images
UN
UN
အာဖဂန်နစ္စတန်တွင် တာလီဘန်အသေခံဗုံးခွဲမှုများကြောင့် လူ ၃ဝ ကျော်သေဆုံး ၈ဝ ခန့်ဒဏ်ရာရ
အလင်းသစ် Wednesday, 11 January 2017
အာဖဂန်နစ္စတန်နိုင်ငံကဘူးလ် မြို့တော်တွင် ယမန်နေ့ကဖြစ်ပွားခဲ့ သည့်စစ်သွေးကြွများ၏ အသေ ခံဗုံးဖောက်ခွဲမှုနှစ်ခုအတွင်းလူ ၃ဝ ကျော်သေဆုံးပြီး ၈ဝခန့်ဒဏ်ရာရ ရှိခဲ့ကြောင်း အာဖဂန်အာဏာပိုင် များ၏ပြောကြားချက်အရသိရသည်။
လက်နက်ကိုင်စစ်သွေးကြွများ သည် လွှတ်တော်ရုံးဝင်းအတွင်းမှ ထွက်ခွာလာကြသည့် အရာရှိများ ၏ယာဉ်တန်းကိုပစ်မှတ်ထားတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သေဆုံးသွားသူများထဲတွင်ထိပ်တန်း လုံခြုံရေးအရာရှိများ၊အရပ်သားများ နှင့် လွှတ်တော်အမတ်များ ပါဝင် ကြောင်း သိရသည်။ ကဘူးလ်မြို့ အပြင်ဘက် Darulaman နန်းတော် ဟောင်းတည်ရှိရာနေရာရှိ လွှတ် တော်ရုံးအနီးတွင်အသေခံဗုံးဖောက် ခွဲခဲ့ပြီးနောက် ခဏအကြာတွင် ထိခိုက်သေဆုံးမှုများ ပိုမိုများပြား စေရန် ရည်ရွယ်ချက်ဖြင့် ဗုံးခွဲသူ နောက်တစ်ဦးကလည်း ဖောက် ခွဲရေးပစ္စည်းများအပြည့် တင်လာ သည့်ကားဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်ဟု သတင်းဌာနများ က ဖော်ပြခဲ့ကြသည်။
ယင်းတိုက်ခိုက်မှုများသည် ၄င်းတို့၏လက်ချက်ဖြစ်ကြောင်းနှင့် ထောက်လှမ်း ရေးအဖွဲ့အရာရှိကြီး များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း ဖြစ်သည်ဟုတာလီဘန်သူပုန်အဖွဲ့က ထုတ် ပြန်ကြေညာခဲ့ကြောင်း သိရ သည်။ နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့Amnesty International အဖွဲ့ကအရပ်သားများ၏ အသက် ကိုအလေးမထားကြောင်းပြသသည့် လုပ်ရပ်များအတွက် တာလီဘန် အဖွဲ့ကို ပြင်းထန်စွာရှုတ်ချခဲ့ပြီး၊ သေဆုံးဒဏ်ရာရသူများအတွက် တရားမျှတမှုရှိစေရန် မှန်ကန်မှု ထိရောက်သည့် စုံစမ်းစစ်ဆေး အရေးယူမှုများကို ချက်ချင်းလုပ် ဆောင်ပေးရန်လည်း တောင်းဆိုခဲ့ သည်ဟုသိရသည်။ကယ်ဆယ်ရေး လုပ်သားများအနေဖြင့် ထိခိုက် ဒဏ်ရာရသူများကို ဆေးရုံများဆီ သို့ ပို့ဆောင်ပေးခဲ့ကြသော်လည်း ယာဉ်ကြောပိတ်ဆို့မှုများကြောင့် နှောင့်နှေးမှုများဖြစ်ခဲ့ရကြောင်းလည်း သိရသည်။ ြၽန္ၚ ႀႀဃ ၿနတ်