images
UN
UN
ပြာသိုလမှာ ချမ်းအေးသည်
မကြွယ်ကြွယ် Thursday, 12 January 2017
ကျွန်မသားသမီးတွေ မူလတန်း ကျောင်းသားအရွယ်က စာသင်ရာတွင် ပြာသိုလ မှာ ချမ်းအေးသည် ခွာညိုပန်းနံ့မွှေး၏ ဟူ၍ ဖတ်စာတွင် ပါခဲ့၊ ဖတ်ခဲ့တာကို မှတ်မိနေပါသည်။ ယခုပြာသိုလရောက် ပြီ။ စာထဲမှာပါသည့်အတိုင်း ချမ်းလှ ပါ၏။
ရှေးခေတ်က စာဆိုတော်မယ်ခွေ အမည်ခံဆရာမကြီးက ပြာသိုလနှင့် ပတ်သက်ပြီး-
မီးပူပူကင်မဝသည့်၊လပြာသိုဆောင်း ထည်ပေါင်းမှဗောင်ရာ ခြုံလေအေးက၊ ကြက်သည်းတွေနှင့် ဟူ၍ပြာသိုလချမ်း ကြောင်းကို စာဖွဲ့ခဲ့ပါသည်။ ပြာသိုလ ချမ်းလှသောကြောင့် မီးကင်လို့လည်း မအေး၊ စောင်တွေထပ်ထပ် (ရေးသူက တော့ ဗောင်ရာ)လို့ရေးထားသည်။ ပြာသို အချမ်းကို သရုပ်ဖော်ခဲ့၏။
ပြာသိုလသည် ရှေးမြန်မာဘုရင်များ ခေတ်က ဓားရေး၊ လှံရေးပြမြင်းစီးပြိုင် ပြကြသည့်လဖြစ်ပေသည်။ သူရဲကောင်း တို့သည် ကြော့ပေ့ လှပေ့ သန်စွမ်းပေ့ ဟူသော မြင်းကြီးကိုစီးပြီး လက်တွင် လှံတံကို ကိုင်ထား၏။ ယှဉ်ပြိုင်ရမည့် နေရာတွင် မြင်းကိုရပ်စေကာ လက်မှ လှံတံဖြင့် သူ၏အထက်ထိုးရမည့် အချက် ကျနေရာကို လှံနှင့် ပစ်ထိုးလိုက်တော့ သည်။ သတ်မှတ်သည့်ချက်ကျနေရာကို ထိမိပါက ပြိုင်ကွင်းတစ်ကွင်းလုံး ဆူညံ သံတွေလွှမ်းသွားတော့သည်။ အောင်နိုင် သူ သူရဲကောင်းထံပဝါပစ်ပေးသူ၊ ခေါင်း တွင်ပန်ထားသည့်ပန်းကို ပစ်ပေးသူ၊ ဘုရင်မင်းမြတ်၏ဆုတော် စသည်တို့ဖြင့် မျက်နှာပွင့်လှပေတော့သည်။
စစ်မြေပြင်မသွားမီ လေ့ကျင့်ရေး ကွင်းမှာ စစ်သူရဲကောင်းတိုင်းပြည် ကာ ကွယ်မည့် ဇာနည်ယောက်ျားတို့၏စွမ်း ရည်ပြပွဲဖြစ်လေသည်။ စာဆိုတော်မဟာ အတုလမင်းကြီးက အဆိုပါ ပြိုင်ပွဲနှင့် ပတ်သက်ပြီး ရွှေဝဥကင်းနန်းရင်ပြင်မှာ လှံရင်းမြင်းခင်း၊ သဘင်ကျင်းလို့ ရာမင်း ထွက်စံ ဗိုလ်ညီလာခံသောအခါ ဟူ၍ မြင်းခင်းသဘင်အတွက် စာဖွဲ့ခဲ့ပါသည်။ ထိုသို့ကျင်းပသည့်လကား ပြာသိုလဖြစ် ၏။ မြန်မာတို့အထိမ်းအမှတ်ထားသော လဖြစ်ပါသည်။
