images
UN
UN
ယခုဘဏ္ဍာနှစ်ကုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာရှစ်ဘီလီယံကျော်ရှိလာနိုင်
မေလွင် Thursday, 12 January 2017
အစိုးရသစ်စတင်တာဝန်ယူချိန် မှ ယခုလ ၉ရက်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာအမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံခန့်ဝင်ရောက် နေပြီး အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံဖိုး ထပ်မံခွင့်ပြု ရန်ရှိနေသဖြင့် ယခုနှစ်ကုန်လျှင် ရင်းနှီးမြှုပ်နှံမှုမှာ ကန်ဒေါ်လာ ရှစ် ဘီလီယံကျော်ရှိလာနိုင်သည်ဟု သိရသည်။
အဆိုပါပမာဏမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက် ခဲ့သော ၂ဝ၁၁-၂ဝ၁၂ဘဏ္ဍာနှစ် ကထက် နှစ်ဆခန့် မြင့်တက်ခဲ့ ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာန၏စာရင်း များအရ သိရသည်။
''ရင်းနှီးမြှုပ်နှံမှုကို အစတုန်း က မှန်းထားတာပြည့်မှ ပြည့်ပါ့ မလားဆိုပြီး စိုးရိမ်နေရတယ်။ ဒါပေမဲ့ နိုဝင်ဘာ၊ ဒီဇင်ဘာလတွေ မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက တော်တော်များများ ဝင်ရောက်ခဲ့ တယ်''ဟု ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများ ဆုံးဝင်ရောက်လုပ်ကိုင်သည့်နိုင်ငံ မှာ စင်ကာပူနိုင်ငံဖြစ်ပြီး ဒုတိယ မှာ တရုတ်နိုင်ငံဖြစ်သည်။ မြန်မာ နိုင်ငံသို့ဝင်ရောက်သည့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအားလုံး၏ ရာခိုင်နှုန်း ၆ဝမှာ ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်ပြီး ကုန်ထုတ်လုပ်မှုမှာ ရာခိုင် နှုန်း ၄ဝ ရှိသည်။
ကမ္ဘာ့နိုင်ငံအများစု၏ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင်ဝန် ဆောင်မှုလုပ်ငန်းမှာ ရာခိုင်နှုန်း ၇ဝ ရှိပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းမှာ ရာခိုင်နှုန်း ၃ဝ သာရှိသော်လည်း မြန်မာနိုင်ငံတွင် ကုန်ထုတ်လုပ်မှု အချိုးမှာ အခြားနိုင်ငံများထက် ပိုမို များပြားခဲ့သည်ဟု ဦးအောင်နိုင်ဦး က ပြောသည်။
မြန်မာနိုင်ငံသို့ဝင်ရောက်လာ သည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မှာ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၉ ဒသမ ၄ ဘီလီယံ၊ ၂ဝ၁၄-၂ဝ၁၅ဘဏ္ဍာနှစ် တွင် ရှစ်ဘီလီယံ၊ ၂ဝ၁၃- ၂ဝ၁၄ ဘဏ္ဍာနှစ်တွင် လေးဘီလီယံ၊ ၂ဝ၁၂-၂ဝ၁၃ဘဏ္ဍာနှစ်တွင် ၁ဒသမ၄ ဘီလီယံနှင့် ၂ဝ၁၁-၂ဝ၁၂ဘဏ္ဍာနှစ်တွင် ၄ ဒသမ ၆ ဘီလီယံဖြစ်သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ ယခု ဘဏ္ဍာနှစ်အတွက် ခြောက်ဘီလီယံ ဝင်ရောက်ရန်မျှော်မှန်းထားပြီး ယခု တင်ပြထားသည့်စာရင်းများနှင့် ဘဏ္ဍာနှစ်အတွက် ကျန်ရှိသည့် နှစ်လကျော်ကာလအတွင်း ထပ်မံ တင်ပြလာသည့်စာရင်းများအရ ယင်းပမာဏကိုကျော်လွန်နိုင်မည် ဟု ဦးအောင်နိုင်ဦးက ပြောသည်။လက်ရှိအစိုးရလက်ထက်တွင် ယခုလ ၆ ရက်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ဝဝ ခွင့်ပြု ထားပြီး အမေရိကန်ဒေါ်လာ သုံး ဘီလီယံကျော်ရှိသည်။ လက်ရှိ လုပ်ကိုင်နေသည့်လုပ်ငန်းများတွင် လုပ်ငန်းတိုးချဲ့ရန် ထပ်မံရင်းနှီး မြှုပ်နှံမှုများကြောင့် ၄ ဒသမ ၅ ဘီလီယံခန့်ရှိလာခြင်းဖြစ်သည်။
ယခုအချိန်ထိတင်ပြထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၇ဝကျော်ကျန်ရှိနေသေးသည်ဟု ဦးအောင်နိုင်ဦးက ပြောသည်။ရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်မှာ ယခုနှစ် ဇန်နဝါရီ ၁ရက်မှ စတင် ကျင့်သုံးလာသဖြင့် ဇန်နဝါရီလမှ စတင်၍ တင်ပြလာသည့်လုပ်ငန်း များကိုဥပဒေအသစ်ဖြင့် စိစစ် မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန မှ သိရသည်။