images
UN
UN
စီးပွားရေးလုပ်ငန်းများကို သားဖြစ်သူအား လွှဲပြောင်းပေးမည့်ဒေါ်နယ်ထရန့်၏အစီအစဉ်ဝေဖန်ခံရ
Thursday, 12 January 2017
အမေရိကန်သမ္မတသစ်အဖြစ် ပြောင်းလဲတာဝန်ယူတော့မည့် ဒေါ်နယ်ထရန့်က ¤င်းပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများကို သား ဖြစ်သူအား လွှဲပြောင်းပေးမည့်အစီ အစဉ်များအပေါ် ဝေဖန်မှုများထွက် ပေါ်လျက်ရှိကြောင်း ဘီဘီစီ သတင်းဌာနက ဖော်ပြသည်။
ဒေါ်နယ်ထရန့်သည် ယခုလ ၂ဝရက်တွင် အမေရိကန်သမ္မတ ရာထူးကိုစတင်တာဝန်ယူမည်ဖြစ် သည်။ အမေရိကန်အစိုးရအဖွဲ့၏ ကျင့်ဝတ်ဌာနဒါရိုက်တာ ဝေါ်လ် တာရှပ်ဘ်က အမေရိကန်သမ္မတ အဖြစ် တာဝန်မထမ်းဆောင်မီ ¤င်း ပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်း များကို သားဖြစ်သူအားလွှဲပြောင်း ပေးမည့် ဒေါ်နယ်ထရန့်၏အစီ အစဉ်များသည် ပြီးခဲ့သည့်နှစ် ပေါင်း ၄ဝအတွင်း အမေရိကန် သမ္မတအဖြစ် တာဝန်ယူခဲ့သူများ ပြုလုပ်ခဲ့သည့် အပြုအမူများနှင့် နှိုင်းယှဉ်ပါက စံချိန်စံညွှန်းများပြည့် မီခြင်းမရှိဟု သတ်မှတ်ရဖွယ်ရှိ နေကြောင်း ဝေဖန်ခဲ့ခြင်းဖြစ်သည်။ ဒေါ်နယ်ထရန့်၏ ရှေ့နေအဖွဲ့က သတ်မှတ်ထားသည့်ပြဋ္ဌာန်းချက် များနှင့်အညီဆောင်ရွက်ခြင်းဖြစ် သော်လည်း သဘောတူညီမှုများ ရယူရာတွင် အကန့်အသတ်များ နှင့်ရင်ဆိုင်ရမည်ဟု မျှော်လင့်ထား ကြောင်း ပြောသည်။
ဝေါ်လ်တာရှပ်ဘ်က ''ခေတ် သစ်မှာတာဝန်ယူခဲ့တဲ့ အမေရိကန် သမ္မတတွေဟာ ပိုင်ဆိုင်မှုတွေလွှဲ ပြောင်းတဲ့နေရာမှာ အရှုပ်အထွေး မရှိအောင် ဆောင်ရွက်ကြပါတယ်။ ဒေါ်နယ်ထရန့်အနေနဲ့ သူ့ရဲ့ပိုင်ဆိုင် မှုတွေကို တရားဝင်လွှဲပြောင်း ရောင်းချတာမျိုး လုပ်ရမှာပါ။ ရရှိ လာတဲ့ဝင်ငွေတွေနဲ့ အကျိုးအမြတ် တွေကို လွတ်လပ်တဲ့ ထိန်းသိမ်း စောင့်ရှောက်သူတွေကိုစောင့်ကြည့် စေရမှာဖြစ်ပါတယ်''ဟု ပြော သည်။ ဒေါ်နယ်ထရန့်၏ရှေ့နေ အဖွဲ့သည် တည်ဆဲဥပဒေများ၊ အမေရိကန်သမ္မတများလိုက်နာရ မည့်အချက်များနှင့် ကိုက်ညီသော ပိုင်ဆိုင်မှုလွှဲပြောင်းခြင်းများ ပြု လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသော် လည်း ဘီလျံနာအဆင့်အထိ ချမ်း သြာ<ွကယ်ဝသည့် ဒေါ်နယ်ထရန့် ၏အခြေအနေကြောင့် ဥပဒေများ၊ တားမြစ်ချက်များနှင့်ကိုက်ညီသော အနေအထားမျိုး ရောက်ရှိစေရန် အတွက် ခက်ခဲသည့်ကြိုးပမ်းအား ထုတ်မှုများပြုလုပ်ရဖွယ်ရှိနေသည် ဟု သိရသည်။