images
UN
UN
ကင်မ်ဂျုံအန်၏ညီမအပါအဝင် မြောက်ကိုရီးယားအရာရှိ ခုနစ်ဦးအား အမေရိကန်မှ နာမည်ပျက်စာရင်းသွင်း
ထူးပြည့် Thursday, 12 January 2017
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်၏ ညီမဖြစ်သူအပါ အဝင်အရာရှိကြီး ခုနစ်ဦးကို လူ့ အခွင့်အရေးများချိုးဖောက်မှုနှင့် ဆင်ဆာပိတ်ဆို့မှုများဖြင့် အမေ ရိကန်မှ နာမည်ပျက်စာရင်းသွင်း ကာ ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ် လိုက်ကြောင်း အမေရိကန်ဘဏ္ဍာ တိုက်များဆိုင်ရာဌာနမှ ထုတ်ပြန် ကြေညာခဲ့သည်ဟု သိရသည်။
ယမန်နေ့က ပြုလုပ်ခဲ့သည့် အဆိုပါ ထုတ်ပြန်ကြေညာချက် တွင် မြောက်ကိုရီးယားအစိုးရ အရာရှိများအားလုံးနှင့် မြောက်ကို ရီးယားအစိုးရဌာန နှစ်ခုဖြစ်သည့် အလုပ်သမားဝန်ကြီးဌာနနှင့် နိုင်ငံ တော်စီမံကိန်းရေးဆွဲရေးကော်မရှင် အပါအဝင် နောက်ထပ်အရာရှိ အမျိုးသားခြောက်ဦးနှင့် အမျိုး သမီး တစ်ဦးတို့၏ အမေရိကန် နိုင်ငံရှိ ပိုင်ဆိုင်မှုများနှင့် အကျိုး စီးပွားများကို ထိန်းချုပ်ဒဏ်ခတ် လိုက်ကြောင်း သိရသည်။ ယင်း ပိတ်ဆို့ဒဏ်ခတ်မှုအသစ်အရ အမေ ရိကန်နိုင်ငံသားများအနေဖြင့် ယခု ဒဏ်ခတ်ခံလိုက်ရသည့် မြောက် ကိုရီးယား အရာရှိခုနစ်ဦးအပြင် မြောက်ကိုရီးယားအစိုးရဌာနများ နှင့်လည်း စီးပွားရေးလုပ်ကိုင်ခွင့် ရှိတော့မည်မဟုတ်ကြောင်း သိရ သည်။
ယခုဒဏ်ခတ်အရေးယူခံရသူ များတွင် မြောက်ကိုရီးယားခေါင်း ဆောင်ကင်မ်ဂျုံအန်၏ညီမ ကင်မ် ရိုဂျုံ၊ သတင်းမီဒီယာ ဆင်ဆာ ဖြတ်တောက်မှုများကို အဓိကလုပ် ဆောင်ရသည့် မြောက်ကိုရီးယား၏ ဝါဒဖြန့်ချိရေးဌာန လက်ထောက် အကြီးအကဲနှင့် ညှဉ်းပန်းနှိပ်စက်မှု၊ ရိုက်နှက်မှု၊ ဆာလောင်ငတ်မွတ် အောင်ပြုလုပ်မှု၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုနှင့် အကျဉ်း စခန်းများတွင် ကလေးငယ်များ အား သတ်ဖြတ်မှုများပြုလုပ်ခဲ့သည် ဟုစွပ်စွဲခံထားရသည့် မြောက်ကို ရီးယားလုံခြုံရေးဝန်ကြီးဌာနဝန်ကြီး ကင်မ်ဝမ်ဟောင်တို့ ပါဝင်ကြောင်း သိရသည်။