ်ရော။ သူ စိတ်ချမ်းသာဖို့ အရေးကြီး တယ်လေနော့။ (မဆူကြနဲ့နော်)။ အဖေကလည်း အလုပ်မသွားလို့မှမရတာ။
အလုပ်လုပ်တဲ့အချိန်မှာ ဇာတ်ကောင်အတိုင်း ပီပြင်အောင်ကြိုးစားရသလို မိခင်ဘဝမှာလည်း မိခင်ကောင်းပီသအောင် အကောင်းဆုံး ကိုယ့် ဘက်က ကြိုးစားရမှာပဲလေနော်။ ဒီလိုချိန် ကြည်နူးရတာ ဘာနဲ့မှလည်းမတူပါဘူး။
(လွမ်းတယ်။ ပုံတင်ပေးပါပြောလို့ ပြင်ဆင် ပြီး လှပနေတာမဟုတ်ပေမယ့် သဘာဝနဲ့ အဓိပ္ပာယ်ရှိတယ်ထင်လို့ ဒီပုံလေးတင်ပေးတာ ပါ။ မျက်နှာတော့ မတင်ရဲသေးဘူး။ လန့်မှာစိုး လို့)ဟု ဇန်နဝါရီ ၈ ရက်က သက်မွန်မြင့်က ရေးသားမျှဝေထားသည်။
သက်မွန်မြင့်က ဒုတိယရင်သွေးကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလအတွင်းက မွေးဖွားခဲ့သည်။