images
UN
UN
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေသစ်ထွက်ရှိပြီးပါက ကုမ္ပဏီမှတ်ပုံတင်သည့်လုပ်ငန်းအားလုံးကို အွန်လိုင်းမှပြုလုပ်နိုင်ရန်လုပ်ဆောင်မည်
ဝေဝေဖြိုး Thursday, 12 January 2017
မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေသစ်ထွက်ရှိပြီးပါက ကုမ္ပဏီ မှတ်ပုံတင်သည့် လုပ်ငန်းများအားလုံးကို အွန်လိုင်းမှတစ်ဆင့် လုပ်ဆောင်သွားနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(ြှုဃ)၏ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ ယခုလ ၉ ရက်က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ¤င်းက အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။
အဆိုပါဥပဒေသစ်ကို လုပ်ငန်းရှင်များအနေဖြင့် ကုမ္ပဏီ ထူထောင်မှတ်ပုံတင်၍ လုပ်ငန်းများလုပ်ကိုင်ရာတွင် လွယ်ကူ ချောမွေ့စွာ မှတ်ပုံတင်နိုင်ရန်၊ မလိုလားအပ်သည့် ဝန်ထုပ်ဝန်ပိုးများ မဖြစ်စေရန်နှင့် မလိုလားအပ်သည့် ကုန်ကျစရိတ်များ လျော့ကျ သွားစေရန်အတွက် ဦးတည်၍ရေးဆွဲထားခြင်းဖြစ်ကြောင်း ¤င်းက ပြောသည်။
''မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေကို ဒီလ ၅ရက်က ပြည် ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ အတည်ပြုခဲ့ပြီး ဒီလ ၆ရက် မှာ လွှတ်တော်ကိုပေးပို့လိုက်ပါပြီ။ မကြာမီမှာ ဒီဥပဒေဟာ လွှတ်တော်မှာဆွေးနွေးမယ့် ဥပဒေဖြစ်လာပြီး မြန်မာနိုင်ငံကုမ္ပဏီ များ ဥပဒေသစ်လည်းပေါ်လာမှာဖြစ်ပါတယ်''ဟု ¤င်းက ပြောသည်။
ယင်းဥပဒေမှာနိုင်ငံတကာတွင် ဖြစ်ပေါ်တိုးတက်နေသော အခြေအနေများနှင်တိုင်းပြည်အတွက် သဟဇာတဖြစ်စေရန် ရေးဆွဲ ထားသည့် ဥပဒေသစ်ဖြစ်ပြီး အာရှဖွံ့ဖြိုးရေးဘဏ်(ဗြီ)အနေ ဖြင့်လည်း လိုအပ်သည့်ကိစ္စများကို အကူအညီပေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် ကုမ္ပဏီများမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းအားလုံး ကို အွန်လိုင်းမှလုပ်ဆောင်နိုင်ရန်အတွက် ဗြီ အနေဖြင့် လိုအပ် သည့်နည်းပညာနှင့် ငွေကြေးဆိုင်ရာ အထောက်အပံ့များပေးမည် ဖြစ်ကြောင်း သိရသည်။