ဘာသာရေးဘက်က ကြည့်လျှင် ပြာသိုလကို ကဿပညီနောင်ရှင်တစ် ထောင်နေ့ဟူ၍ အသိအမှတ်ပြုတန်ဖိုး ထားကြ၏။
မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် ကဆုန် လပြည့်နေ့တွင် ဂေါတမဘုရားရှင်ပွင့် တော်မူခဲ့၏။ ကျေးဇူးရှိဖူးသောပဉ္စဝဂ္ဂီတို့ အား မိဂဒါဝုန်တောတွင် ဝါဆိုလပြည့် နေ့၌ ဓမ္မစကြာတရားကိုဟောတော်မူခဲ့ ၏။ထိုတစ်ဝါတွင်းလုံးပင်ဘုရားရှင်သည် ယဿသူဌေးသားနှင့် သူ၏အပေါင်းအပါ တို့အား တရားရစေခဲ့၏။ ထိုဝါတွင်းမှာ ပင်သံဃာရတနာပေါ်လာပြီးသံဃာတော် ၆ဝဝန်းကျင်ထွန်းပေါ်ခဲ့၏။ ပဉ္စဝဂ္ဂီများက ငါးပါး၊ယဿသူဌေးသားနှင့် အပေါင်းပါ က ၅ဝ ကျော်သောကြောင့်ဖြစ်ပါသည်။
မြတ်စွာဘုရားရှင်သည် တန်ဆောင် မုန်းလပြည့်နေ့တွင် ဥရုဝေလတောသို့ြ<ွက တော်မူပါသည်။ အဆိုပါတောတွင် ဥရု ဝေလကဿပ-ဟု အမည်တွင်သော ရသေ့ကြီးတစ်ဦးရှိ၏။ သူ့တွင် တပည့် ၅ဝဝ ရှိလေသည်။ ဘုရားရှင်ကိုယ်တော် မြတ်ကြီးက ဥရုဝေလကဿပ၏ မိစ္ဆာ အယူကိုစွန့်လွှတ်စိမ့်သောငှာ ဗျာဒိတ် ပေါင်း ၃၅၁၆ မျိုးပြခဲ့ပါသည်။ သို့ပါ သော်လည်း မိမိကိုယ်ကို ရဟန္တာဟု ယုံကြည်နေသောဥရုဝေလကဿပက ဒီ ရဟန်းကြီးဟာ တန်ခိုးတော့ကြီးသား၊ ဒါပေမဲ့ ငါ့လိုရဟန္တာမဟုတ်သေးဘူးဟူ၍ ယုံကြည်ထား၏။
ဘုရားရှင်က ရသေ့တွေမွှေး၍မရ သောမီးဖို ၅ဝဝ ကို တစ်ပြိုင်နက်မွှေးနိုင် ၏။ ငြှိမ်း၍မရသောမီးဖို ၅ဝဝကို တစ် ပြိုင်နက်ငြိမ်းပေး၏။ ဇမ္ဗူဒိပ်ကျွန်းဦးရှိ ဇမ္ဗုသပြေပင်မှ အသီးကို ဆွမ်းစားမီ ယူ ပေးခဲ့၏။ မီးတင်းကုပ်မှြေ>ွမနဂါးကို နှိမ် နင်းပေး၏။ ထင်းခြမ်း ၅ဝဝ ကို တစ်ပြိုင် နက်ခွဲပေး၏။ ပေါင်း ၃၅၁၆ မျိုးပြပါ သော်လည်း ဘုရားရှင်ကို ရဟန္တာမဟုတ် ဟုယုံနေဆဲတွင် ဘုရားရှင်က
