images
UN
UN
သမက်တော်. . . ကွက်ကျော် ယောက်ျားဆို. . . လာထား ဆိုတဲ့ဇာတ်ကားသစ်ကြီးနှစ်ကား ကန်တော့ပွဲပြုလုပ်
Thursday, 12 January 2017
ရွှေပင်ဆင့်ရုပ်ရှင်နဲ့ဗီဒီယိုထုတ်လုပ်ဖြန့်ချိရေးမှ မသင်းစီစဉ်တဲ့ ဟာသရုပ်ရှင်ဇာတ်ကားနှစ်ကားဖြစ်တဲ့ သမက်တော်.. ကွက်ကျော်၊ ယောက်ျားဆို... လာထား ဇာတ်ကားကန်တော့ပွဲပေးအခမ်းအနား ကို ဇန်နဝါရီ ၁ဝ ရက် နံနက် ၁ဝ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတိဂုံဘုရားမြောက်ဘက်မုခ်အနီးရှိ M3 Food Center တွင် ပြုလုပ် ခဲ့ပါတယ်။
သမက်တော်... ကွက်ကျော် ရုပ်ရှင်ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း ဒီရေလှိုင်းရေးသားပြီး ဒါရိုက်တာ ရာဇဝင်ကိုက ရိုက်ကူး ပုံဖော်ကာ သရုပ်ဆောင်များအဖြစ် အကယ်ဒမီရဲအောင်၊ ခန့်စည်သူ၊ သူရိယ၊ ဝီလျှံ(အဆိုတော်)၊ ဒိန်းဒေါင်၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ သွန်းဆက်၊ နန်းခင်ဇေယျာ၊ စိုးနန္ဒာကျော်၊ ပွင့်၊ မျိုးမျိုးခိုင်နဲ့ အနုပညာ ရှင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ရွှေပင်ဆင့်ထုတ်လုပ်ရေးအနေနဲ့ နောက်ထပ်ဟာသကားအဖြစ် ဇာတ်လမ်း၊ ဇာတ်ညွှန်း ဒီရေလှိုင်း မြေထက်လူတို့ရဲ့ ယောက်ျားဆို လာထား ဇာတ်ကားကို ဒါရိုက်တာ မောင်မောင်မြင့်လွင်(ဓာတ်ပုံ)နဲ့ ရိုက်ကူးထားပြီး သရုပ်ဆောင်များ အဖြစ် ခန့်စည်သူ၊ ရာဇာနေဝင်း၊ ကျော်ကျော်ဗို၊ နေရဲ၊ ဗေလုဝ၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ တက္ကသိုလ်ဂွမ်းပုံနဲ့ ဟာသသရုပ်ဆောင်များစွာနဲ့ ဇန်နဝါရီ ၁ဝရက် မှ စတင်ကာ ရိုက်ကူးသွားမယ်လို့သိရပါတယ်။