images
UN
UN
ကောင်းပြည့် နဲ့ ငွေမှုံရတီ တို့ရဲ့ ဧပရယ်တစ်ရေးနိုး
Wednesday, 11 January 2017
ပရိသတ်အားပေးမှု အခိုင် အမာရရှိထားသည့် သရုပ်ဆောင် ကောင်းပြည့်နှင့် ငွေမှုံရတီတို့ တွဲ ဖက်၍ ဧပရယ်တစ်ရေးနိုး ဗီဒီယို ဇာတ်ကားရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။
ယင်းဇာတ်ကားကိုစန္ဒာဘုဏ်း က စီစဉ်ပြီး ရွှေစန္ဒာမင်းရုပ်ရှင် ထုတ်လုပ်ရေးမှ ထုတ်လုပ်ရိုက်ကူး မည်ဖြစ်ကြောင်း မယ်ခိုင်ရေးသား သည့်ဇာတ်လမ်းကို ဒါရိုက်တာနှင့် ဇာတ်ညွှန်းရေးသားသူဇော်မြင့်ဦးက ရိုက်ကူးသွားမည်ဖြစ်ပြီး ကောင်း ပြည့်၊ ငွေမှုံရတီ၊ ငြိမ်းသူအောင်၊ စိုင်းအောင်တင့်၊ မင်းညိုအောင်၊ ခင်မို့မို့အေး၊ တင်ဇာဝင်းပြည့်၊ နန်း ထိပ်ထားစံ၊ ရှင်မင်းဆက်နှင့် အခြားသရုပ်ဆောင်ပေါင်းများစွာ မှ ပါဝင်ကြမည်ဖြစ်သည်။
ယင်းဇာတ်ကားတွင် အဓိက ဇာတ်ဆောင်အနေနဲ့ ပါဝင်ထားတဲ့ သရုပ်ဆောင် ကောင်းပြည့်က ''ဒီ ဇာတ်ကားလေးက လူငယ်အချစ် ဖန်စီဇာတ်ကားလေးပါ။ သင်္ကြန် ဇာတ်လမ်းလေးပေါ့။ ပေါ့ပေါ့ပါး ပါးပဲ။ သရုပ်ဆောင်ရမှာ ဇာတ် လမ်းက အေးဆေးနေတတ်တဲ့ လူငယ်တစ်ယောက် ကာရိုက်တာ နဲ့ သရုပ်ဆောင်ရမှာပါ။ လူငယ် ကြိုက် အချစ်ဇာတ်လမ်းလေးပါ။ သင်္ကြန်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အချစ်ဇာတ်လမ်းပုံစံလေးပါ။ ပရိ သတ်တွေ ကြိုက်နှစ်သက်မယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်''ဟု ပြောသည်။
ဇာတ်ကားမှာ အဓိကအမျိုး သမီးဇာတ်ဆောင်အနေနဲ့ အဓိက ပါဝင်သရုပ်ဆောင်မယ့် ငွေမှုံရတီ ကလည်း ''ဒီဇာတ်ကားလေးက သင်္ကြန်အချစ်ဇာတ်ကားလေးပါ။ ငွေမှုံကတော့ ခပ်သွက်သွက် မိန်း ကလေးတစ်ယောက်အနေနဲ့ ပါဝင် သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ငွေမှုံအနေနဲ့ကတော့ ဇာတ်နဲ့ကိုက် ညီမှုရှိအောင်အကောင်းဆုံးပြင်ဆင် ထားပါတယ်။ငွေမှုံကိုပရိသတ်တွေ ဝေဖန်အကြံပေးကြပါလို့ တောင်း ဆိုပါတယ်''ဟု ပြောခဲ့သည်။