images
UN
UN
မြောက်ကိုရီးယားဒုံးကျည်များ၏ခြိမ်းခြောက်နိုင်စွမ်းကို စိုးရိမ်ရမည်မဟုတ်သေးဟုဆို
Wednesday, 11 January 2017
အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာက မြောက်ကိုရီး ယားမှ စမ်းသပ်ပစ်လွှတ်လျက်ရှိသော ဒုံးကျည်များမှာ အန္တရာယ်ပေး နိုင်သည့်အနေအထားရှိသည်ဟု စိုးရိမ်ဖွယ်ရာမရှိခြင်းကြောင့် မြောက်ကို ရီးယားဒုံးကျည်များကို ပစ်ချမှုပြုလုပ်မည်မဟုတ်ဟု ပြောကြားခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။
အက်ရှ်ကာတာသည် အမေရိကန်သမ္မတသစ်ဒေါ်နယ်ထရန့်က ¤င်း၏ ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာတွင် မြောက်ကိုရီးယား၏နျူကလီးယား ရည်မှန်းချက်များနှင့်ပတ်သက်၍ ထင်မြင်ချက်များရေးသားခဲ့ပြီးနောက် တွင် ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ အက်ရှ်ကာတာက ''မြောက် ကိုရီးယားဟာ တာဝေးပစ်ဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်ဖို့ လုပ်နေပေမဲ့ လက်ရှိအချိန်ထိ အမေရိကန်ဘက်က စောင့်ကြည့်တာကလွဲ ပြီး ဘယ်လိုတုံ့ပြန်မှုမျိုးမှမလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မြောက်ကိုရီးယားဒုံးကျည်တွေဟာ ခြိမ်းခြောက်နိုင်စွမ်းနဲ့ အန္တရာယ်ပေးနိုင်စွမ်း နိမ့်ပါးနေလို့ပါပဲ။ ဒါပေမဲ့ ဘယ်လိုအကျိုးသက် ရောက်မှုရှိတယ်ဆိုတာကိုတော့ စောင့်ကြည့်မှာပါ''ဟု ပြောသည်။