images
UN
UN
အမေရိကန်သံရုံးကြောင့် အစ္စရေးနှင့်ပါလက်စတိုင်းကြားတွင် တင်းမာမှုများမြင့်တက်
Wednesday, 11 January 2017
အစ္စရေးနိုင်ငံရှိ အမေရိကန်သံရုံးကို တဲလ်အဗစ်မြို့မှ ဂျေရုဆလင်မြို့ သို့ ပြောင်းရွှေ့မည့်အစီအစဉ်ကြောင့် အစ္စရေးနှင့်ပါလက်စတိုင်းကြား တွင် တင်းမာမှုများမြင့်တက်လျက်ရှိကြောင်း အင်ဒီပန်းဒန့်သတင်းစာက ဖော်ပြသည်။
ဂျေရုဆလင်သည် အစ္စရေးပိုင်နက်အတွင်း၌ တည်ရှိသော်လည်း ဘာသာရေးအရ နှစ်ဖက်စလုံးအတွက် ကြီးမြတ်သည့်မြို့ဖြစ်နေခြင်း ကြောင့် အမေရိကန်သံရုံးကို ဂျေရုဆလင်သို့ ရွှေ့ပြောင်းခြင်းမှ အစ္စရေး အစိုးရက အသာစီးရယူလိုသည့်သဘောဖြင့် ဆောင်ရွက်ခြင်းဖြစ်နိုင် သည်ဟု ပါလက်စတိုင်းဘက်မှယူဆလျက်ရှိသည်။ ပါလက်စတိုင်းအစိုးရ ဘက်မှ အဆင့်မြင့်ခေါင်းဆောင်များက ဂျေရုဆလင်သို့ အမေရိကန်သံရုံး ရွှေ့ပြောင်းမည့်အစီအစဉ်ကို အတည်ပြုလုပ်ဆောင်ခဲ့မည်ဆိုပါက အစ္စရေး နှင့်ပါလက်စတိုင်းကြားတွင် ရယူထားသောသဘောတူညီမှုများကို အသိ အမှတ်ပြုတော့မည်မဟုတ်ဟု ခြိမ်းခြောက်ခဲ့သည်။ အစ္စရေးနှင့်ပါလက် စတိုင်းသည် ပြီးခဲ့သည့်နှစ်ပိုင်းများအတွင်း အပြန်အလှန်ထိပ်တိုက်ရင် ဆိုင်မှုများဖြစ်ပွားခဲ့သည့်အပြင် အစ္စရေးက အနောက်ဘက်ကမ်းတွင် အိမ်ရာများတည်ဆောက်ရန် စီစဉ်နေခြင်းကြောင့် တင်းမာမှုများမြင့်တက် လျက်ရှိသည်။