images
UN
UN
ကုလအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း၏ ညီဖြစ်သူနှင့်တူတို့ လာဘ်ပေးမှုဖြင့် တရားစွဲခံရ
နောင်နောင် Wednesday, 11 January 2017
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်းဘန်ကီမွန်း၏ ဆွေမျိုးနှစ်ဦးကိုအစိုးရအရာရှိတစ်ဦးအားလာဘ်ပေးကာ လျှို့ဝှက် ပူးပေါင်းကြံစည်မှုဖြင့် အမေရိကန်အစိုးရရှေ့နေများက တရားစွဲဆို လိုက်ကြောင်းသိရသည်။မစ္စတာဘန်ကီမွန်း၏ ညီဖြစ်သူဘန်ကီဆန်နှင့် ၄င်းရဲ့သားမစ္စတာဘန်၏ တူတော်သူဂျိုဟွန်ဘန်တို့သည် အမေရိကန် ကြားခံလူမှ တစ်ဆင့်အရှေ့အလယ်ပိုင်းနိုင်ငံတစ်ခု၏ အစိုးရအရာ ရှိတစ်ဦးထံသို့ လာဘ်ထိုးငွေများပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။၎င်းတို့သားအဖ နှစ်ဦးသည် အဆိုပါအရာရှိအား ၄င်းတို့၏အဆောက် အအုံ ပရောဂျက်ကို ဝယ်ယူရာတွင်နိုင်ငံပိုင်ရန်ပုံငွေများအသုံးပြုရန် လာဘ်ထိုးခဲ့ခြင်းဖြစ်ကြောင်းစွပ်စွဲခံထားရခြင်းဖြစ်သည်။
၂ဝ၁၃ ခုနှစ် အစောပိုင်း၌ဘန်ကီမွန်း၏ညီဖြစ်သူဦးဆောင်လုပ် ကိုင်နေသည့် တောင်ကိုရီးယားဆောက်လုပ်ရေးကုမ္ပဏီ Keangnamonf ကြွေးမြီများတင်ရှိခဲ့သည့်အတွက် ဗီယက်နမ်နိုင်ငံရှိ ၄င်း ကုမ္ပဏီပိုင် Landmark 72 အမည်ရှိ အဆောက်အအုံတစ်ခုကို ရောင်း ချရန်စီစဉ်ခဲ့ရခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးမှူးများကပြော ကြားခဲ့သည်။ မက်ဟမ်တန် တရားရုံး၏ ယမန်နေ့တွင် ထုတ်ပြန်ခဲ့ သည့် ၃၉ မျက်နှာပါ အမှုစွဲဆိုမှုစာရွက်စာတမ်းများအရ ၄င်းတို့ နှစ်ဦးသည် အမေရိကန်ဒေါ်လာသန်း ၈ဝဝ တန် အဆောက်အအုံ ရောင်းချခြင်းမှ ဒေါ်လာသန်းနှင့်ချီကာအကျိုးဆောင်ခရယူခဲ့ကြောင်း သိရသည်။ ဘန်ကီမွန်း၏ ညီနှင့်သားဖြစ်သူတို့သည် နယူးယောက် တွင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်နေသူများဖြစ်သည်။
ဘန်ကီမွန်း၏ ညီနှင့်တူတော်စပ်သူတို့သည် ၄င်းတို့မိသားစု၏ ထင်ပေါ်ကျော်ကြားမှုကိုအသုံးချပြီးကုလသမဂ္ဂ အထွေထွေညီလာခံ သို့တက်ရောက်ရန် နယူးယောက်မြို့သို့ရောက်ရှိလာသည့် အမည် မဖော်ပြထားသည့် အရှေ့အလယ်ပိုင်း နိုင်ငံတစ်နိုင်ငံ၏ အစိုးရအရာရှိ တစ်ဦးကိုလာဘ်ငွေပေးစည်းရုံးကာ အဆိုပါနိုင်ငံအနေဖြင့် ဗီယက်နမ် ရှိ အဆောက်အအုံတစ်ခုကိုဝယ်ယူဖြစ်ရန် လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်အာဏာပိုင်များကပြောကြားခဲ့သည်။ ၄င်းတို့ သားအဖ နှစ်ဦးသည် အကျင့်ပျက်ခြစားမှု၊ ငွေကြေးခဝါချမှုနှင့်ပူးပေါင်းကြံစည် မှုတို့ဖြင့် စွဲချက်တင်ခံထားရကြောင်းသိရသည်။ မစ္စတာဘန်ကီမွန်း အနေဖြင့်မူ အဆိုပါအကြောင်းကိစ္စများနှင့်ပတ်သက်ပြီး တစ်စုံ တစ်ရာမသိရှိကြောင်း ၄င်း၏ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ သည်ဟု လည်းသိရသည်။