ဥရုဝေလ ကဿပရသေ့ကြီးအား-
- သင်သည် အာသဝေါကုန်းခန်း သော ရဟန္တာမဖြစ်သေး။
- သင်သည် အရဟတ္တမဂ်ရသူ မဟုတ်သေး။
- သင်သည် အရဟတ္တမဂ်၊ အရ ဟတ္တဖိုလ်ရနိုင်ရန် မှန်ကန်သော အကျင့်မရှိသေး
ဟူ၍ မိန့်တော်မူလိုက်သော အခါမှသာ ကဿပရသေ့ကြီးအလျှော့ပေး၏။ ဘုရား ရှင်၏ ဟောတော်မူသော တရားတော်ကို လိုက်နာပါမည်။ ဘုရားရှင်၏တပည့်လုပ် ပါမည်ဟူ၍ပြောရာ ဘုရားရှင်က ''သင့် တွင် နောက်ပါ ၅ဝဝ ရှိ၏။ သူတို့၏ သဘောကိုမေးပါဦး''ဟု မိန့်တော်မူသော အခါ တပည့်ရသေ့ ၅ဝဝ က သူတို့သည် မီးတင်းကုပ်ကြေ>ွမနဂါးနှင့် အတူနေ သည့်အကြောင်းကစ၍ပင် ဘုရားရှင် ထံတွင် တပည့်ခံလိုပါကြောင်း လျှောက် ထားကြသည့်အတွက် ရသေ့၅ဝဝလုံးပင် သူတို့၏ ရသေ့အသုံးအဆောင်တို့ကို မြစ် အတွင်းသို့ ပစ်ချလိုက်တော့သည်။ ဥရု ဝေလကဿပကြီးပါ အားလုံးဧဟိဘိက္ခူ ဟု ခေါ်တော်မူလိုက်သည့်အတွက် သိမ် မဝင်ရဘဲ ဗုဒ္ဓဘာသာဝင် ရဟန်းတော် များအဖြစ် သင်္ကန်းပရိက္ခရာစုံလင်စွာဖြင့် ရဟန်းဖြစ်သွားကြ၏။
ဥရုဝေလ ကဿပကြီးတွင် ညီနှစ် ဦးရှိ၏။ တစ်ဦးက ဂယာမှာနေ၍ ဂယာ ကဿပ၊ တစ်ဦးက နေယဉ္စယာမြစ်ကမ်း နားတွင်နေ၍ နဒီကဿပဟု တွင်၏။ သူတို့တွင်တစ်ဦးကတပည့် ၃ဝဝ၊ တစ်ဦး က တပည့် ၂ဝဝ ရှိ၏။ မြစ်အတွင်းမျော လာသော ရသေ့ပရိက္ခရာတို့ကို တွေ့သော ညီနှစ်ဦးနှင့် တပည့် ၅ဝဝ တို့သည် ဥရု ဝေလကဿပမည်သို့ဖြစ်ပါလိမ့်ဟု တွေး ပြီး အစ်ကိုကြီးဆီ လာခဲ့ကြ၏။ ရသေ့ ၅ဝဝ လုံးပင် ဧဟိဘိက္ခူရဟန်းတွေဖြစ် ကုန်ကြ၏။
ဥရုဝေလကဿပနှင့်ညီဖြစ်သူ ဂယာ ကဿပ၊ နဒီကဿပနှင့် ပေါင်းနောက်ပါ ၁ဝဝဝ သော ရသေ့တို့ကို ဘုရားရှင်က ၁ဝ၃ ခုနှစ် ပြာသိုလပြည့်နေ့တွင် ဆင်ဦး ကင်းနှင့်တူသည့် ဂယာသီသ ကျောက်ဖျာ ကြီးပေါ်၌ အာဒိတ္တပရိယာယသုတ္တန်ကို ဟောတော်မူသောအခါ ရသေ့ခေါင်း ဆောင် သုံးဦးနှင့် နောက်ပါ ၁ဝဝဝတို့ပါ ရဟန္တာကြီးတွေ ဖြစ်သွား၏။ ထို့ကြောင့် ပင် ဗုဒ္ခဘာသာဝင်တွေအနေဖြင့် ပြာသို လပြည့်နေ့ကို ကဿပညီနောင်ရှင် ၁ဝဝဝ နေ့ဟူ၍ သတ်မှတ်ဂုဏ်ပြုကြပါသည်။
