images
UN
UN
တရုတ်စူပါလိဂ်အား ဥရောပအသိုင်းအဝိုင်းက စိုးရိမ်စရာမလိုဟု အန်ဆယ်လော့တီဆို
Wednesday, 11 January 2017
ဘိုင်ယန်မြူးနစ်နည်းပြ အန် ဆယ်လော့တီက ကစားသမားများ သည် ငွေကြေးတစ်ခုတည်းကိုသာ ကြည့်ကြမည်မဟုတ်ဘဲ ကမ္ဘာ့ အကောင်းဆုံးပြိုင်ပွဲများတွင်ကစား လိုသည့်ဆန္ဒလည်းရှိမည်ဖြစ်၍ တရုတ်စူပါလိဂ်အား စိုးရိမ်စရာ မရှိကြောင်း ပြောကြားလိုက်သည်။ မကြာသေးမီ ရက်သတ္တပတ်များ အတွင်း တီဗက်ဇ်၊ အော်စကာ၊ မီခေးလ် စသောထိပ်တန်းကစား သမားများကို တရုတ်စူပါလိဂ်က ခေါ်ယူနိုင်ခဲ့သည်။ စူပါလိဂ်သို့ ပြောင်းရွှေ့ခဲ့သော အော်စကာက လည်း ပရီးမီးယားလိဂ်အား ယှဉ် ပြိုင်နိုင်မည့်အဆင့်မျိုး ရှိလာလိမ့် မည်ဟု ပြောကြားခဲ့ရာ အန်ဆယ် လော့တီက ပြန်လည်တုံ့ပြန်ခဲ့ခြင်း လည်းဖြစ်သည်။
''လပိုင်းအတွင်းကပဲထိပ်တန်း ကစားသမားတော်တော်များများကို သူတို့ ခေါ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ ယှဉ်ပြိုင်မှုအား အကောင်းဆုံးပြိုင်ပွဲက ဥရောပမှာ ပဲရှိနေပါသေးတယ်။ ကစားသမား တွေကလည်းငွေကြေးတစ်ခုတည်း ကြောင့် ကစားနေကြတာမဟုတ်ပါ ဘူး။ ဥရောပဘောလုံးလောကဟာ လုံခြုံမှုရှိနေပါသေးတယ်''ဟု အန် ဆယ်လော့တီက ဆိုခဲ့သည်။