images
UN
UN
ကစားသမားများစောစီးစွာအောင်ပွဲခံခြင်းကို မော်ရင်ဟိုဝေဖန် လီဗာပူးနှင့်ပွဲအတွက် အီဘရာဟီမိုဗစ် အဆင်သင့်ရှိနိုင်လိမ့်မည်ဟုပြောကြား
Wednesday, 11 January 2017
မန်ယူနည်းပြ မော်ရင်ဟိုက ဟူးလ်စီးတီးနှင့်ကစားခဲ့သည့် လိဂ် ဖလားဆီမီးဖိုင်နယ် ပထမအကျော့ ပွဲတွင် အဖွင့်ဂိုးသွင်းယူပြီးနောက် အောင်ပွဲခံခဲ့ကြသော မာတာအပါ အဝင် မန်ယူကစားသမားများ၏ အောင်ပွဲခံပုံနှင့်ပတ်သက်၍ ဝေဖန် ပြောကြားလိုက်သည်။ အဆိုပါပွဲ တွင် မာတာသည် ပွဲချိန် ၅၆ မိနစ် ၌ အမ်ခီတာရန်၏ ဖန်တီးမှုမှ တစ်ဆင့် ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ် သည်။ မော်ရင်ဟိုက ဒုတိယ အကျော့ပွဲစဉ် ကစားရန်ကျန်ရှိနေ သေးသည့်အပြင် ပထမအကျော့ ပွဲစဉ်လည်း ယှဉ်ပြိုင်နေဆဲကာလ ဖြစ်သောကြောင့် ကစားသမားများ အနေဖြင့် ယင်းကဲ့သို့ လွန်လွန်ကြူး ကြူး အောင်ပွဲခံမှုမျိုးမဖြစ်သင့်ဟု ဝေဖန်ပြောကြားခဲ့သည်။
''ဖလားပွဲတွေမှာ သွင်းဂိုး တိုင်းက ကျေနပ်စရာဖြစ်ပေမယ့် ပွဲကစားဖို့ နာရီဝက်လောက်ကျန် နေသေးတဲ့အချိန်မှာ ဘာကြောင့် ဒီလိုပုံစံမျိုးနဲ့ အောင်ပွဲခံခဲ့ကြသလဲ ဆိုတာ ကျွန်တော် စဉ်းစားလို့မရ ပါဘူး။ ကျွန်တော့်အထင်တော့ မဖြစ်သင့်တဲ့အခြေအနေပါ''ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။
ဆက်လက်၍ မော်ရင်ဟိုက လီဗာပူးနှင့်ကစားမည့် ပွဲစဉ်ကို တိုက်စစ်မှူး အီဘရာဟီမိုဗစ် အဆင်သင့်ရှိနိုင်သည်ဟု ပြော ကြားလိုက်သည်။ အီဘရာဟီမို ဗစ်သည် ဟူးလ်စီးတီးနှင့်ပွဲကို ပါ ဝင်ကစားနိုင်မည်ဟု နည်းပြမော် ရင်ဟို၏ အတည်ပြုခြင်းခံခဲ့ရသူ ဖြစ်သော်လည်း အဖျားရောဂါခံစား ခဲ့ရသောကြောင့် လွဲချော်ခဲ့သူဖြစ် သည်။ မော်ရင်ဟိုက ဟူးလ်စီးတီး နှင့်ပွဲကို မိုဗစ်လွဲချော်ခဲ့သည့် အကြောင်းအရင်းအား ရှင်းလင်း ပြောကြားခဲ့ပြီးနောက် လီဗာပူးနှင့် ပွဲကိုပါဝင်နိုင်ရန် ပြဿနာမရှိနိုင် ကြောင်း ဖွင့်ဟခဲ့ခြင်းဖြစ်သည်။ ထို့အပြင် မော်ရင်ဟိုက လီဗာပူး နှင့်ကစားမည့်ပွဲတွင် ပရိသတ်များ ၏ ပိုမိုဆူညံသောအားပေးပုံကို မျှော်လင့်သည်ဟုလည်း တိုက် တွန်းသွားခဲ့သည်။
မန်ယူနှင့် ဆက်စပ်သတင်း တစ်ရပ်၌ ကွင်းလယ်လူရှနိုက်ဒါ လင်အား ရောင်းချရန် အဲဗာတန် နှင့်ပြောင်းရွှေ့ကြေး သဘောတူညီ ချက်ရရှိခဲ့သည်ဟု သိရသည်။ ရှနိုက်ဒါလင်၏အပြောင်းအရွှေ့ အတွက် မန်ယူသည် ပေါင် ၂၄ သန်းဝန်းကျင် ရရှိလိမ့်မည်ဟု ဒေး လီးမေးလ်သတင်းဌာနက ဖော်ပြ သည်။ ဗုဒ္ဓဟူးနေ့တွင် ဂွတ်ဒီဆင် ပါ့ခ်၌ ဆေးစစ်မှုခံယူခဲ့ပြီး ယခု တစ်ပတ်အတွင်း အပြောင်းအရွှေ့ ဖြစ်လာမည်ဟု သိရသည်။