images
UN
UN
မြန်မာနိုင်ငံအထူးအစီရင်ခံစာတင်သွင်းသူနှင့်အဖွဲ့ စစ်ရှောင်စခန်းနေပြည်သူများအားသွားရောက်တွေ့ဆုံ
မင်းမင်း(မြစ်ကြီးနား) Wednesday, 11 January 2017
ကချင်ပြည်နယ် မြစ်ကြီးနား မြို့သို့ ရောက်ရှိနေသော ကုလ သမဂ္ဂ၏ လူအခွင့်အရေးဆိုင်ရာ မြန်မာနိုင်ငံအထူးအစီရင်ခံစာတင် သွင်းသူ Ms. Yanghee Lee နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနား ဝိုင်း မော်မြို့နယ်အတွင်းရှိ စစ်ရှောင် စခန်းနေပြည်သူများအား ယမန်နေ့ နံနက် ၁ဝ နာရီခန့်က သွားရောက် တွေ့ဆုံခဲ့ကြသည်။
ထို့သို့ သွားရောက်တွေ့ဆုံရာ တွင် ဝိုင်းမော်မြို့နယ် မိုင်းနားကျေး ရွာုဃြ စစ်ရှောင်စခန်းသို့ နံနက် ၁ဝနာရီခန့်ကရောက်ရှိပြီးစစ်ရှောင် စခန်းနေပြည်သူများအား တွေ့ဆုံ မိတ်ဆက်ကာ လာရောက်ရသည့် အကြောင်းရင်းကို ရှင်းလင်းပြော ကြားပြီး စစ်ရှောင်စခန်းနေပြည်သူ များအားတရင်းတနှီးနှုတ်ဆက်ကာ ထပ်မံ ရောက်ရှိလာသည့်စစ်ရှောင်ပြည်သူ များ၏အခြေနေအား မေးမြန်ပြီး စခန်းအတွင်းရှိ အဆောက်အအုံ များအား လေ့လာကြည့်ရှုခဲ့ကာ Ms. Yanghee Lee မှ စခန်းနေ ပြည်သူအချို့နှင့် သီးခြားတွေ့ဆုံ မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။
ယင်းနောက် Ms. Yanghee Lee နှင့်အဖွဲ့သည် ဝိုင်းမော်ဘုန်း တော်ကြီးပိုင်း စိန်ဂျိုးဇက်စစ်ရှောင် စခန်း မြစ်ကြီးနားမြို့ ဂျာမိုင်ဂေါင် စစ်ရှောင်စခန်းသို့ သွားရောက်ခဲ့ ကြောင်း သိရသည်။