images
UN
UN
ပုပ္ပားတောင်ဝန်းကျင်တွင် သဘာဝအခြေပြုခရီးသွားလုပ်ငန်းစစ်တမ်းကောက်ယူမှု သက်ဆိုင်ရာအဆင့်ဆင့်သို့ တင်ပြသွားမည်
စိုးစိုးစံ Wednesday, 11 January 2017
ပုပ္ပားတောင်ဝန်းကျင်တွင် သဘာဝအခြေပြုခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရန် စစ်တမ်းကောက် ယူမှုကို သက်ဆိုင်ရာအဆင့်ဆင့်သို့ တင်ပြသွားမည်ဖြစ်ကြောင်း ယူ နက်စကိုမှတာဝန်ရှိသူဦးသန်းထွန်း က ပြောသည်။
စစ်တမ်း ကောက်ယူမှုကို သဘာဝသစ်တောများ၊ ရေထွက် များ မပျက်စီးစေရန်နှင့်ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းနှင့် စီးပွားရေးတိုးတက်စေရန် ရည်ရွယ် ပြုလုပ်ခြင်းဖြစ်သည်။အဆိုပါ သဘာဝအခြေပြုခရီး သွားလုပ်ငန်းအဖြစ် ဒေသခံ ကျေးရွာများ၏ ဓလေ့စရိုက် များ၊ မြန်မာ့ရိုးရာအစားအစာ များ၊ ဆီကြိတ်သရုပ်ပြခြင်း၊ ထယ်ထိုးသရုပ်ပြခြင်း၊ သဘာဝ ဖြစ်ပေါ်နေသောအလှကျောက် များ၊ ဝါးဖြင့်ပြုလုပ်သော တည်းခိုဆောင်များဖြင့် ဖော် ဆောင်ကာ ဒေသခံများက ကျေးရွာအလိုက် ဝင်ကြေး ကောက်ခံမည်ဖြစ်သည်။
''အခုလိုဖော်ဆောင်တာ ကို အလောတကြီးမလုပ်ဘဲနဲ့ EIA? SIA ကအစ စစ်သင့်ပါ တယ်။ အခုလိုစစ်တမ်းကောက် တာတွေ၊ လုပ်ဆောင်တာတွေ ကတော့ နှစ်နှစ်အတွင်းမှာ ရာခိုင်နှုန်း ၈ဝ လောက်တော့ ပြီးနိုင်တယ်''ဟု ဦးသန်းထွန်း က ပြောသည်။
ယင်းကဲ့သို့သဘာဝအခြေ ပြုခရီးသွားလုပ်ငန်းဖော်ဆောင် ရန် ဘူမိဗေဒပညာရှင်များ၊ ယူနက်စကိုအဖွဲ့များ၊ သက် ဆိုင်ရာတာဝန်ရှိသူများဖြင့် ပုပ္ပားတောင်ဒေသဝန်းကျင်တွင် စစ်တမ်းကောက်ယူမှုများ လုပ် ဆောင်နေပြီး ကျေးရွာများ တွင် အစည်းအဝေးများပြုလုပ် လျက်ရှိကြောင်း သိရသည်။