images
UN
UN
သရုပ်ဆောင်အလုပ်ကို ရေရှည်ရပ်တည်နိုင်တဲ့ နေရာတစ်ခုရအောင် ကြိုးစားချင်တယ်ဆိုတဲ့ မြတ်သူသူဇင်
Wednesday, 11 January 2017
သရုပ်ဆောင်မြတ်သူသူဇင်က အကယ်ဒမီထူးချွန်ဆုပေးပွဲတွင် သူမ အားပေးပြီး အကယ်ဒမီရစေချင်သည့် အနုပညာရှင်များကို ပြောပြခဲ့သည်။
''ဘယ်သူတွေ ရစေချင်တယ်လို့တော့ မရှိဘူး။ တော်တဲ့သူတွေ ရမှာပဲ ပေါ့။ ကိုယ့်အနုပညာထဲက စီနီယာ အစ်ကိုအစ်မတွေပဲဆိုတော့ အကုန်လုံးကို အားပေးတယ်။ ပရိသတ်တွေ အများဆုံးပြောကြတာဆိုရင် အခုဆို မသက်မွန်၊ ကိုထွန်းထွန်းတို့ကို အကယ်ဒမီရမယ်လို့ ပြန်ကြားရတယ်။ ညီမအနေနဲ့ဆို မအူဝဲကို ရစေချင်တယ်။ သက်မွန်လည်းကြိုက်တယ်။ဝတ်မှုံရောပဲ၊ သူတို့ သုံးယောက်ကြိုက်တယ်။ ကိုမြင့်မြတ်ဆို အရမ်းသရုပ်ဆောင်ကောင်းလို့ ရစေချင်တယ်''ဟု မြတ်သူသူဇင်က ပြောကြားသည်။
ဆက်လက်ပြီး မြတ်သူသူဇင်က သရုပ်ဆောင်အလုပ်အပေါ်ခံယူချက် ကို''လုပ်ချင်တဲ့ အလုပ်ကလေး ရေရှည်လုပ်ချင်တယ်။ အဲဒီအတွက် ကြိုးစား နေမယ်။ ဒီအလုပ်က ကိုယ်အရမ်းဝါသနာပါတယ်။ ဒီလမ်းကြောင်း ပေါ်လည်းရောက်နေပြီ၊ ဒီအလုပ်နဲ့ခွဲခွာပြီး တခြားအလုပ်တစ်ခုက သေချာတယ်မလုပ်ဖြစ်တော့ဘူး။ အသက်မွေးဝမ်းကျောင်းကလည်း ဒါပဲ။ ကိုယ့်ရဲ့ စီးပွားရေးကလည်း ဒါပဲ။ ကိုယ့်ရဲ့ဝါသနာကလည်း ဒါပဲပေါ့။ အဲဒီအတွက်ကြောင့်မို့ ရေရှည်ရပ်တည်နိုင်တဲ့ နေရာ တစ်ခုရအောင် ကြိုးစားချင်တယ်''ဟုထပ်မံပြောကြားခဲ့သည်။
ယခုလတ်တလော သူမက ဒါရိုက်တာညိုမင်းလွင်နှင့် ဗီဒီယိုဇာတ်ကားရိုက်ကူးဖို့ရှိပြီး ဖေဖော်ဝါရီမှာ ဇာတ်လမ်းတွဲ တစ်ခု စတင်ရိုက်ကူးမည်ဖြစ်ကြောင်းသိရသည်။