images
UN
UN
MPT မှလှူဒါန်းမှုပြုလုပ်နိုင်မည့်ဝက်ဘ်ဆိုက်စာမျက်နှာသစ်စတင်မိတ်ဆက်
ဝေဝေဖြိုး၊မျိုးပပစန်း Wednesday, 11 January 2017
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)မှလှူဒါန်းမှုများပြုလုပ်နိုင် မည့်လိုတရစေတနာကမ်းလက်များ အမည်ရ ဝက်ဘ်ဆိုက်စာမျက်နှာ သစ်မိတ်ဆက်ပွဲ အခမ်းအနားကို ယခုလ ၉ ရက်က ဆူးလေရှန်ဂရီ လာဟိုတယ်၌ ကျင်းပခဲ့သည်။
MTP မိုဘိုင်းလ်ဖုန်းသုံးစွဲသူ များအနေဖြင့် မြန်မာနိုင်ငံ၏ ပထမ ဆုံးဖြစ်သော အဆိုပါလှူဒါန်းရေး ဝက်ဘ်ဆိုက်စာမျက်နှာသစ်မှတစ် ဆင့်မိမိတို့နှစ်သက်ရာ အစီအစဉ် နှင့်ပတ်သက်၍ လှူဒါန်းမှုပြုလုပ် ခြင်းမပြုမီပရဟိတလူမှုအဖွဲ့အစည်း များ၏ လှုပ်ရှားမှုပုံရိပ်များနှင့် အစီ အစဉ်များကို ဝင်ရောက်ကြည့်ရှုနိုင် ပြီး မိမိနှစ်သက်သည့်အဖွဲ့အစည်း များနှင့် အစီအစဉ်ကိုရွေးချယ်နိုင် မည်ဖြစ်ကြောင်း MPT-KSGM Joint Operations မှ အမှုဆောင် အရာရှိချုပ် Mr. Toshi take Ama-miya ကပြောသည်။
''ဒီလိုထူးခြားတဲ့ဝက်ဘ်ဆိုက် စာမျက်နှာကနေတစ်ဆင့် အမျိုးမျိုး သော ပရဟိတလူမှုအကျိုးပြုလုပ် ငန်းတွေကို နိုင်ငံတစ်ဝန်းမှာဆောင် ရွက်နေကြတဲ့ အဖွဲ့အစည်းတွေနဲ့ MPT သုံးစွဲသူတွေကို ချိတ်ဆက် ပေးမှာဖြစ်တဲ့အတွက်သုံးစွဲသူတွေ ဟာ အခုဆိုရင် မိုဘိုင်းလ်ဖုန်းတွေ ပေါ်ကနေ လွယ်လွယ်ကူကူလျင် လျင်မြန်မြန်နဲ့ စိတ်ချလက်ချလှူ ဒါန်း နိုင်မှာဖြစ်ပါတယ်။ ဒီအဖွဲ့ အစည်းကြီးတွေကို လွှဲပြောင်းပေး သွားမယ့် ရန်ပုံငွေအားလုံးဟာ MPT သုံးစွဲသူတွေဆီက လှူဒါန်း တာဖြစ်တဲ့အတွက် မြန်မာလူမျိုး တို့ရဲ့ လှူဒါန်းရက်ရောမှုကိုဖော်ပြ နေသလိုပဲဖြစ်ပါတယ်''ဟု ¤င်း ကပြောသည်။
ယင်းကဲ့သို့လှူဒါန်းလိုပါက လိုတရဝက်ဘ်ဆိုက်ကို အသုံးပြု ၍ စေတနာကမ်းလက်များအမည် ရပုံနှင့် လင့်မှဝင်ရောက်နိုင်ပြီး အဆိုပါစာမျက်နှာတွင်ပါဝင်သော လှုပ်ရှားမှုအစီအစဉ်များထဲမှ နှစ် သက်ရာတစ်ခုကိုရွေးချယ်ကာ မိမိ တို့၏ ဏြွှဖုန်းလက်ကျန်ငွေမှ လှူဒါန်းလိုသော ငွေပမာဏကို ထပ်မံရွေးချယ်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် လှူဒါန်းမှုအတည် ပြု မပြု စာတန်းပေါ်လာပါက အတည်ပြုကြောင်းနှိပ်၍ မိမိ ရွေး ချယ်ထားသော အစီအစဉ်ကုဒ် နံပါတ်နှင့် အလှူငွေပမာဏကို ပြန် လည်စစ်ဆေးပြီး လှူဒါန်းမှုပြီးစီး ကြောင်းစာတိုတစ်စောင်ကို MPT မှပေးပို့သွားမည်ဖြစ်ကြောင်း သိရ သည်။
အလှူငွေပမာဏကို မိမိ၏ဖုန်း လက်ကျန်ငွေမှ ဖြတ်တောက်မည် ဖြစ်ပြီး လှူဒါန်းမှုအတွက် အပိုဝန် ဆောင်ခ ထပ်မံပေးဆောင်ရန်မလို ဘဲ လှူဒါန်းလိုက်သောငွေပမာဏ အားလုံးမှာမိမိတို့ရွေးချယ်ထားသော အစီအစဉ်များထံသို့ အပြည့်အဝ ရောက်ရှိမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ဝက်ဘ်ဆိုက်စာမျက် နှာသစ်ကို လူမှုအဖွဲ့အစည်း ၁ဝဖွဲ့ ဖြစ်သည့် ဖောင်တော်ဦးဘုန်းတော် ကြီးသင်ပညာရေးကျောင်း၊ နာရေး ကူညီမှုအသင်း(ရန်ကုန်)၊ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်း၊ဆည်းဆာ ရိပ်ဂီလာနဘိုးဘွားများရိပ်သာ၊ ပြည်ကြီးခင်လူမူရေးအသင်း၊ ရွှေ မင်းသားဖောင်ဒေးရှင်း၊ လမ်းသစ် ဖောင်ဒေးရှင်း၊ သဘာဝတရား ရိပ်သာ(သန်လျင်)၊ လူမှုဖွံ့ဖြိုးတိုး တက်ရေးအသင်းနှင့်ဂျပန်ငြိမ်းချမ်း ရေးလေညှင်းလေးများ (Peace Wind)အဖွဲ့အစည်းတို့နှင့် ချိတ် ဆက်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။