images
UN
UN
ရွှေတံဆိပ်ခြောက်ဆုရှင် မြန်မာသံအဆိုရှင် ရှစ်တန်းကျောင်းသူလေး မေသက်ထားဆွေ(စန္ဒကိန္နရီ)
Thursday, 12 January 2017
၂ဝ၁၂ ခုနှစ်က မြဝတီရုပ်မြင် သံကြားတွင် အပတ်စဉ် တနင်္ဂနွေ နေ့တိုင်း ထုတ်လွှင့်ပြသတဲ့'ကြယ် ကလေးတို့ရဲ့မိုးကောင်းကင်'ဂီတ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်ရရှိခဲ့ပါတယ်။ နိုင်ငံတော် က ဦးစီးကျင်းပတဲ့ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲကြီးတွင် အကောင်းဆုံး တေးသီချင်းအဆိုရှင်ဆုအဖြစ် ရွှေ တံဆိပ်ခြောက်ဆု ရရှိခဲ့တဲ့သူလေး လည်း ဖြစ်ပါတယ်။ သူမအနေနဲ့ ၃၈ ဖြာ မင်္ဂလာတရားတော်တေး စီးရီးခွေများနဲ့ မြန်မာသံတေး သီချင်း(အတွဲ)ခွေများတွင်လည်း ပါဝင်သီဆိုခဲ့ပြီး ဇန်နဝါရီ ၁ဝရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ လှိုင် သာယာမြို့နယ် အမှတ်၃/၄ သာ ယာကုန်း ပရိယတ္တိစာသင်တိုက် တွင်လည်း သူမရဲ့ အသက် ၁၄နှစ် ပြည့်မွေးနေ့အလှူနဲ့အတူ ငါးခွေ မြောက် တစ်ကိုယ်တော်အဖြစ် စန္ဒကိန္နရီစီးရီး စာနယ်ဇင်းမိတ် ဆက်ပွဲ အခမ်းအနားတစ်ပြိုင်တည်း ကျင်းပခဲ့တယ်လို့ သိရပါတယ်။
''ဒီပွဲကတော့ သမီးရဲ့မွေးနေ့ အလှူလေးရော၊ ငါးခွေမြောက် တစ်ကိုယ်တော်ခွေလေးပါ မိတ် ဆက်တဲ့အလှူလေးဆိုလည်း မမှား ပါဘူး။ ဆို၊က၊ရေး၊တီး ငါးနှစ်- ဆယ်နှစ်အောက်အဆင့်ဝင်ပြိုင်ရင်း ရွှေတံဆိပ်ခြောက်ခု ရရှိခဲ့တာပါ။ ကြယ်ကလေးတို့ရဲ့ မိုးကောင်း ကင်ပြိုင်ပွဲမှာတော့ စန္ဒကိန္နရီနဲ့ အကောင်းဆုံးဆုရရှိခဲ့လို့ နောက် ဆုံးအခွေလေးကို အဲ့ဒီသီချင်း နာမည်လေးပေးပြီး အခွေလေး ထုတ်ဖြစ်ခဲ့တယ်။ နောက်ထပ် လည်း တစ်ကိုယ်တော်ခွေထွက်ဖို့ ပြင်ဆင်နေပါတယ်။ တေးရေး ဆွေသဟာအောင်ရဲ့ သီချင်းနဲ့ တေးရေးများစွာရဲ့ သီချင်းတွေပါ ဝင်တဲ့ အခွေလေးလုပ်နေပါတယ်။
အခု စန္ဒကိန္နရီသီချင်းခွေလေး ထဲမှာတော့ အားလုံးကိုယ်ပိုင်သံစဉ် သီချင်းသစ်တွေ အများဆုံးပါဝင် ပါတယ်။ မြန်မာသံစဉ်သီချင်းတွေ ကတော့ သမီးရဲ့အကြိုက်ဆုံးသံစဉ် လေးဆိုလည်း မှန်ပါတယ်။ သမီး ဒီလိုဆိုတတ်အောင် သင်ကြားပေး တာကတော့ ဘဘဦးထွန်းရွှေပါ။ 'ရန်သူငါးပါးထဲမှာ'ဆို သီချင်း ဆိုတဲ့သူက ပထမလက်ဦးဆရာလို့ ပြောလို့ရပါတယ်။ အခု ခွေထဲက သီချင်းတွေကတော့ ဆရာဦးမာန် ဟိန်း(မြစ်ခြေ)က ရေးပေးထားပါ တယ်''ဟု ပြောပါတယ်။
အဆိုပါတေးသီချင်းတွင် တေး သီချင်း ၁၂ ပုဒ်ပါဝင်ပြီး ကိုယ်ပိုင် သံစဉ်သီချင်းသစ်များ ပါဝင်တယ် လို့ သိရပါတယ်။ ယင်းစီးရီးကို ဇန်နဝါရီ ၁ဝ ရက်က စတင်ကာ လှိုင်တေးသံသွင်းက ဖြန့်ချိခဲ့ ကြောင်း သိရပါတယ်။