ပြာသိုလသည် မြန်မာမှုနယ်ပယ်တွင် ဤသို့လျှင် အမှတ်တရနေ့တွေအဖြစ် ဘုရင်မင်းမြတ်ကိုယ်တိုင် အားပေးချီးမြှင့် သော ဓားရေး၊လှံရေး၊မြင်းရေး၊ဆင်ရေး လေ့ကျင့်ပွဲကျင်းပသောလအဖြစ်လည်း ကောင်း၊ ဘာသာရေးနယ်ပယ်တွင် ထို ခေတ်ထိုပတ်ဝန်းကျင်ဝယ် တန်ခိုးသြဇာ ကြီးလှသည့်ဥရုဝေလကဿပနှင့်နောက် ပါ ၁ဝဝဝ တို့ပါ ဗုဒ္ခဘာသာဝင်သို့ ကူး ပြောင်းခြင်း၊ ဧဟိဘိက္ခု၊ ရဟန်းတွေသာ ဖြစ်ရခြင်း၊ တရားတစ်ကြိမ်ဟောရုံမျှဖြင့် ရဟန္တာတွေဖြစ်ရခြင်းတို့ကြောင့် ပြာသိုလ ပြည့်နေ့ကို ကဿပညီနောင်ရှင် ၁ဝဝဝ နေ့ဟူ၍လည်း စွဲမှတ်ထားကြပါသည်။
မြန်မာနိုင်ငံအောက်ပိုင်းသည် ကျွန် ဘဝတွင် နှစ်၁ဝဝဝန်းကျင်နေခဲ့ရ၏။ မျိုး ချစ်ပုဂ္ဂိုလ်တွေ သူရဲကောင်းတွေကြောင့် အချုပ်အချာအာဏာပိုင် လွတ်လပ်သော နိုင်ငံဖြစ်ခဲ့ရာ ထိုနေ့သည် ၁၃ဝ၉ခုနှစ် ပြာသိုလပြည့်ကျော် ၉ ရက်နေ့ဖြစ်ပါ သည်။ (ဇန်နဝါရီ ၄ ရက် ၁၉၄၈ ခုနှစ်) ပြာသိုလလောက် ပျော်ရတဲ့လမရှိအောင် ပင်ဟု ဆိုရတော့မည်။
ဒီဘက်ခေတ်တွင် အကယ်ဒမီများ ရှင် စာရေးဆရာ ဒါရိုက်တာဆရာကြီး ဦးသုခက မိခင်မေတ္တာသည် အေးမြလှ ပါ၏။
ထိုအေးမြမှုရှိသောလမှာ ပြာသိုလ ဖြစ်ပေရာ ပြာသိုလပြည့်နေ့ကိုအမေနေ့ ဟု သတ်မှတ်ပြီး အမြို့မြို့တွင် ကျင်းပ တတ်ကြ၏။ မန္တလေးမြို့တွင် ဆရာကြီး ဦးဘုန်းမြင့်အောင်က ဆရာကြီးဦးသုခ၏ သြဝါဒကိုလိုက်နာပြီး ယနေ့ကာလထိပင် မန္တလေး အမေနေ့ကို ကျင်းပဆဲဖြစ်ပါ၏။
