images
UN
UN
တနင်္သာရီမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်
နေထက်ဝေ Wednesday, 11 January 2017
တနင်္သာရီတိုင်း ဒေသကြီး တနင်္သာရီမြို့နယ်အတွင်း မိုးရွာ သွန်းမှုများပြားခြင်းကြောင့် ယနေ့ နံနက် ၉ နာရီခန့်မှစ၍ တောင်ကျ ချောင်းရေမြင့်တက်လာပြီး ချောင်း လမုကျေးရွာအတွင်းသို့ သုံးပေ ခန့်ဝင်ရောက်ခဲ့သဖြင့် ရွာသူ ရွာ သားများ၊ တိရစ္ဆာန်များနှင့် အသုံး အဆောင်ပစ္စည်းများကို ရေဘေး လွတ်ရာ ကျေးရွာဘုန်းတော်ကြီး ကျောင်းသို့ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းက ယနေ့မွန်းလွဲပိုင်း တွင် ကူညီပြောင်းရွှေ့ပေးခဲ့သည်။အဆိုပါကျေးရွာတွင် အိမ်ခြေအလုံး ၃၂ဝ ရှိသည့်အနက် ချောက် ကမ်းပါးအနီးရှိ နေအိမ် ၅၇ လုံး အတွင်းသို့သာ ရေဝင်ရောက်ခဲ့ပြီး အဆိုပါနေအိမ်များမှ လူဦးရေ ၃၃၃ ဦးနှင့် အသုံးအဆောင်ပစ္စည်း များကို ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်းနှင့် လူ၊ ပစ္စည်း များ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။