images
UN
UN
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေပထမမူကြမ်း ယခုတစ်ပတ်အတွင်း MIC ဝက်ဘ်ဆိုက်တွင်တင်မည်
ဝေဝေဖြိုး Thursday, 12 January 2017
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေပထမမူကြမ်းကို မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ဝက်ဘ်ဆိုက်တွင် ယခုတစ်ပတ်အတွင်း တင်ပေးသွားမည်ဖြစ် ကြောင်း MIC မှသိရသည်။
အဆိုပါနည်းဥပဒေပထမမူကြမ်းရေးဆွဲခြင်းကို ယခုတစ်ပတ် အတွင်း အပြီးသတ်မည်ဖြစ်ပြီး ယင်းနည်းဥပဒေမူကြမ်းပေါ်တွင် စိတ်ဝင်စားသည့်မည်သူမဆို လိုအပ်သည့်အကြံပြုချက်များအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသို့ ပေးပို့ နိုင်ကြောင်း ယခုလ ၉ ရက်က ယင်းဌာန၌ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် MIC အတွင်းရေးမှူးဦးအောင်နိုင်ဦးက ပြောသည်။
''ဒီနည်းဥပဒေက အရင်ရေးဆွဲခဲ့တဲ့နည်းဥပဒေတွေနဲ့ ကွဲပြား ခြားနားမှုတွေရှိပါတယ်။ ဒီနည်းဥပဒေက တိုင်းပြည်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုနှစ်မျိုးလုံးကို ပိုပြီး လွယ်လွယ်ကူကူနဲ့ တိုင်းပြည်ထဲမှာ လုပ်ကိုင်လို့ရအောင်၊ လုပ်လာ တဲ့ရင်းနှီးမြှုပ်နှံမှုတွေဟာ နိုင်ငံတော်နဲ့နိုင်ငံသားတွေအတွက် အကျိုး ဖြစ်ထွန်းမယ့် ရင်းနှီးမြှုပ်နှံမှုတွေဖြစ်အောင် အဓိကစဉ်းစားပြီး ရေးဆွဲထားတာဖြစ်ပါတယ်''ဟု ၄င်းကပြောသည်။
အဆိုပါရင်းနှီးမြှုပ်နှံမှုနည်းဥပဒေပထမမူကြမ်းကို ယခုလ ၁၃ ရက် နောက်ဆုံးထားကာ ဘာသာနှစ်မျိုးဖြင့် ဝက်ဘ်ဆိုက်တင်သွား မည်ဖြစ်ပြီး ယခုလတတိယပတ်အတွင်း နည်းဥပဒေပထမမူကြမ်းနှင့် ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနှင့် ဆွေးနွေးညှိနှိုင်း သည့် အစည်းအဝေးများကိုလည်း ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းအစည်အဝေးတွင် အကြံပြုချက်၊ ပြင်ဆင်ဖြည့်စွက်လိုသည့် အချက်များကိုချပြပြီး အများပြည်သူ၏လိုလားချက်နှင့် နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒများအပေါ် ခြုံငုံစဉ်းစားပြီးမှသာ လိုအပ် သည့်ပြင်ဆင်ဖြည့်စွက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ် ပြီး ယင်းကိစ္စများပြီးပြတ်မှသာ ဒုတိယမူကြမ်းကို ဆက်လက်ရေးဆွဲ သွားမည်ဖြစ်ကြောင်း သိရသည်။