images
UN
UN
ဒုံးကျည်ကာကွယ်ရေးစနစ် တပ်ဆင်မည့်အစီအစဉ်များအပေါ် တရုတ်၏တုံ့ပြန်မှုများအား တောင်ကိုရီးယားဖြေရှင်းချက်တောင်းမည်
Thursday, 12 January 2017
တောင်ကိုရီးယားအစိုးရသည် အမေရိကန်၏အကူ အညီဖြင့် နိုင်ငံအတွင်း၌ ဒုံးကျည်ကာကွယ်ရေးစနစ် တပ်ဆင်မည့်အစီအစဉ်များအပေါ် တရုတ်ဘက်မှပြု လုပ်ခဲ့သည့် တုံ့ပြန်မှုများနှင့်ပတ်သက်၍ ဖြေရှင်းချက် တောင်းမည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြသည်။
တောင်ကိုရီးယားအစိုးရသည် ယမန်နှစ်က မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများမြင့်တက်လာ ခဲ့သောကြောင့် နိုင်ငံအတွင်း၌ ဒုံးကျည်ကာကွယ်ရေး စနစ်တပ်ဆင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် တောင်ကိုရီးယားပြည်သူများက ဒုံးကျည်ကာကွယ်ရေး စနစ်တပ်ဆင်ခြင်းသည် မြောက်ကိုရီးယား၏ရန်လိုမှု များကို ပိုမိုမြင့်မားစေကာ အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုများပိုမိုမြင့်မားလာနိုင်သည်ဟု ယုံကြည် သောကြောင့် ဒုံးကျည်ကာကွယ်ရေးစနစ်တပ်ဆင်မည့် အစီအစဉ်များအပေါ် ဆန္ဒပြကန့်ကွက်မှုများပြုလုပ်ခဲ့ သည်။ တရုတ်အစိုးရသည် ဒုံးကျည်ကာကွယ်ရေး စနစ်တွင်ပါဝင်မည့် အဆင့်မြင့်ရေဒါများသည် ¤င်း ၏နယ်နိမိတ်အတွင်းသို့ ဖြန့်ကြက်နိုင်သောအားသာ ချက်များ ရှိမည်ဟုယူဆကာ တုံ့ပြန်မှုများပြုလုပ်ရန် စီစဉ်ခြင်းဖြစ်ဖွယ်ရှိသည်။ သို့သော် တောင်ကိုရီးယား အစိုးရအနေဖြင့် တရုတ်၏စိုးရိမ်ပူပန်မှုများကို လျှော့ ချနိုင်မည့်အစီအမံများအား အကောင်အထည်ဖော်သွား ရန် ကြိုးပမ်းလျက်ရှိသည်ဟု အတည်ပြုထားသည်။ မြောက်ကိုရီးယားသည် လာမည့်လပိုင်းများအတွင်း နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သော တာဝေးပစ်ဒုံး ကျည်များ စမ်းသပ်မည်ဟု အတည်ပြုထားသော ကြောင့် တောင်ကိုရီးယားအစိုးရသည် ဒုံးကျည်ကာ ကွယ်ရေးစနစ်ကို အမြန်ဆုံးတပ်ဆင်နိုင်ရန် ကြိုးပမ်း ဖွယ်ရှိနေသည်။