အမေဆိုသည်မှာလည်း ဦးထိပ်ထား ရသည့် ပုဂ္ဂိုလ်ဖြစ်သည်။ စကားပြောရာ တွင်ပင် မိဘနှစ်ပါးဟူ၍ မိခင်ကိုအရင် သုံးစွဲပြောခဲ့ကြ၏။ မြန်မာနိုင်ငံ မြန်မာ အမျိုးသားတို့၏ ဓလေ့လိုဖြစ်နေသော အသုံးဖြစ်သည်။ စစ်ထွက်ယောက်ျား သည် မိခင်၏ထဘီကို အနည်းငယ်ဖြတ် ပြီး အိတ်တွင်ထည့်ခြင်း၊ နားတွင်ချည် ထားခြင်း ဓလေ့တို့ ရှေးမြန်မာတို့ လုပ် လေ့ရှိကြ၏။ ယခုခေတ်လည်း လုပ်သူ တို့ရှိချင်ရှိနိုင်ပါမည်။ မိခင်၏မေတ္တာဖြင့် ဘေကင်းသည်ဟု ယုံကြည်ကြ၍ဖြစ်ပါ သည်။
မိခင်ကိုအလေးအမြတ်ပြုသော မြန်မာ တို့သည် အင်မတန်မှအေးလှသောလတွင် မိမိကိုယ်တိုင်၏ ကြံ့ခိုင်ရေးကိုယ်ခံပညာ အတွက် မိမိနိုင်ငံ၏ကာကွယ်ရေးအတွက် လေ့ကျင့်ကြသည့် အစဉ်အလာရှိကြပေ ရာ ယနေ့လွတ်လပ်သော မြန်မာနိုင်ငံကြီး ကိုအလစ်ချောင်းပြီးစားခွက်နှိုက်လိုသော အနောက်အရပ်ကလူ၊ အရှေ့အရပ်ကလူ၊ အနောက်အရှေ့မဆိုသာသော အလစ်ယူ ချင်သူတို့က မြန်မာ၏မမှန်သတင်းတွေ ကို ကမ္ဘာသိအောင် ဖြန့်ဝေနေကြ၏။ အထင်ကြီးလေးစားအားကိုးရသော ကမ္ဘာ့ အဖွဲ့အစည်းကြီးမှ ပုဂ္ဂိုလ်တို့ပင် မြန်မာ နိုင်ငံကို အထင်လွဲနေကြလေပြီ။
မြန်မာသည် သူတစ်ပါးပိုင်နက်ကို မကျူးကျော်တတ်၊ သူတစ်ပါးတို့အား သိက္ခာကျစေရန် ရည်ရွယ်လုပ်ဆောင်ခြင်း မရှိတတ်၊ ဗုဒ္ဓမြတ်စွာအဆုံးအမအတိုင်း နေတတ်ကျင့်တတ်ပါသည်။ ကိုယ့်နိုင်ငံ ကျွန်မဖြစ်ရေးအတွက် ယနေ့လူတိုင်း ဤ တာဝန်ကိုသိနေသူတွေဖြစ်ကြ၏။ အလှည့် ကျလျှင် မနွဲ့ကြစတန်းဆိုသကဲ့သို့ ကျား-ကျား မ-မအမိနိုင်ငံတော်အတွက် ကျရာ တာဝန်တွေ ယူခဲ့ဖူးကြလေပြီ။ ဓားခေတ်၊ လှေ၊ လှည်းခေတ်မှတစ်ဆင့် အိုင်တီ ခေတ်၊ မောင်းသူမဲ့ လေယာဉ်ခေတ်ကြီး ရောက်နေသော်လည်း မြန်မာစိတ်ဓာတ် ကား အထိမခံစိတ်ဓာတ်ဖြစ်ပေရာ အေး လှသောပြာသိုလတွင် စောင်ရာထောင် နှင့်ကွေးရင်း ကျူးကျော်သူတွေကို ဘယ် လိုတွန်းလှန်မယ်ဟူ၍ စဉ်းစားထားကြ ပါစို့ ဟူ၍သာ တိုက်တွန်းနိုးဆော်ရပါ သည်။ မြန်မာ့လူ့ဘောင်သည် ပြာသိုလ ကဲ့သို့ ထာဝစဉ်အေးမြပါစေသတည်း။